ဒုတိယလူ၊ တတိယလူနှင့် တိရစ္ဆာန်အုပ်နောက်မှလိုက်သောသူအပေါင်းတို့ကိုလည်း “သင်တို့သည် ဧသောကိုတွေ့သောအခါ ထိုအတိုင်းလျှောက်ရမည်။
ကမ္ဘာဦး 32:20 - မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် ‘အရှင့်အစေအပါး ယာကုပ်သည်လည်း အကျွန်ုပ်တို့နောက်မှ လိုက်လာပါ၏’ဟူ၍ လျှောက်ရမည်”ဟု မှာကြားလေ၏။ ယာကုပ်က “ငါ့အလျင်ရောက်နှင့်သောလက်ဆောင်ဖြင့် သူ့ကိုစိတ်ပြေစေပြီးမှ သူနှင့်ငါတွေ့ဆုံမည်။ သို့ပြုလျှင် သူသည် ငါ့ကိုလက်ခံကောင်းလက်ခံလိမ့်မည်”ဟု တွေးထင်သောကြောင့်ဖြစ်၏။ Common Language Bible သင်တို့သည်ဧသောနှင့်တွေ့သောအခါ`ကိုယ်တော် ၏အစေခံယာကုပ်သည်ကျွန်ုပ်တို့နောက်မှလိုက် ပါလာပါသည်' ဟုပြောရမည်'' ဟူ၍မှာကြား ၏။ ယာကုပ်က``ယခုပေးလိုက်သောလက်ဆောင် များအားဖြင့် အစ်ကို၏စိတ်ကိုပြေစေ၍သူ နှင့်တွေ့ဆုံရသောအခါ ငါ့အပြစ်ကိုခွင့် လွှတ်ကောင်းခွင့်လွှတ်ပေလိမ့်မည်'' ဟု စိတ်ကူးမိလေ၏။- Garrad Bible ကိုယ် တော့် ကျွန် ယာ ကုပ် သည် နောက် တွင် ရှိ ပါ သည် ဟု ကြား လျှောက် ရ မည့် အ ကြောင်း မှာ ထား လေ ၏။ ယာ ကုပ် က ကြို တင် စေ လွှတ် သော လက် ဆောင် ဖြင့် သူ့ မျက် မာန် ကို ဖုံး မည်။ နောက် မျက် နှာ ကို ဖူး မြင် ရ သော အ ခါ မျက် နှာ သာ ရ ကောင်း ရ လိမ့် မည် ဟု အ ကြံ ရှိ သည် နှင့်၊ Judson Bible ကိုယ်တော်ကျွန်ယာကုပ်သည်လည်း နောက်မှာရှိပါ၏ဟု၊ ကြားလျှောက်ရမည်ဟူ၍လည်းကောင်း မှာထားလေ၏။ ယာကုပ်က၊ ယခုငါ့ရှေ့တွင် ထွက်သွားသောလက်ဆောင်ဖြင့်၊ သူ၏စိတ်ကိုငါဖြေမည်။ နောက်မှ မျက်နှာချင်းဆိုင်တွေ့သောအခါ၊ ငါ့ကိုလက်ခံကောင်း လက်ခံလိမ့်မည်ဟု အကြံရှိသတည်း။ |
ဒုတိယလူ၊ တတိယလူနှင့် တိရစ္ဆာန်အုပ်နောက်မှလိုက်သောသူအပေါင်းတို့ကိုလည်း “သင်တို့သည် ဧသောကိုတွေ့သောအခါ ထိုအတိုင်းလျှောက်ရမည်။
ထိုသို့ ယာကုပ်သည် မိမိထက်အလျင် လက်ဆောင်ကို တစ်ဖက်ကမ်းသို့ပို့လိုက်၏။ သူကိုယ်တိုင်မူကား ထိုညတွင် စခန်းထဲ၌ ညအိပ်နားလေ၏။
