“အကျွန်ုပ်၏အရှင်တို့၊ အကျွန်ုပ်သည် အရှင်၏ရှေ့၌ မျက်နှာရသည်ဆိုလျှင် အရှင်၏အစေအပါးကိုကျော်မသွားပါနှင့်။
ကမ္ဘာဦး 34:11 - မြန်မာ့စံမီသမ္မာကျမ်း ရှေခင်ကလည်း မိန်းကလေး၏ဖခင်နှင့်အစ်ကိုတို့အား “အကျွန်ုပ်သည် သင်တို့ရှေ့၌ မျက်နှာရပါစေ။ သင်တို့တောင်းသမျှကို အကျွန်ုပ်ပေးပါမည်။ Common Language Bible ထိုနောက်ရှေခင်ကဒိန၏ဖခင်နှင့်အစ်ကို တို့အား``သင်တို့ထံမှမျက်နှာသာရမည်ဆို လျှင်သင်တို့တောင်းသမျှကိုပေးပါမည်။- Garrad Bible ရှေ ခင် က လည်း သင် တို့ စိတ် နှင့် သာ တွေ့ ပါ ရ စေ။ တောင်း ဆို သ မျှ ကို တင် သွင်း ပါ မည်။ Judson Bible ရှေခင်ကလည်း၊ သင်တို့စိတ်နှင့် တွေ့ကြပါစေ။ တောင်းသမျှကိုပေးပါမည်။ |
“အကျွန်ုပ်၏အရှင်တို့၊ အကျွန်ုပ်သည် အရှင်၏ရှေ့၌ မျက်နှာရသည်ဆိုလျှင် အရှင်၏အစေအပါးကိုကျော်မသွားပါနှင့်။
စေတမန်တို့သည် ယာကုပ်ထံသို့ပြန်ရောက်လာ၍ “အကျွန်ုပ်တို့သည် သခင်၏အစ်ကိုဧသောထံသို့ရောက်ခဲ့ပါပြီ။ သူသည်လည်း သခင်နှင့်တွေ့ဆုံရန် လူလေးရာနှင့်အတူ လာနေပါသည်”ဟု လျှောက်ကြ၏။
ဧသောကလည်း “ငါ၌ရှိသောလူအချို့ကို သင်နှင့်ထားခဲ့ပါရစေ”ဟု ဆိုလျှင် ယာကုပ်က “အဘယ်အတွက်နည်း။ အကျွန်ုပ်သည် သခင့်ရှေ့၌ ဤမျှမျက်နှာရပါပြီ”ဟု ပြန်ပြောလေ၏။
သို့ပြုလျှင် သင်တို့သည် ငါတို့နှင့်အတူနေထိုင်နိုင်ပါသည်။ ဤပြည်သည်လည်း သင်တို့အတွက်ဖြစ်မည်။ ဤပြည်၌ နေထိုင်လျက် ရောင်းဝယ်ဖောက်ကားပြီး ဥစ္စာဆည်းပူးကြပါ”ဟု ပြောဆိုလေ၏။
မင်္ဂလာကြေးနှင့်လက်ဆောင်ကို သင်တို့အလိုရှိသမျှ အကျွန်ုပ်ထံမှတောင်းပါ။ သင်တို့တောင်းသည့်အတိုင်း အကျွန်ုပ်ပေးပါမည်။ ဤမိန်းကလေးကိုသာ အကျွန်ုပ်၏မယားအဖြစ်ပေးပါ”ဟု ဆို၏။