ထိုသို့ ယာကုပ်သည် မိမိထက်အလျင် လက်ဆောင်ကို တစ်ဖက်ကမ်းသို့ပို့လိုက်၏။ သူကိုယ်တိုင်မူကား ထိုညတွင် စခန်းထဲ၌ ညအိပ်နားလေ၏။
သူသည်လက်ဆောင်များကိုကြိုတင်ပို့ပြီး နောက်ထိုညတွင်စခန်း၌အိပ်လေ၏။
လက် ဆောင် ကို ကြို တင် လွှတ် လိုက်၍ ကိုယ် တိုင် မူ ကား ထို ညဉ့် တွင် စ ခန်း ၌ တည်း ခို လေ ၏။
ထိုသို့ယာကုပ်ရှေ့မှာ လက်ဆောင်သည် အရင်ကူးသွား၍၊ သူကိုယ်တိုင် ထိုည၌ လူအစုအဝေးနှင့်အတူ အိပ်၍နေ၏။
ထို့ပြင် ‘အရှင့်အစေအပါး ယာကုပ်သည်လည်း အကျွန်ုပ်တို့နောက်မှ လိုက်လာပါ၏’ဟူ၍ လျှောက်ရမည်”ဟု မှာကြားလေ၏။ ယာကုပ်က “ငါ့အလျင်ရောက်နှင့်သောလက်ဆောင်ဖြင့် သူ့ကိုစိတ်ပြေစေပြီးမှ သူနှင့်ငါတွေ့ဆုံမည်။ သို့ပြုလျှင် သူသည် ငါ့ကိုလက်ခံကောင်းလက်ခံလိမ့်မည်”ဟု တွေးထင်သောကြောင့်ဖြစ်၏။
သို့သော် ထိုညတွင် သူသည် ထ၍ မိမိ၏မယားနှစ်ယောက်၊ မိမိ၏ကျွန်မနှစ်ယောက်နှင့် မိမိ၏သားတစ်ဆယ့်တစ်ယောက်တို့ကိုခေါ်ဆောင်၍ ယဗ္ဗုတ်ရေဆိပ်မှ ဖြတ်ကူး၏။
သခင့်ထံ အကျွန်ုပ်ယူဆောင်လာသော အကျွန်ုပ်၏ကောင်းချီးမင်္ဂလာကို လက်ခံပါလော့။ အကြောင်းမူကား ဘုရားသခင်သည် အကျွန်ုပ်အားပေးသနားတော်မူသည်ဖြစ်၍ အကျွန်ုပ်၌ အလုံးစုံရှိပါ၏”ဟု ဆိုလျက် သူ့ကိုတိုက်တွန်းသဖြင့် သူသည်လက်ခံလေ၏။
ထိုအခါ သူတို့၏ဖခင်အစ္စရေးက သူတို့အား “သို့ဖြစ်လျှင် ဤသို့ပြုကြလော့။ လိမ်းဆေးအနည်းငယ်၊ ပျားရည်အနည်းငယ်၊ နံ့သာမျိုး၊ မုရန်စေး၊ အခွံမာသီး၊ ဗာဒံသီး စသည့် ဤပြည်မှထွက်သော အကောင်းဆုံးအရာတို့ကို သင်တို့အိတ်များ၌ထည့်၍ ထိုသူအဖို့လက်ဆောင်အဖြစ်ယူသွားကြလော့။
တံစိုးလက်ဆောင်သည် ပေးသူ၏အမြင်တွင် တင့်တယ်သောကျောက်မျက်ဖြစ်၍ မျက်နှာမူရာအရပ်ရပ်၌ အောင်မြင်တတ်၏။
ထို့နောက် ယောရှုသည် စစ်သူရဲတို့ကိုစေလွှတ်သဖြင့် သူတို့သည် သွား၍ အာဣမြို့အနောက်ဘက်၊ ဗေသလမြို့နှင့်အာဣမြို့အကြား၌ ကင်းပုန်းချ၍ စောင့်နေကြ၏။ သို့သော် ထိုည၌ ယောရှုသည် စစ်သည်တို့နှင့်အတူနေရစ်ခဲ့၏။
သူ့ငယ်သားတို့အား “သင်တို့ ငါ့ရှေ့မှ အလျင်သွားနှင့်ကြ။ သင်တို့နောက်မှ ငါလိုက်ခဲ့မည်”ဟု ဆို၏။ ဤကိစ္စကို သူ့ခင်ပွန်းနာဗလအား မပြောပြဘဲနေ၏။