စေတမန်တို့သည် ယာကုပ်ထံသို့ပြန်ရောက်လာ၍ “အကျွန်ုပ်တို့သည် သခင်၏အစ်ကိုဧသောထံသို့ရောက်ခဲ့ပါပြီ။ သူသည်လည်း သခင်နှင့်တွေ့ဆုံရန် လူလေးရာနှင့်အတူ လာနေပါသည်”ဟု လျှောက်ကြ၏။
ကမ္ဘာဦး 33:15 - မြန်မာ့စံမီသမ္မာကျမ်း ဧသောကလည်း “ငါ၌ရှိသောလူအချို့ကို သင်နှင့်ထားခဲ့ပါရစေ”ဟု ဆိုလျှင် ယာကုပ်က “အဘယ်အတွက်နည်း။ အကျွန်ုပ်သည် သခင့်ရှေ့၌ ဤမျှမျက်နှာရပါပြီ”ဟု ပြန်ပြောလေ၏။ Common Language Bible ထိုအခါဧသောက``ထိုသို့ဆိုလျှင်ကာကွယ် စောင့်ရှောက်ရန်ငါ့လူအချို့ကိုသင့်ထံ၌ ထားခဲ့မည်'' ဟုပြော၏။ ယာကုပ်က``ကျွန်တော်အတွက်အစောင့်အရှောက် မလိုပါ။ ကိုယ်တော်၏ထံမှမျက်နှာသာရရှိ နိုင်ရန်သာတောင်းလျှောက်လိုပါသည်'' ဟုဖြေ လေ၏။- Garrad Bible ဧ သော က၊ သို့ ဖြစ် လျှင် ငါ၌ ပါ လာ သူ အ ချို့ တို့ ကို ညီ နှင့် ထား ခဲ့ ဦး အံ့ ဟု ဆို ရာ အ ဘယ် အ တွက် နည်း။ အ ရှင့် စိတ် တော် နှင့် သာ တွေ့ ပါ ရ စေ ဟု ပြန် လျှောက် လျှင်၊ Judson Bible ဧသောကလည်း၊ သို့ဖြစ်လျှင် အကျွန်ုပ်၌ပါသောသူအချို့တို့ကို ညီ၌ထားခဲ့ပါရစေဟုဆိုလျှင်၊ ယာကုပ်က၊ အဘယ်အကြောင်းရှိပါသနည်း။ သခင်၏ စိတ်တော်နှင့်တွေ့ပါစေဟု ပြန်ဆိုသော်၊ |
စေတမန်တို့သည် ယာကုပ်ထံသို့ပြန်ရောက်လာ၍ “အကျွန်ုပ်တို့သည် သခင်၏အစ်ကိုဧသောထံသို့ရောက်ခဲ့ပါပြီ။ သူသည်လည်း သခင်နှင့်တွေ့ဆုံရန် လူလေးရာနှင့်အတူ လာနေပါသည်”ဟု လျှောက်ကြ၏။
ရှေခင်ကလည်း မိန်းကလေး၏ဖခင်နှင့်အစ်ကိုတို့အား “အကျွန်ုပ်သည် သင်တို့ရှေ့၌ မျက်နှာရပါစေ။ သင်တို့တောင်းသမျှကို အကျွန်ုပ်ပေးပါမည်။
သူတို့ကလည်း “သခင်သည် အကျွန်ုပ်တို့၏အသက်ကိုကယ်တင်ပါပြီ။ အကျွန်ုပ်တို့သည် သခင့်ရှေ့၌ မျက်နှာရပါစေသော။ အကျွန်ုပ်တို့သည် ဖာရောမင်းကြီးထံကျွန်ခံကြပါမည်”ဟု လျှောက်ကြ၏။
ထိုအခါ ရှင်ဘုရင်က ဇိဘအား “မေဖိဗောရှက်၌ ရှိသမျှသည် သင့်အဖို့ဖြစ်၏”ဟု မိန့်ဆိုလျှင် ဇိဘက “အကျွန်ုပ် ဦးညွှတ်ပါ၏။ အကျွန်ုပ်၏သခင် အရှင်မင်းကြီး ရှေ့တော်မှောက်တွင် မျက်နှာသာရပါစေသော”ဟု ပြန်လျှောက်၏။
ရုသကလည်း “အကျွန်ုပ်၏သခင်၊ အကျွန်ုပ်သည် သခင့်ရှေ့တွင် မျက်နှာရပါစေ။ အကျွန်ုပ်သည် သခင်၏ကျွန်မတစ်ဦးမဟုတ်သော်လည်း သခင်သည် အကျွန်ုပ်အား ကြင်နာစွာစကားဆို၍နှစ်သိမ့်ပါပြီ”ဟု ပြန်ပြော၏။
ထိုအခါ ဟန္နက “သခင့်ကျွန်မသည် သခင့်ရှေ့၌မျက်နှာရပါစေသော”ဟု ဆိုပြီး သူသည် ထွက်သွား၍ စားသောက်လေ၏။ သူ၏မျက်နှာသည်လည်း ယခင်ကကဲ့သို့ မညှိုးတော့ပေ။
အသင့်ငယ်သားတို့ကို မေးကြည့်ပါ။ သူတို့ပြောပြပါလိမ့်မည်။ ယခုလို နေ့ကောင်းနေ့မြတ်မှာ ရောက်လာကြသောအကျွန်ုပ်၏ငယ်သားတို့သည်လည်း အသင့်ထံမှ မျက်နှာသာရပါစေသော။ အသင်စိတ်စေတနာရှိသောအရာကို အသင့်အစေအပါးများနှင့် အသင့်သားဒါဝိဒ်အား ပေးလိုက်ပါလော့’ဟူ၍ သူ့အား ပြောကြားရမည်”ဟု မှာလိုက်လေ၏။