အစ္စရေးသည် ထိုပြည်၌နေထိုင်စဉ် ရုဗင်သည်သွား၍ မိမိဖခင်၏မယားငယ်ဗိလဟာနှင့်အိပ်လေ၏။ အစ္စရေးသည် ထိုအကြောင်းကို ကြား၏။ ယာကုပ်၌ သားတစ်ဆယ့်နှစ်ယောက်ရှိ၏။
ကမ္ဘာဦး 37:21 - မြန်မာ့စံမီသမ္မာကျမ်း ရုဗင်သည်ကြားလျှင် “သူ့ကိုမသတ်ဘဲနေကြစို့”ဟု ဆိုလျက် ယောသပ်ကို သူတို့လက်ထဲမှကယ်နုတ်၏။ Common Language Bible ရုဗင်သည်သူတို့၏အကြံကိုကြားရလျှင် ယောသပ်ကိုကယ်ရန်ကြိုးစားလေ၏။ သူက``သူ့ ကိုမသတ်ပစ်ကြနှင့်။- Garrad Bible ထို စ ကား ကို ရု ဗင် ကြား လျှင်၊ သူ့ အ သက် ကို မ သတ် ကြ အံ့ ဟု ဆို လျက် သူ တို့ လက် မှ ယော သပ် ကို လွတ် မြောက် စေ ၏။ Judson Bible ထိုစကားကိုရုဗင်ကြားလျှင်၊ သူ့ကို မသတ်ဘဲနေကြစို့ဟုဆိုလျက်၊ သူတို့လက်မှ ယောသပ်ကိုနုတ်လေ၏။ |
အစ္စရေးသည် ထိုပြည်၌နေထိုင်စဉ် ရုဗင်သည်သွား၍ မိမိဖခင်၏မယားငယ်ဗိလဟာနှင့်အိပ်လေ၏။ အစ္စရေးသည် ထိုအကြောင်းကို ကြား၏။ ယာကုပ်၌ သားတစ်ဆယ့်နှစ်ယောက်ရှိ၏။
တစ်ဖန် ရုဗင်က “သွေးမသွန်းကြနှင့်။ တောကန္တာရရှိ ဤတွင်းထဲသို့ သူ့ကိုပစ်ချကြစို့။ သူ့ကို ကိုယ်ထိလက်ရောက်မပြုမိစေနှင့်”ဟု ဆို၏။ ဤသို့ဆိုခြင်းမှာ ယောသပ်ကို သူတို့လက်မှကယ်နုတ်၍ ဖခင်ထံသို့ပြန်ပို့ရန်အတွက်ဖြစ်၏။
ရုဗင်က သူတို့အား “ ‘သူငယ်ကို မပြစ်မှားပါနှင့်’ဟု သင်တို့ကိုငါပြောခဲ့သည်မဟုတ်လော။ သို့သော် သင်တို့နားမထောင်ကြ။ ငါတို့သည် ယခု သူ၏သွေးကြွေးအတောင်းခံရလေပြီ”ဟု ပြန်ပြော၏။
အကယ်စင်စစ် သင်တို့၏အသက်သွေးကြွေးကို ငါပြန်တောင်းမည်။ တောရိုင်းတိရစ္ဆာန်ဖြစ်လျှင်လည်း ၎င်းတို့၏အသက်ကိုငါပြန်တောင်းမည်။ လူအချင်းချင်းဖြစ်လျှင်လည်း ထိုလူ၏အသက်ကို ငါပြန်တောင်းမည်။
ကိုယ်ခန္ဓာကိုသတ်၍ အသက်ဝိညာဉ်ကိုမသတ်နိုင်သောသူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်အသက်ဝိညာဉ်နှစ်မျိုးစလုံးကို ငရဲ၌ဖျက်ဆီးနိုင်သောအရှင်ကိုသာ ကြောက်ကြလော့။
ထိုနေ့မှာပင် ယောရှုသည် မက္ကဒါမြို့ကို သိမ်းပိုက်ပြီး မြို့သူမြို့သားနှင့် ရှင်ဘုရင်ကို ဓားဖြင့်လုပ်ကြံ၏။ သူတို့ကို တစ်ယောက်မကျန်သတ်ဖြတ်လေ၏။ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မျှမရှိ။ ဂျေရိခေါဘုရင်ကို ပြုသကဲ့သို့ မက္ကဒါဘုရင်ကို ပြုလေ၏။