Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 32:21 - Common Language Bible

21 သူ​သည်​လက်​ဆောင်​များ​ကို​ကြို​တင်​ပို့​ပြီး နောက်​ထို​ည​တွင်​စ​ခန်း​၌​အိပ်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 လက် ဆောင် ကို ကြို တင် လွှတ် လိုက်၍ ကိုယ် တိုင် မူ ကား ထို ညဉ့် တွင် စ ခန်း ၌ တည်း ခို လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 ထို​သို့​ယာ​ကုပ်​ရှေ့​မှာ လက်​ဆောင်​သည် အ​ရင်​ကူး​သွား၍၊ သူ​ကိုယ်​တိုင် ထို​ည၌ လူ​အ​စု​အ​ဝေး​နှင့်​အ​တူ အိပ်၍​နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 ထိုသို့ ယာကုပ်​သည် မိမိ​ထက်​အလျင် လက်ဆောင်​ကို တစ်ဖက်ကမ်း​သို့​ပို့​လိုက်​၏​။ သူ​ကိုယ်တိုင်​မူကား ထို​ည​တွင် စခန်း​ထဲ၌ ညအိပ်နား​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 32:21
7 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည်​ဧ​သော​နှင့်​တွေ့​သော​အ​ခါ`ကိုယ်​တော် ၏​အ​စေ​ခံ​ယာ​ကုပ်​သည်​ကျွန်ုပ်​တို့​နောက်​မှ​လိုက် ပါ​လာ​ပါ​သည်' ဟု​ပြော​ရ​မည်'' ဟူ​၍​မှာ​ကြား ၏။ ယာ​ကုပ်​က``ယ​ခု​ပေး​လိုက်​သော​လက်​ဆောင် များ​အား​ဖြင့် အစ်​ကို​၏​စိတ်​ကို​ပြေ​စေ​၍​သူ နှင့်​တွေ့​ဆုံ​ရ​သော​အ​ခါ ငါ့​အ​ပြစ်​ကို​ခွင့် လွှတ်​ကောင်း​ခွင့်​လွှတ်​ပေ​လိမ့်​မည်'' ဟု စိတ်​ကူး​မိ​လေ​၏။-


ထို​ည​ချင်း​တွင်း​ယာကုပ်​သည်​ထ​၍​မ​ယား​နှစ် ယောက်၊ မ​ယား​ငယ်​နှစ်​ယောက်၊ သား​သ​မီး​တစ် ဆယ့်​တစ်​ယောက်​တို့​ကို​ခေါ်​ဆောင်​လျက်​ယဗ္ဗုတ် မြစ်​ကို​ဖြတ်​ကူး​စေ​၏။-


ကိုယ်​တော်​ထံ​သို့​ယ​ခု​ကျွန်​တော်​ယူ​ဆောင်​လာ သော​လက်​ဆောင်​များ​ကို​လက်​ခံ​ပါ။ ဘု​ရား​သ​ခင်​သည်​ကျွန်​တော်​လို​သ​မျှ​ကို​ပေး​သ​နား တော်​မူ​ပါ​ပြီ'' ဟု​မ​နေ​မ​နား​တိုက်​တွန်း သ​ဖြင့်​ဧ​သော​သည်​လက်​ဆောင်​များ​ကို လက်​ခံ​လိုက်​လေ​သည်။


ထို​အ​ခါ​သူ​တို့​အ​ဖ​က``သို့​ဖြစ်​လျှင်​ဤ​ကဲ့ သို့​ပြု​လုပ်​ကြ​လော့။ ခါ​နာန်​ပြည်​မှ​အ​ကောင်း ဆုံး​ထွက်​ကုန်​များ​ဖြစ်​သော​ဗာ​လ​စံ​စေး​အ​နည်း ငယ်၊ ပျား​ရည်​အ​နည်း​ငယ်၊ နံ့​သာ​မျိုး၊ မု​ရန်​စေး၊ သစ်​အယ်​သီး၊ ဗာ​တံ​သီး​တို့​ကို​ဘု​ရင်​ခံ​အား လက်​ဆောင်​ဆက်​သ​ရန်​သင်​တို့​အိတ်​များ​တွင် ထည့်​၍​ယူ​သွား​ကြ​လော့။-


လက်ဆောင်သည် ခံသောသူအထင်အတိုင်း ကျောက်မြတ်ကဲ့သို့ ဖြစ်၍၊ မျက်နှာပြုလေရာရာ၌ အောင်တတ်၏။


ယော​ရှု​သည်​လက်​ရွေး​စင်​သူရဲ​တို့​ကို​စေ​လွှတ် သ​ဖြင့် သူ​တို့​သည်​ချီ​တက်​၍​အာ​ဣ​မြို့​အ​နောက် ဘက်​နှင့်​ဗေ​သ​လ​မြို့​စပ်​ကြား​တွင်​ပုန်း​အောင်း စောင့်​ဆိုင်း​နေ​ကြ​လေ​သည်။ ယော​ရှု​သည်​ထို ည​၌​စ​ခန်း​တွင်​နေ​၏။


ထို​နောက်​သူ​၏​အ​စေ​ခံ​တို့​အား``သင်​တို့​ရှေ့ မှ​သွား​နှင့်​ကြ။ ငါ​နောက်​က​လိုက်​ခဲ့​မည်'' ဟု ဆို​၏။ မိ​မိ​၏​ခင်​ပွန်း​နာ​ဗ​လ​ကို​မူ​အ​သိ မ​ပေး​ချေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