ယောသပ်၏ညီဗင်္ယာမိန်ကိုကား “ဗင်္ယာမိန်အပေါ် အန္တရာယ်ကျရောက်ကောင်းကျရောက်လိမ့်မည်”ဟု စိုးရိမ်သဖြင့် ယာကုပ်သည် သူ့ကို အစ်ကိုတို့နှင့်အတူမလွှတ်ပေ။
ကမ္ဘာဦး 35:24 - မြန်မာ့စံမီသမ္မာကျမ်း ရာခေလ၏သားများမှာ ယောသပ်၊ ဗင်္ယာမိန် တို့ဖြစ်ကြ၏။ Common Language Bible ရာခေလ၏သားများမှာယောသပ်နှင့် ဗင်္ယာမိန်တို့ဖြစ်သည်။- Garrad Bible ရာ ခေ လ တွင် မြင် သော သား၊ Judson Bible ရာခေလသားကား၊ ယောသပ်နှင့် ဗင်္ယာမိန်တည်း။ |
ယောသပ်၏ညီဗင်္ယာမိန်ကိုကား “ဗင်္ယာမိန်အပေါ် အန္တရာယ်ကျရောက်ကောင်းကျရောက်လိမ့်မည်”ဟု စိုးရိမ်သဖြင့် ယာကုပ်သည် သူ့ကို အစ်ကိုတို့နှင့်အတူမလွှတ်ပေ။
ယောသပ်သည် လှမ်းကြည့်၍ မိမိမိခင်၏သား၊ မိမိ၏ညီ ဗင်္ယာမိန်ကိုမြင်သောအခါ “ဤသူသည် သင်တို့ပြောသည့် သင်တို့၏ညီအငယ်ဆုံးလော”ဟု ဆိုပြီး “ငါ့သား၊ ဘုရားသခင် သင့်ကိုသနားတော်မူပါစေသော”ဟု ဆိုလေ၏။
ယောသပ်သည် မိမိစားပွဲမှအစားအစာများကို ညီအစ်ကိုတို့ထံသို့ပေးလိုက်၏။ ဗင်္ယာမိန်ရသောအစားအစာသည် အစ်ကိုအသီးသီးတို့ထက် ငါးဆများ၏။ သူတို့သည် ယောသပ်နှင့်အတူ စားသောက်ပျော်ပါးကြ၏။
ယောသပ်အမျိုးသားတို့ မဲချ၍ရရှိသောအမွေမြေမှာ ဂျေရိခေါစမ်းရေတွင်းအရှေ့ဘက် ဂျေရိခေါမြို့အနီးရှိ ဂျော်ဒန်မြစ်မှ ကန္တာရတစ်လျှောက်ကိုဖြတ်၍ ဂျေရိခေါမြို့မှ ဗေသလတောင်ပေါ်ဒေသသို့တက်သွား၏။
ပထမအကြိမ်မဲချရာတွင် ဗင်္ယာမိန်အမျိုးအနွယ်သည် မျိုးနွယ်စုအလိုက် မဲကျလေ၏။ သူတို့မဲကျသောနယ်မြေမှာ ယုဒအမျိုးသားနှင့် ယောသပ်အမျိုးသား ကြား၌နေရာကျ၏။
အို ဗင်္ယာမိန်၊ အာမလက်ပြည်၌ အခြေချနေထိုင်သော ဧဖရိမ်အမျိုးတို့သည် သင်၏လူတို့နှင့်အတူ သင့်နောက်သို့လိုက်ကြပြီ။ မာခိရအမျိုးထဲမှ ခေါင်းဆောင်များဆင်းလာကြပြီ။ ဇာဗုလုန်အမျိုးထဲမှ စစ်သူကြီးများ ဆင်းလာကြပြီ။
မြို့တံခါးဝရှိလူအပေါင်းတို့နှင့် သက်ကြီးဝါကြီးတို့က “ငါတို့သည် သက်သေများဖြစ်ကြသည် မှန်ပါ၏။ အစ္စရေးမျိုးနွယ်ကိုဖြစ်တည်လာစေသူနှစ်ဦးဖြစ်သည့် ရာခေလနှင့်လေအာကို ထာဝရဘုရား ကောင်းချီးပေးတော်မူသကဲ့သို့ သင့်အိမ်သူဖြစ်လာမည့်အမျိုးသမီးကိုလည်း ကောင်းချီးပေးပါစေသော။ သင်သည် ဧဖရတ်မြို့၌ ဥစ္စာပစ္စည်းတိုးပွား၍ ဗက်လင်မြို့မှာ ကျော်ကြားပါစေသော။