သင်တို့သည် သင်တို့၏ထိပ်ဖုံးအရေပြားအသား၌ အရေဖျားလှီးခြင်းကိုခံရမည်။ ၎င်းသည် ငါနှင့်သင်တို့ကြား၌ပြုသော ပဋိညာဉ်၏အမှတ်လက္ခဏာဖြစ်ရမည်။
ကမ္ဘာဦး 34:14 - မြန်မာ့စံမီသမ္မာကျမ်း သူတို့က “ငါတို့၏နှမကို အရေဖျားမလှီးသောသူနှင့်ပေးစားခြင်းအမှုကို ငါတို့မပြုနိုင်ပါ။ အကြောင်းမူကား ထိုသို့ပြုလျှင် ငါတို့သည် ကဲ့ရဲ့ပြစ်တင်ခြင်းခံရလိမ့်မည်။ Common Language Bible သူတို့က``ကျွန်ုပ်တို့၏နှမကိုအရေဖျားလှီး ခြင်းမင်္ဂလာမခံရသူနှင့်ထိမ်းမြားပေးခွင့် မရှိပါ။ ထိုသို့ပြုလျှင်ကျွန်ုပ်တို့အတွက် ရှက်ဖွယ်ဖြစ်ပါသည်။- Garrad Bible အ ကျွန်ုပ် တို့ နှ မ ကို လှီး ဖြတ် ခြင်း မင်္ဂ လာ မ ခံ သော သူ နှင့် မ ထိမ်း မြား နိုင် ပါ။ ထိမ်း မြား လျှင် ကဲ့ ရဲ့ ဖွယ် အ ကြောင်း ဖြစ် ပါ ၏။ Judson Bible ကျွန်ုပ်တို့နှမကို အရေဖျားလှီးမင်္ဂလာကိုမခံသောသူအား မပေးစားနိုင်ပါ။ ပေးစားလျှင်၊ ကဲ့ရဲ့ဖွယ်သောအကြောင်းဖြစ်ပါ၏။ |
သင်တို့သည် သင်တို့၏ထိပ်ဖုံးအရေပြားအသား၌ အရေဖျားလှီးခြင်းကိုခံရမည်။ ၎င်းသည် ငါနှင့်သင်တို့ကြား၌ပြုသော ပဋိညာဉ်၏အမှတ်လက္ခဏာဖြစ်ရမည်။
အရေဖျားမလှီးထားသောယောက်ျားတည်းဟူသော မိမိ၏ထိပ်ဖုံးအရေပြားအသား၌ အရေဖျားလှီးခြင်းကိုမခံထားသောသူသည် မိမိ၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။ ထိုသူသည် ငါ၏ပဋိညာဉ်ကို ချိုးဖောက်လေပြီ”ဟု မိန့်တော်မူ၏။
သို့သော် ယာကုပ်၏သားတို့သည် သူတို့၏နှမဒိနကို ညစ်ညူးအောင် ရှေခင်ပြုခဲ့သောကြောင့် ရှေခင်နှင့်သူ၏ဖခင်ဟာမော်အား တစ်ဖက်လှည့်ဖြင့် ပြန်ပြောကြ၏။
သင်တို့၌ရှိသောယောက်ျားတိုင်းသည် ငါတို့ကဲ့သို့အရေဖျားလှီးခြင်းကိုခံသောသူ ဖြစ်မှသာလျှင် ငါတို့သည် သင်တို့နှင့်လိုက်လျောသဘောတူနိုင်မည်။
ဖိလိတ္တိသမီးပျိုများ ဝမ်းမြောက်မည်ကို စိုး၍၊ အရေဖျားမလှီးသူတို့၏သမီးပျိုများ ရွှင်မြူးမည်ကိုစိုး၍ ဤအကြောင်းကို ဂါသမြို့တွင် မပြောကြပါနှင့်။ အာရှကေလုန်မြို့လမ်းများပေါ်တွင် မကြေညာကြပါနှင့်။
လေးနှစ်မျှကြာလာသောအခါ အဗရှလုံက ရှင်ဘုရင်အား “အကျွန်ုပ်သည် ထာဝရဘုရားထံ ကတိသစ္စာပြုခဲ့သည့်အတိုင်း ကတိသစ္စာဝတ်ကိုဖြေရန် ဟေဗြုန်မြို့သို့ သွားပါရစေ။
ထိုစာထဲတွင် “အစာရှောင်ရာနေ့ကို ကြေညာ၍ ထိုနေ့တွင် နာဗုတ်ကို လူတို့ရှေ့တွင် ထိုင်စေလော့။
