ကမ္ဘာဦး 36:34 - မြန်မာ့စံမီသမ္မာကျမ်း ယောဗပ်မင်းကြီးအနိစ္စရောက်သောအခါ တေမန်အမျိုးသားတို့၏ပြည်မှ ဟုရှံသည် သူ့နေရာ၌စိုးစံလေ၏။ Garrad Bible ယော ဗပ် မင်း ကွယ် လွန်၍ သူ့ အ ရိုက် အ ရာ၌ တေ မန် ပြည် သား ဟု ရှံ မင်း ပြု လေ၏။ Judson Bible ယောဗပ်မင်းသေ၍၊ သူ၏အရာ၌ တေမနိအရပ်သားဟုရှံသည် မင်းပြုလေ၏။ |
ဧသော၏သားမြေးတို့တွင် အမျိုးအနွယ်သူကြီးများမှာ ဧသော၏သားဦး ဧလိဖတ်၏သား သူကြီးတေမန်၊ သူကြီးဩမရ၊ သူကြီးဇေဖော၊ သူကြီးကေနတ်၊
ဗေလမင်းကြီးအနိစ္စရောက်သောအခါ ဗောဇရမြို့မှ ဇေရ၏သား ယောဗပ်သည် သူ့နေရာ၌စိုးစံလေ၏။
ဟုရှံမင်းကြီးအနိစ္စရောက်သောအခါ မောဘလွင်ပြင်၌ မိဒျန်လူမျိုးတို့ကိုနှိမ်နင်းနိုင်ခဲ့သော ဗေဒဒ်၏သားဟာဒဒ်သည် သူ့နေရာ၌စိုးစံ၍ မြို့တော်မှာ အာဝိတ် ဖြစ်၏။
ယောဗပ်မင်းကြီး အနိစ္စရောက်သောအခါ တေမန်အမျိုးသားဟုရှံသည် သူ့အရိုက်အရာကို ဆက်ခံ၏။
ယောဘသည် ထိုအဖြစ်ဆိုးအလုံးစုံတို့ကို ကြုံတွေ့နေရကြောင်း ကြားသိကြလျှင် တေမန်အမျိုးသား ဧလိဖတ်၊ ရှုအာအမျိုးသား ဗိလဒဒ်၊ နေမတ်အမျိုးသား ဇောဖာ စသောသူ၏သူငယ်ချင်းသုံးဦးတို့သည် ယောဘကိုစာနာသဖြင့် နှစ်သိမ့်ပေးရန် မိမိတို့နေရပ်မှထွက်လာ၍ အတူတကွတွေ့ဆုံကာ ယောဘထံသို့ အတူသွားကြ၏။
ဧဒုံပြည်နှင့်ပတ်သက်၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “တေမန်မြို့၌ ပညာရှိ မရှိတော့သလော။ အသိဉာဏ်ရှိသောသူတို့သည် အကြံမပေးနိုင်တော့သလော။ သူတို့ ဉာဏ်ပညာမဲ့ကြပြီလော။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ငါသည် လက်တော်ကိုဆန့်၍ ဧဒုံပြည်ရှိ လူနှင့်တိရစ္ဆာန်တို့ကို သုတ်သင်ပစ်မည်။ ဆိတ်ညံရာဖြစ်စေမည်။ တေမန်မြို့မှစ၍ ဒေဒန်မြို့တိုင်အောင် ဓားဘေးကျရောက်စေမည်’ဟု မိန့်တော်မူ၏။