သို့ပြုလျှင် သင်တို့သည် ငါတို့နှင့်အတူနေထိုင်နိုင်ပါသည်။ ဤပြည်သည်လည်း သင်တို့အတွက်ဖြစ်မည်။ ဤပြည်၌ နေထိုင်လျက် ရောင်းဝယ်ဖောက်ကားပြီး ဥစ္စာဆည်းပူးကြပါ”ဟု ပြောဆိုလေ၏။
ကမ္ဘာဦး 34:21 - မြန်မာ့စံမီသမ္မာကျမ်း “ဤသူတို့သည် ငါတို့နှင့်ခင်မင်ရင်းနှီးသောသူများဖြစ်ကြ၏။ သူတို့သည် ဤပြည်၌နေထိုင်၍ ရောင်းဝယ်ဖောက်ကားကြပါစေ။ ဤပြည်သည် သူတို့နေသာအောင် ကျယ်ဝန်း၏။ သူတို့၏သမီးတို့ကို ငါတို့၏မယားအဖြစ်ယူ၍ ငါတို့၏သမီးတို့ကိုလည်း သူတို့အား ပေးစားကြစို့။ Common Language Bible ``ဤသူတို့သည်ငါတို့ကိုဖော်ရွေကြပါ၏။ သူတို့အားငါတို့ပြည်၌နေ၍လွတ်လပ်စွာ သွားလာခွင့်ရှိကြပါစေ။ ငါတို့ပြည်သည် သူတို့နေသာအောင်ကျယ်ဝန်းပါသည်။ ငါ တို့သည်သူတို့၏သမီးများကိုထိမ်းမြား ၍သူတို့ကလည်းငါတို့၏သမီးများကို ထိမ်းမြားပါစေ။- Garrad Bible အ ချင်း တို့၊ ဤ သူ တို့ သည် ငါ တို့ နှင့် သင့် တင့် ပြီး ဖြစ်၍ ငါ တို့ ပြည် တွင် နေ လျက် ကူး သန်း ရောင်း ဝယ် ခွင့် ရှိ ကြ ပါ စေ။ ငါ တို့ ပြည် သည် သူ တို့ နေ သာ အောင် ကျယ် ဝန်း ပါ၏။ သူ တို့ သ မီး များ ကို သိမ်း ပိုက်၍ ငါ တို့ သ မီး များ ကို လည်း သူ တို့ နှင့် ထိမ်း မြား ကြ ကုန် အံ့။ Judson Bible အချင်းတို့၊ ဤသူတို့သည် ငါတို့နှင့် သင့်တင့်ကြပြီ။ ငါတို့ပြည်၌နေ၍ ဖောက်ကားရောင်းဝယ်မှုကို ပြုကြပါစေ။ ငါတို့ပြည်သည် သူတို့နေသာအောင် ကျယ်ပေ၏။ သူတို့သမီးများနှင့် အိမ်ထောင်ဖက်ပြုကြစို့။ ငါတို့သမီးများကိုလည်း သူတို့အားထိမ်းမြားပေးစားကြစို့။ |
သို့ပြုလျှင် သင်တို့သည် ငါတို့နှင့်အတူနေထိုင်နိုင်ပါသည်။ ဤပြည်သည်လည်း သင်တို့အတွက်ဖြစ်မည်။ ဤပြည်၌ နေထိုင်လျက် ရောင်းဝယ်ဖောက်ကားပြီး ဥစ္စာဆည်းပူးကြပါ”ဟု ပြောဆိုလေ၏။
သူတို့အရေဖျားလှီးခြင်းကိုခံသကဲ့သို့ ငါတို့ထဲ၌ရှိသောယောက်ျားတိုင်းသည် အရေဖျားလှီးခြင်းကိုခံရမည်ဟူသောအချက်ဖြင့်သာ သူတို့သည် ငါတို့နှင့်လိုက်လျောသဘောတူ၍ ငါတို့နှင့်အတူနေထိုင်ပြီး လူမျိုးတစ်မျိုးတည်းဖြစ်ကြမည်။
သို့သော် သင်တို့၏အငယ်ဆုံးညီကို ငါ့ထံသို့ခေါ်ဆောင်ခဲ့ကြလော့။ ဤသို့ဖြင့် သင်တို့သည် သူလျှိုများမဟုတ်ဘဲ ရိုးသားသောသူများဖြစ်ကြောင်း ငါသိရလိမ့်မည်။ ထိုအခါ သင်တို့၏ညီအစ်ကိုကို သင်တို့ထံ ငါပြန်အပ်၍ သင်တို့သည် ဤပြည်၌ ရောင်းဝယ်ဖောက်ကားခွင့်ရလိမ့်မည်’ဟူ၍ မိန့်ဆိုပါသည်”ဟု ဆိုကြ၏။