ကမ္ဘာဦး 35:14 - မြန်မာ့စံမီသမ္မာကျမ်း ယာကုပ်သည် မိမိအားဘုရားသခင်မိန့်မြွက်တော်မူသောအရပ်၌ ကျောက်တိုင်တစ်တိုင်ကို စိုက်ထူလေ၏။ သူသည် ၎င်းအပေါ်၌ သွန်းလောင်းရာပူဇော်သက္ကာကိုသွန်းလောင်း၍ ဆီကိုလည်းလောင်း၏။ Common Language Bible ယာကုပ်သည်ဘုရားသခင်ကသူ့အားမိန့်ကြား တော်မူသောအရပ်တွင်မှတ်တိုင်ကိုစိုက်ထူ၍ ၎င်းအပေါ်တွင်စပျစ်ရည်နှင့်ဆီလောင်းလျက် ဆက်ကပ်လေ၏။- Garrad Bible မိန့် မြွက် တော် မူ ရာ အ ရပ် တွင် ယာ ကုပ် သည် မှတ် တိုင် အ ဖြစ် ကျောက် ကို စိုက် ထူ ၍ ၎င်း အ ပေါ် တွင် သွန်း လောင်း ရာ သ က္ကာ အ ရည် ကို သွန်း ၍ ဆီ လောင်း လေ ၏။ Judson Bible ဘုရားသခင်နှုတ်ဆက်၍ မိန့်မြွက်တော်မူရာအရပ်၌၊ ယာကုပ်သည် ကျောက်တိုင်ကိုစိုက်၍၊ ကျောက်ဖျာပေါ်၌သွန်းလောင်းရာ ပူဇော်သကာကိုလည်းကောင်း၊ ဆီကိုလည်းကောင်းလောင်းလေ၏။ |
ယာကုပ်သည် ရာခေလ၏သင်္ချိုင်း၌ မှတ်တိုင်ကိုစိုက်ထူလေ၏။ ၎င်းသည် ယနေ့တိုင်အောင် ရာခေလ၏သင်္ချိုင်းမှတ်တိုင်ဖြစ်၏။
ထိုသူရဲကောင်းသုံးဦးသည် ဖိလိတ္တိတပ်စခန်းကို ထိုးဖောက်ပြီး ဗက်လင်မြို့တံခါးအနီးရှိရေတွင်းမှ ရေကိုခပ်ယူကာ ဒါဝိဒ်မင်းကြီးထံ ယူဆောင်လာပေး၏။ သို့သော် ဒါဝိဒ်မင်းကြီးသည် ထိုရေကိုမသောက်ဘဲ ထာဝရဘုရားရှေ့တော်တွင် သွန်းလျက်
မောရှေသည်လည်း ယဇ်ပလ္လင်ကိုတည်၍ ၎င်း၏အမည်ကို “ထာဝရဘုရားသည် ငါ၏အောင်လံဖြစ်တော်မူ၏”ဟု ခေါ်၏။
ထို့နောက် ရှမွေလသည် ကျောက်တုံးတစ်တုံးကိုယူ၍ မိဇပါမြို့နှင့် ရှင်မြို့ကြားတွင် ထားပြီး “ထာဝရဘုရားသည် ယခုတိုင်အောင် ငါတို့ကိုကူညီမစတော်မူ၏”ဟု ဆိုလျက် ထိုကျောက်တုံး၏အမည်ကို ဧဗနေဇာဟုခေါ်လေ၏။