ထိုအခါ သူတို့၏ဖခင်အစ္စရေးက သူတို့အား “သို့ဖြစ်လျှင် ဤသို့ပြုကြလော့။ လိမ်းဆေးအနည်းငယ်၊ ပျားရည်အနည်းငယ်၊ နံ့သာမျိုး၊ မုရန်စေး၊ အခွံမာသီး၊ ဗာဒံသီး စသည့် ဤပြည်မှထွက်သော အကောင်းဆုံးအရာတို့ကို သင်တို့အိတ်များ၌ထည့်၍ ထိုသူအဖို့လက်ဆောင်အဖြစ်ယူသွားကြလော့။
ထိုအခါ သူ့အမှုထမ်းတို့က “အစ္စရေးအမျိုးအနွယ်တို့၏ဘုရင်များသည် သနားတတ်သောဘုရင်များဖြစ်ကြောင်း ကြားဖူးပါ၏။ ယခု အကျွန်ုပ်တို့ခါးတွင် လျှော်တေအဝတ်ကိုပတ်၍ ခေါင်းတွင်လည်း ကြိုးကိုပတ်ပြီး အစ္စရေးဘုရင်ထံ အခစားဝင်ပါမည်။ မင်းကြီးကို အသက်ချမ်းသာပေးကောင်းပေးတော်မူမည်”ဟု လျှောက်တင်ကြ၏။
ဒေါသကြီးသောသူသည် အငြင်းပွားမှုဖြစ်ရန်လှုံ့ဆော်တတ်၏။ စိတ်ရှည်သောသူမူကား ခိုက်ရန်ဖြစ်ပွားခြင်းကိုငြိမ်းစေတတ်၏။
ရှင်ဘုရင်၏အမျက်ဒေါသသည် သေခြင်း၏စေတမန်ဖြစ်၏။ သို့သော် ပညာရှိသောသူသည် ၎င်းကိုပြေစေတတ်၏။
လူနှင့်ပါလာသောလက်ဆောင်သည် သူ့ကိုလမ်းဖွင့်ပေး၍ ကြီးမြတ်သောသူတို့၏ရှေ့မှောက်သို့ သူ့ကိုပို့ဆောင်ပေးတတ်၏။
တိတ်တဆိတ်ပေးသောလက်ဆောင်သည် အမျက်ကိုလည်းကောင်း၊ လျှို့ဝှက်စွာပေးသောတံစိုးလက်ဆောင်သည် ပြင်းထန်သောအမျက်ဒေါသကိုလည်းကောင်း ပြေစေတတ်၏။
မည်သည့်လျော်ကြေးကိုမျှ လက်ခံလိမ့်မည်မဟုတ်။ များစွာသောတံစိုးလက်ဆောင်ကိုလည်း အလိုရှိလိမ့်မည်မဟုတ်။
သို့ပြုလျှင် ဘုရားသခင်သည် ငါတို့ကို မဖျက်ဆီးဘဲ စိတ်တော်ပြောင်းလဲ၍ အမျက်တော်ပြေမည်၊ မပြေမည်ကို မည်သူသိနိုင်မည်နည်း”ဟူ၍ ဖြစ်၏။
ဆန့်ကျင်ဘက်ပြုသောသူတို့ကို နူးညံ့သိမ်မွေ့သောစိတ်ဖြင့် ဆုံးမသွန်သင်ရမည်။ သို့ပြုလျှင် ဘုရားသခင်သည် သူတို့အား နောင်တရသောအခွင့်ကိုပေးတော်မူသဖြင့် သူတို့သည် သမ္မာတရားကိုသိရှိလာကာ
ဤသို့ ပလိပ်နာဖုအရုပ်နှင့် ပြည်ကိုဖျက်ဆီးသောကြွက်အရုပ်တို့ကို ထုလုပ်၍ အစ္စရေးလူမျိုးတို့၏ဘုရားသခင့်ဘုန်းတော်ကို ချီးမြှောက်ခြင်းဖြင့် လက်တော်ကို သင်တို့နှင့် သင်တို့၏ဘုရားများအပါအဝင် သင်တို့တိုင်းပြည်မှ ပြန်လည်ရုပ်သိမ်းကောင်းရုပ်သိမ်းတော်မူလိမ့်မည်။