ယာကုပ်၏သားတို့သည် မိမိတို့နှမကို မြို့သားတို့ညစ်ညူးစေသောကြောင့် အသတ်ခံရသောသူတို့ထံသို့လာ၍ သူတို့၏မြို့ကို သိမ်းယူကြ၏။
ကမ္ဘာဦး 34:28 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် မြို့သားတို့၏သိုးဆိတ်၊ နွား၊ မြည်းများမှစ၍ မြို့တွင်း၊ မြို့ပြင်ရှိပစ္စည်းတို့ကို ယူကြ၏။ Common Language Bible သူတို့သည် သိုးအုပ်၊ ဆိတ်အုပ်၊ နွားအုပ်၊ မြည်း အုပ်နှင့်မြို့တွင်းမြို့ပြင်၌ရှိသမျှသော ပစ္စည်းများကိုလုယူခဲ့ကြသည်။- Garrad Bible သိုး၊ ဆိတ်၊ နွား၊ မြည်း မှ စ သော မြို့ တွင်း မြို့ ပြင် ရှိ ဥ စ္စာ များ ကို လက် ရ သိမ်း ယူ ၍၊ Judson Bible သူတို့ သိုး၊ ဆိတ်၊ နွား၊ မြည်းမှစ၍၊ မြို့၌ရှိသမျှ၊ လယ်၌ရှိသမျှသော ဥစ္စာကိုလည်းကောင်း၊ |
ယာကုပ်၏သားတို့သည် မိမိတို့နှမကို မြို့သားတို့ညစ်ညူးစေသောကြောင့် အသတ်ခံရသောသူတို့ထံသို့လာ၍ သူတို့၏မြို့ကို သိမ်းယူကြ၏။
အိမ်ထဲ၌ရှိသောဥစ္စာပစ္စည်းအားလုံးကို သိမ်းယူသွား၏။ ကလေးနှင့်မိန်းမတို့ကိုလည်း တစ်ယောက်မကျန် ဖမ်းဆီးခေါ်ဆောင်သွားကြ၏။
ဆိုးယုတ်သောသူတို့ရွှင်လန်းရသောအချိန်မှာ ခဏသာဖြစ်၏။ ဘုရားတရားမဲ့သောသူတို့ဝမ်းမြောက်ရသောအချိန်သည်လည်း တဒင်္ဂသာ ဖြစ်သည်ကို သင်သိသည်မဟုတ်လော။
ထို့ကြောင့် ယခု ယောက်ျားသူငယ်အားလုံး၊ ယောက်ျားနှင့်ဆက်ဆံဖူးသောမိန်းမအားလုံးကို သတ်ပစ်လော့။