လူကလည်း “ဥယျာဉ်၌ ကိုယ်တော်၏အသံကိုကြား၍ အကျွန်ုပ်မှာ အဝတ်မပါအချည်းစည်းဖြစ်သောကြောင့် ကြောက်၍ ပုန်းကွယ်နေပါသည်”ဟု လျှောက်လေ၏။
ကမ္ဘာဦး 3:11 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်ကလည်း “သင့်မှာအဝတ်မပါအချည်းစည်းဖြစ်သည်ဟု မည်သူပြောသနည်း။ မစားရဟု သင့်အား ငါပညတ်ထားသောအပင်မှအသီးကို သင်စားပြီလော”ဟု မေးတော်မူ၏။ Common Language Bible ဘုရားသခင်က``သင်တို့တွင်အဝတ်အချည်း စည်းရှိသည်ဟု မည်သူကပြောသနည်း။ သင်တို့ အားမစားရဟု ငါပညတ်ထားသောအပင်၏ အသီးကိုစားသလော'' ဟုမေးတော်မူ၏။ Garrad Bible အ၀တ် အ ချည်း စည်း ရှိ သည် ကို မည် သူ ပြော သ နည်း။ မ စား ရ ဟု ငါ ပ ညတ် သော အ ပင်၏ အ သီး ကို စား ပြီ လော ဟူ ၍ မေး တော် မူ ၏။ Judson Bible ဘုရားသခင်ကလည်း၊ သင်၌ အဝတ်အချည်းစည်းရှိသည်ကို သင်အားအဘယ်သူပြောသနည်း။ မစားရဟု ငါပညတ်သော အပင်၏အသီးကိုစားပြီလောဟု မေးတော်မူ၏။ |
လူကလည်း “ဥယျာဉ်၌ ကိုယ်တော်၏အသံကိုကြား၍ အကျွန်ုပ်မှာ အဝတ်မပါအချည်းစည်းဖြစ်သောကြောင့် ကြောက်၍ ပုန်းကွယ်နေပါသည်”ဟု လျှောက်လေ၏။
လူကလည်း “အကျွန်ုပ်နှင့်အတူနေစေရန် ကိုယ်တော်ပေးထားသောမိန်းမသည် ထိုအပင်မှအသီးကို အကျွန်ုပ်အားပေး၍ အကျွန်ုပ်စားမိပါသည်”ဟု ပြန်လျှောက်လေ၏။
ထာဝရဘုရားကလည်း “သင်သည် မည်သို့ပြုဘိသနည်း။ သင့်ညီအသွေး၏အသံသည် မြေကြီးထဲမှ ငါ့ထံသို့ အော်ဟစ်နေပါသည်တကား။
ဤအမှုတို့ကိုသင်ပြု၍ ငါသည် တိတ်ဆိတ်စွာနေသဖြင့် ငါသည် သင်နှင့်တူသည်ဟု သင်ထင်မှတ်၏။ ငါသည် သင့်ကိုဆုံးမ၍ သင်၏အပြစ်ကို သင့်ရှေ့မှောက်၌ခင်းပြမည်။
သို့ဖြစ်၍ ပညတ်တရားနှင့်ဆိုင်သောအကျင့်အားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရမည်မဟုတ်။ အကြောင်းမူကား ပညတ်တရားအားဖြင့် အပြစ်အကြောင်းကိုသိရှိရုံမျှသာဖြစ်၏။