ယောသပ်သည် အစ်ကိုတို့ထံသို့ရောက်လာသောအခါ သူတို့သည် ယောသပ်ဝတ်ဆင်ထားသောရောင်စုံသင်တိုင်းကို ချွတ်ပြီးလျှင်
ကမ္ဘာဦး 37:31 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ယောသပ်၏သင်တိုင်းကိုယူ၍ ဆိတ်သငယ်အထီးတစ်ကောင်ကိုသတ်ပြီးလျှင် ဆိတ်သွေးထဲ၌ ထိုသင်တိုင်းကိုနှစ်လေ၏။ Common Language Bible သူတို့သည်ဆိတ်တစ်ကောင်ကိုသတ်၍ယောသပ် ၏ဝတ်ရုံကိုဆိတ်သွေးထဲ၌နှစ်လေ၏။- Garrad Bible သူ တို့ လည်း ယော သပ် အင်္ကျီ ကို ယူ ၍ ဆိတ် ထီး တစ် ကောင် သတ် ပြီး မှ အ သွေး နှင့် ဆွတ် ကြ ၏။ Judson Bible သူတို့သည်လည်း၊ ယောသပ်အင်္ကျီကိုယူ၍၊ ဆိတ်သငယ်ကိုသတ်ပြီးမှ၊ အင်္ကျီကိုအသွေး၌နှစ်လေ၏။ |
ယောသပ်သည် အစ်ကိုတို့ထံသို့ရောက်လာသောအခါ သူတို့သည် ယောသပ်ဝတ်ဆင်ထားသောရောင်စုံသင်တိုင်းကို ချွတ်ပြီးလျှင်
အစ္စရေးသည် ယောသပ်ကို အသက်ကြီးမှရသောကြောင့် သားအားလုံးထက် သူ့ကိုပို၍ချစ်သဖြင့် ရောင်စုံသင်တိုင်းကို သူ့အတွက်ချုပ်ပေး၏။
ထို့နောက် ထိုရောင်စုံသင်တိုင်းကို ယူ၍ ဖခင်ထံသို့ယူဆောင်လာကြကာ “အကျွန်ုပ်တို့သည် ဤသင်တိုင်းကိုတွေ့ရှိပါသည်။ အဖေ့သား၏သင်တိုင်းဟုတ်၊ မဟုတ်ကြည့်ပါ”ဟု ဆိုကြ၏။
တစ်ယောက်သည် ငါ့ထံမှ ထွက်သွားလေပြီ။ “သူသည် အမှန်ပင် အပိုင်းပိုင်းကိုက်ဖြတ်ခြင်းကိုခံရလေပြီ”ဟု ငါညည်းတွားပြောဆိုခဲ့ရ၏။ ထိုအချိန်မှစ၍ သူ့ကိုငါမတွေ့ရတော့ပေ။
သူတို့က ဖခင်အား “ယောသပ်သည် အသက်ရှင်လျက်ရှိသေး၏။ သူသည် အီဂျစ်ပြည်တစ်ပြည်လုံးကိုအုပ်စိုးသောသူဖြစ်နေ၏”ဟု ပြောပြကြ၏။ သို့သော် ယာကုပ်သည် အံ့ဩမှင်တက်လျက် သူတို့ကိုမယုံနိုင်ဘဲဖြစ်လေ၏။
မိမိကျူးလွန်သောအပြစ်များကို ဖုံးကွယ်ထားသောသူသည် ကြီးပွားမည်မဟုတ်။ ထိုအပြစ်များကိုဖော်ပြဝန်ခံ၍ စွန့်ပယ်သောသူမူကား ကရုဏာတော်ကိုခံစားရလိမ့်မည်။