ထာဝရဘုရားသည် အာဗြဟံနှင့်စကားပြောတော်မူပြီးသောအခါ ကြွသွားတော်မူ၏။ အာဗြဟံသည်လည်း မိမိနေရပ်သို့ပြန်သွားလေ၏။
ကမ္ဘာဦး 30:25 - မြန်မာ့စံမီသမ္မာကျမ်း ရာခေလသည် ယောသပ်ကိုမွေးဖွားပြီးနောက် ယာကုပ်က လာဗန်အား “အကျွန်ုပ်၏နေရပ်၊ အကျွန်ုပ်၏ပြည်သို့ပြန်သွားနိုင်ရန် အကျွန်ုပ်ကိုပြန်ခွင့်ပြုပါ။ Common Language Bible ယောသပ်ကိုဖွားမြင်ပြီးနောက်ယာကုပ်က လာဗန်အား``ကျွန်ုပ်ကိုနေရင်းပြည်သို့ပြန် ခွင့်ပေးပါ။- Garrad Bible သား ယော သပ် ကို ရာ ခေ လ ဖွား မြင် ပြီး နောက် ယာ ကုပ် က၊ ကျွန် တော် အား နေ ရင်း ပြည် သို့ ပြန် သွား ခွင့် ပြု ပါ။ Judson Bible ရာခေလသည် ယောသပ်ကိုဖွားမြင်ပြီးသောနောက်၊ ယာကုပ်က၊ အကျွန်ုပ်သည် ကိုယ်နေရင်းပြည်သို့သွားမည်အကြောင်း အကျွန်ုပ်ကိုလွှတ်ပါလော့။ |
ထာဝရဘုရားသည် အာဗြဟံနှင့်စကားပြောတော်မူပြီးသောအခါ ကြွသွားတော်မူ၏။ အာဗြဟံသည်လည်း မိမိနေရပ်သို့ပြန်သွားလေ၏။
ထို့နောက် ထိုအစေအပါးနှင့်သူ့အဖော်တို့သည် စားသောက်၍ ညအိပ်နားကြ၏။ နံနက်အချိန်တွင် သူတို့ထကြသောအခါ ထိုအစေအပါးက “အကျွန်ုပ်ကို အကျွန်ုပ်သခင်ထံသို့ ပြန်ခွင့်ပြုပါ”ဟု ဆိုလေ၏။
အစေအပါးကလည်း “ထာဝရဘုရားသည် အကျွန်ုပ်၏ခရီးစဉ်ကို အောင်မြင်စေတော်မူပြီဖြစ်၍ အကျွန်ုပ်မနှောင့်နှေးပါရစေနှင့်။ အကျွန်ုပ်ကိုပြန်ခွင့်ပြုပါ။ အကျွန်ုပ်သခင်ထံသို့ ပြန်သွားပါရစေ”ဟု ဆို၏။
ဤပြည်၌ တည်းခိုနေထိုင်လော့။ ငါသည် သင်နှင့်အတူရှိ၍ သင့်ကိုကောင်းချီးပေးမည်။ အကယ်စင်စစ် ဤမြေရှိသမျှတို့ကို သင်နှင့်သင်၏သားစဉ်မြေးဆက်အား ငါပေး၍ သင်၏ဖခင်အာဗြဟံအား ငါကျိန်ဆိုခဲ့သောကတိကို ငါတည်စေမည်။
ထာဝရဘုရားသည် သူ့အနားတွင်ရပ်နေ၍ “ငါသည် သင့်ဖခင်အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရားတည်းဟူသော ထာဝရဘုရားဖြစ်၏။ သင်အိပ်နေသောမြေကို သင်နှင့်သင်၏သားစဉ်မြေးဆက်အား ငါပေးမည်။
ကြည့်ရှုလော့။ ငါသည် သင်နှင့်အတူရှိ၏။ သင်သွားလေရာရာ၌ သင့်ကိုစောင့်ရှောက်၍ ဤပြည်သို့ သင့်ကို ပြန်ခေါ်လာဦးမည်။ အကယ်စင်စစ် သင့်အားငါကတိပေးသည့်အရာ မပြည့်စုံမချင်း ငါသည် သင့်ကိုစွန့်ပစ်မည်မဟုတ်”ဟု မိန့်တော်မူ၏။
ငါသည် ဗေသလအရပ်၏ဘုရားဖြစ်၏။ ထိုအရပ်၌ သင်သည် ကျောက်တိုင်ကိုဘိသိက်သွန်း၍ ငါ့အားကတိသစ္စာပြုခဲ့၏။ ယခုထ၍ ဤပြည်မှထွက်ခွာပြီး သင့်မွေးရပ်မြေသို့ ပြန်သွားလော့’ဟူ၍ မိန့်တော်မူ၏”ဟု သူတို့အား ဆိုလေ၏။
လာဗန်သည် နံနက်စောစောထ၍ မိမိမြေး၊ မိမိသမီးတို့ကိုနမ်းပြီးလျှင် သူတို့ကိုကောင်းချီးပေးလေ၏။ ထို့နောက် လာဗန်သည် ထွက်ခွာ၍ မိမိနေရပ်သို့ပြန်သွားလေ၏။
သူသည် ယုံကြည်ခြင်းအားဖြင့် ကတိထားတော်မူသောပြည်၌ တိုင်းတစ်ပါးသားကဲ့သို့ ဧည့်သည်အဖြစ်နေထိုင်၍ တစ်ခုတည်းသောကတိတော်ကို အတူတကွအမွေဆက်ခံသူများဖြစ်ကြသော ဣဇက်၊ ယာကုပ်တို့နှင့်အတူ တဲများတွင်နေထိုင်ကြ၏။