ထိုသူတို့ထွက်သွားကြပြီးနောက် ထာဝရဘုရား၏ကောင်းကင်တမန်သည် ယောသပ်အား အိပ်မက်ထဲတွင်ထင်ရှား၍ “ထလော့။ သူငယ်တော်နှင့်မယ်တော်တို့ကိုခေါ်လျက် အီဂျစ်ပြည်သို့ထွက်ပြေး၍ နောက်တစ်ဖန် သင့်အားငါပြောသည့်တိုင်အောင် ထိုပြည်၌နေလော့။ အကြောင်းမူကား ဟေရုဒ်မင်းကြီးသည် သူငယ်တော်ကို ရှာ၍သတ်ရန် ကြံရွယ်နေ၏”ဟု မြွက်ဆိုလေ၏။
“သွား၍ သူငယ်တော်ကို သေချာစွာရှာဖွေစုံစမ်းကြလော့။ သင်တို့တွေ့သောအခါ ငါသည်လည်းသွား၍ သူ့ကိုရှိခိုးနိုင်ရန် ငါ့ကိုအကြောင်းကြားကြလော့”ဟု မိန့်မှာလျက် သူတို့ကို ဗက်လင်မြို့သို့ စေလွှတ်လေ၏။
ဤသို့ဖြင့် အာဗြဟံသည် အရေဖျားမလှီးမီ ယုံကြည်ခြင်းအားဖြင့်ရရှိသော ဖြောင့်မတ်ခြင်း၏တံဆိပ်အဖြစ် အရေဖျားလှီးခြင်း၏အမှတ်လက္ခဏာကိုခံယူ၏။ ဤသည်ကား အာဗြဟံအား အရေဖျားမလှီးဘဲယုံကြည်သောသူအပေါင်းတို့၏အဖဖြစ်စေရန်နှင့် ထိုသူတို့သည်လည်း ဖြောင့်မတ်ခြင်းကိုရရှိကြစေရန်အတွက်ဖြစ်၏။
သူ့မိဘကလည်း သူ့အား “အရေဖျားမလှီးသောဖိလိတ္တိလူမျိုးတို့ထဲမှ မိန်းမကို သွား၍ယူရလေအောင် သင့်ဆွေမျိုးသားချင်း၊ ငါတို့လူမျိုးများတွင် မိန်းမတစ်ယောက်မျှ မရှိသလော”ဟု ဆိုသော် ရှံဆုန်က ဖခင်အား “ထိုအမျိုးသမီးကိုသာ သဘောကျသည်ဖြစ်၍ တောင်းပေးပါ”ဟု ဆို၏။
ယောနသန်က လက်နက်ကိုင်လုလင်အား “လာပါ။ အရေဖျားမလှီးသောထိုသူတို့၏ကင်းတပ်သို့ ကူးသွားကြစို့။ ထာဝရဘုရား ငါတို့နှင့် ပါရှိကောင်းပါရှိတော်မူလိမ့်မည်။ ထာဝရဘုရားသည် မည်သည့်အမှု၌မဆို လူအနည်းငယ်နှင့်ဖြစ်စေ၊ လူအများနှင့်ဖြစ်စေ အတားအဆီးမရှိကယ်တင်ပေးနိုင်သည်”ဟု ဆို၏။
ဒါဝိဒ်သည် မိမိအနား၌ရပ်နေသောလူတို့အား “ဤဖိလိတ္တိပြည်သားကိုသတ်ပြီး အစ္စရေးလူမျိုးတို့ စော်ကားခံနေရသည်ကို ဖယ်ရှားပေးနိုင်သောသူအား မည်သို့ပြုပေးမည်နည်း။ အသက်ရှင်တော်မူသောဘုရားသခင်၏စစ်သည်တို့ကို စော်ကားပြောဆိုနေရအောင် ဤအရေဖျားလှီးခြင်းမခံသောဖိလိတ္တိပြည်သားကား မည်သူနည်း”ဟု မေး၏။
ထိုသို့ ခြင်္သေ့နှင့် ဝက်ဝံတို့ကို အရှင့်အစေအပါး သတ်ခဲ့ပါ၏။ အသက်ရှင်တော်မူသောဘုရားသခင်၏စစ်သည်တို့ကို စော်ကားနေသည့် အရေဖျားလှီးခြင်းမခံသော ဤဖိလိတ္တိပြည်သားသည်လည်း ထိုအကောင်ထဲမှတစ်ကောင်ကဲ့သို့သာ ဖြစ်ပါသည်”ဟု လျှောက်တင်၏။