ဟာမော်နှင့်သူ၏သားရှေခင်ကိုလည်း သူတို့၏ဓားဖြင့်သတ်ပြီးလျှင် ဒိနကို ရှေခင်၏အိမ်မှခေါ်လျက် ထွက်သွားကြ၏။
ကမ္ဘာဦး 34:25 - မြန်မာ့စံမီသမ္မာကျမ်း သုံးရက်မြောက်သောနေ့၌ သူတို့နာကျင်လျက်နေကြသောအခါ ယာကုပ်၏သားနှစ်ယောက်ဖြစ်သော ဒိန၏အစ်ကိုရှိမောင်နှင့်လေဝိတို့သည် ဓားကိုယ်စီကိုင်ဆောင်လျက် ထိုမြို့ထဲသို့ ရဲရင့်စွာဝင်ရောက်၍ ယောက်ျားအပေါင်းတို့ကိုသတ်လေ၏။ Common Language Bible ထိုနောက်သုံးရက်မြောက်သောနေ့၌မြို့သား တို့သည် အရေဖျားလှီးခြင်းကြောင့်ဝေဒနာ ခံနေရစဉ် ယာကုပ်၏သားများဖြစ်ကြသော ဒိန၏အစ်ကိုရှိမောင်နှင့်လေဝိတို့သည်ဋ္ဌား ကိုစွဲကိုင်လျက် မြို့တွင်းသို့အမှတ်မထင်ဝင် ရောက်ပြီးလျှင်ယောကျာ်းရှိသမျှတို့ကိုသတ် လေ၏။- Garrad Bible သုံး ရက် မြောက် သော နေ့ တွင် နာ ကျင် လျက် ရှိ ကြ ဆဲ အ ခါ ယာ ကုပ် သား၊ ဒိ န မောင်၊ ရှိ မောင် နှင့် လေ ဝိ နှစ် ယောက် တို့ သည် ဓား လက် နက် စွဲ ကိုင် လျက် ဘေး မ မျှော် မြင် သော ထို မြို့ ကို တိုက် ခိုက်၍ ယောက်ျား အ ပေါင်း တို့ ကို သတ် ကြ ၏။ Judson Bible ထိုသို့ခံ၍ သုံးရက်မြောက်သောနေ့၌၊ အလွန်နာကြသောအခါ၊ ယာကုပ်သား၊ ဒိန၏မောင်ရှိမောင်နှင့် လေဝိညီနောင်နှစ်ယောက်တို့သည်၊ ဓားလက်နက် တစ်ယောက်တစ်စင်းစီစွဲကိုင်လျက်၊ သတိမရှိသောထိုမြို့ကိုတိုက်၍၊ ယောက်ျားအပေါင်းတို့ကိုသတ်လေ၏။ |
ဟာမော်နှင့်သူ၏သားရှေခင်ကိုလည်း သူတို့၏ဓားဖြင့်သတ်ပြီးလျှင် ဒိနကို ရှေခင်၏အိမ်မှခေါ်လျက် ထွက်သွားကြ၏။
သို့သော် ဟေဇကိမင်းကြီးသည် ခံစားရသောကျေးဇူးတော်အတိုင်း မတုံ့ပြန်ဘဲ ဘဝင်မြင့်လာ၏။ ထို့ကြောင့် အမျက်တော်သည် သူ့အပေါ်သာမက ယုဒပြည်သူဂျေရုဆလင်မြို့သားတို့အပေါ်သို့ ကျရောက်လေ၏။
အကြောင်းမူကား သူတို့သည် ဆိုးညစ်သောအမှုကိုမပြုရလျှင် အိပ်မပျော်နိုင်ကြ။ တစ်စုံတစ်ဦးကိုခလုတ်တိုက်အောင်မပြုရလျှင် မအိပ်စက်နိုင်ကြ။
ထို့ကြောင့် ယခု ယောက်ျားသူငယ်အားလုံး၊ ယောက်ျားနှင့်ဆက်ဆံဖူးသောမိန်းမအားလုံးကို သတ်ပစ်လော့။
သူတို့သည် မောရှေအား ထာဝရဘုရားမိန့်မှာထားသည့်အတိုင်း မိဒျန်လူမျိုးတို့ကို တိုက်ခိုက်၍ ယောက်ျားရှိသမျှတို့ကိုသတ်လေ၏။
အီဂျစ်ပြည်မှထွက်လာသော အစ္စရေးလူမျိုးစစ်သူရဲအပေါင်းတို့သည် ထာဝရဘုရား၏စကားတော်ကို မနာခံသောကြောင့် ထိုပြည်ကို ငါတို့အား ပေးမည်ဟု ဘိုးဘေးတို့အားထာဝရဘုရားကျိန်ဆိုတော်မူခဲ့သော်လည်း နို့နှင့်ပျားရည်စီးသောပြည်ကို သူတို့မြင်ရတော့မည်မဟုတ်ဟု ထာဝရဘုရားကျိန်ဆိုတော်မူ၏။ ထို့ကြောင့် အစ္စရေးအမျိုးသားတို့သည် တောကန္တာရ၌ အနှစ်လေးဆယ်ပတ်လုံးလှည့်လည်၍ သေကြကုန်၏။
တစ်မျိုးသားလုံး အရေဖျားလှီးခြင်းကို ခံပြီးသောအခါ အနာပျောက်သည်အထိ တပ်စခန်း၌သာ နားနေကြ၏။