ငါနှင့်သင်တို့ကြား၌လည်းကောင်း၊ နောင်လာမည့်သင်၏သားစဉ်မြေးဆက်ကြား၌လည်းကောင်း သင်တို့စောင့်ထိန်းရမည့် ငါ၏ပဋိညာဉ်ကား ဤသို့တည်း။ သင်တို့တွင်ရှိသောယောက်ျားတိုင်း အရေဖျားလှီးခြင်းကိုခံရမည်။
ကမ္ဘာဦး 34:15 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့၌ရှိသောယောက်ျားတိုင်းသည် ငါတို့ကဲ့သို့အရေဖျားလှီးခြင်းကိုခံသောသူ ဖြစ်မှသာလျှင် ငါတို့သည် သင်တို့နှင့်လိုက်လျောသဘောတူနိုင်မည်။ Common Language Bible ကျွန်ုပ်တို့သဘောတူလက်ခံနိုင်မည့်အချက် တစ်ချက်တည်းသာရှိပါသည်။ ထိုအချက်မှာ သင်တို့တွင်ရှိသောယောကျာ်းအားလုံးကျွန်ုပ် တို့ကဲ့သို့အရေဖျားလှီးခြင်းမင်္ဂလာကို ခံရမည်ဖြစ်သည်။- Garrad Bible သင် တို့ သည် အ ကျွန်ုပ် တို့ ကဲ့ သို့ ယောက်ျား တိုင်း လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ လျှင် အ ကျွန်ုပ် တို့ သ ဘော တူ ကြ ပါ မည်။ Judson Bible သင်တို့သည် ကျွန်ုပ်တို့ဘာသာအတိုင်းပြု၍၊ ယောက်ျားတိုင်း အရေဖျားလှီးမင်္ဂလာကိုခံလျှင်၊ ကျွန်ုပ်တို့သည်ဝန်ခံကြပါမည်။ |
ငါနှင့်သင်တို့ကြား၌လည်းကောင်း၊ နောင်လာမည့်သင်၏သားစဉ်မြေးဆက်ကြား၌လည်းကောင်း သင်တို့စောင့်ထိန်းရမည့် ငါ၏ပဋိညာဉ်ကား ဤသို့တည်း။ သင်တို့တွင်ရှိသောယောက်ျားတိုင်း အရေဖျားလှီးခြင်းကိုခံရမည်။
သူတို့က “ငါတို့၏နှမကို အရေဖျားမလှီးသောသူနှင့်ပေးစားခြင်းအမှုကို ငါတို့မပြုနိုင်ပါ။ အကြောင်းမူကား ထိုသို့ပြုလျှင် ငါတို့သည် ကဲ့ရဲ့ပြစ်တင်ခြင်းခံရလိမ့်မည်။
ထိုအခါ ငါတို့သည် ငါတို့သမီးတို့ကို သင်တို့အားပေးစား၍ သင်တို့၏သမီးတို့ကိုလည်း ငါတို့ယူမည်။ ငါတို့သည် သင်တို့နှင့်အတူနေထိုင်၍ လူမျိုးတစ်မျိုးတည်းဖြစ်လာမည်။
ညီအစ်ကိုတို့၊ ငါကဲ့သို့ဖြစ်ကြပါဟု သင်တို့အား ငါတောင်းပန်၏။ အဘယ်ကြောင့်ဆိုသော် ငါသည်လည်း သင်တို့ကဲ့သို့ဖြစ်ခဲ့၏။ သင်တို့သည် ငါ့အပေါ် မည်သည့်မတရားမှုကိုမျှ မပြုခဲ့ကြပေ။