သို့သော် သင်တို့သည် အရေဖျားလှီးခြင်းကိုခံရန် သဘောမတူလျှင် ငါတို့သည် ငါတို့သမီးကိုခေါ်၍ ထွက်သွားမည်”ဟု ဆိုကြ၏။
ကမ္ဘာဦး 34:18 - မြန်မာ့စံမီသမ္မာကျမ်း သူတို့၏စကားကို ဟာမော်နှင့်သူ၏သားရှေခင်သည် နှစ်သက်သဘောကျကြ၏။ Common Language Bible ဟာမော်နှင့်သူ၏သားရှေခင်တို့အတွက်ထို တောင်းဆိုချက်ကိုလက်ခံနိုင်ဖွယ်ရှိ၏။ ရှေခင် သည်ယာကုပ်၏သမီးကိုအလွန်စွဲမက်နေ သဖြင့်၊- Garrad Bible ထို စ ကား ကို ဟာ မော် နှင့် သား ရှေ ခင် တို့ နှစ် သက် ကြ၍၊ Judson Bible ထိုစကားကို ဟာမော်မင်းနှင့် သားတော်ရှေခင်သည်နှစ်သက်၍၊ |
သို့သော် သင်တို့သည် အရေဖျားလှီးခြင်းကိုခံရန် သဘောမတူလျှင် ငါတို့သည် ငါတို့သမီးကိုခေါ်၍ ထွက်သွားမည်”ဟု ဆိုကြ၏။
ထိုလူငယ်သည် ယာကုပ်၏သမီးကိုနှစ်သက်သဖြင့် နှောင့်နှေးခြင်းမရှိဘဲ ထိုအမှုကိုပြု၏။ သူသည် မိမိဖခင်၏အိမ်သူအိမ်သားအပေါင်းတို့တွင် ဂုဏ်သရေအရှိဆုံးသူဖြစ်၏။
“ယောသပ်၏ညီအစ်ကိုတို့ရောက်နေကြ၏”ဟု ပြောဆိုသောသတင်းကို နန်းတော်မှဖာရောမင်းကြီး ကြားသောအခါ ဖာရောမင်းကြီးနှင့်သူ၏အမှုထမ်းတို့သည် နှစ်သက်သဘောကျကြ၏။