လေအာက “ငါသည် ငါ၏ကျွန်မကို ငါ့ယောက်ျားအားပေးသောကြောင့် ဘုရားသခင်သည် ငါ့အားအဖိုးအခကိုပေးတော်မူပြီ”ဟု ဆိုလျက် ထိုသား၏အမည်ကို ဣသခါ ဟုမှည့်ခေါ်လေ၏။
ကမ္ဘာဦး 29:33 - မြန်မာ့စံမီသမ္မာကျမ်း သူသည် နောက်တစ်ဖန်ကိုယ်ဝန်ဆောင်၍ သားကိုမွေးဖွားသော် “ငါအမုန်းခံရသည်ကို ထာဝရဘုရားကြားသောကြောင့် ဤသားကိုလည်း ငါ့အားပေးသနားတော်မူပြီ”ဟု ဆိုလျက် ထိုသား၏အမည်ကို ရှိမောင် ဟုမှည့်ခေါ်လေ၏။ Common Language Bible လေအာသည်တစ်ဖန်ကိုယ်ဝန်ဆောင်၍သားတစ် ယောက်ကိုဖွားမြင်ပြန်သောအခါသူက``ငါ ၏လင်ယောကျာ်းသည်ငါ့အားမချစ်ကြောင်း ကိုထာဝရဘုရားကြားသိတော်မူသဖြင့် ဤသားကိုလည်းပေးသနားတော်မူပြီ'' ဟု ဆို၍ထိုသားကိုရှိမောင်ဟုနာမည်မှည့်လေ၏။- Garrad Bible တစ် ဖန် သ န္ဓေ ရ ပြန်၍ သား ယောက်ျား ကို ဖွား မြင် သော် ငါ့ အ ပေါ် တွင် မေ တ္တာ မဲ့ သည် ကို ထာ၀ ရ ဘု ရားကြား သိ၍ ဤ သား ကို လည်း ပေး သ နား တော် မူ ပြီ ဟု ဆို လျက် ရှိ မောင် အ မည် ဖြင့် မှည့် လေ ၏။ Judson Bible တစ်ဖန်ပဋိသန္ဓေယူပြန်၍ သားကိုဖွားမြင်သော်၊ ငါသည်အမုန်းခံရကြောင်းကို ထာဝရဘုရား ကြားသောကြောင့်၊ ဤသားကိုလည်း ပေးသနားတော်မူပြီဟုဆိုပြီးလျှင်၊ ထိုသားကို ရှိမောင်အမည်ဖြင့်မှည့်လေ၏။ |
လေအာက “ငါသည် ငါ၏ကျွန်မကို ငါ့ယောက်ျားအားပေးသောကြောင့် ဘုရားသခင်သည် ငါ့အားအဖိုးအခကိုပေးတော်မူပြီ”ဟု ဆိုလျက် ထိုသား၏အမည်ကို ဣသခါ ဟုမှည့်ခေါ်လေ၏။
ထိုအခါ လေအာက “ဘုရားသခင်သည် ကောင်းသောလက်ဆောင်ကို ငါ့အားပေးတော်မူပြီ။ ငါသည် ငါ့ယောက်ျားအတွက် သားခြောက်ယောက်ကိုမွေးဖွားပြီဖြစ်၍ ဤတစ်ကြိမ်တွင် သူသည် ငါ့ကိုတန်ဖိုးထားလိမ့်မည်”ဟု ဆိုလျက် ထိုသား၏အမည်ကို ဇာဗုလုန် ဟုမှည့်ခေါ်လေ၏။
ရာခေလက “ဘုရားသခင်သည် ငါ့ကိုတရားသဖြင့်စီရင်ပေးတော်မူပြီ။ ငါ၏တောင်းလျှောက်သံကိုနားညောင်း၍ ငါ့အား သားကိုပေးသနားတော်မူပြီ”ဟု ဆို၏။ ထို့ကြောင့် ထိုသား၏အမည်ကို ဒန် ဟုမှည့်ခေါ်လေ၏။
ထိုအခါ ရာခေလက “ငါသည် ငါ့အစ်မနှင့် အကြိတ်အနယ်နပန်းလုံး၍ နိုင်ခဲ့ပြီ”ဟု ဆိုလျက် ထိုသား၏အမည်ကို နဿလိ ဟုမှည့်ခေါ်လေ၏။
သုံးရက်မြောက်သောနေ့၌ သူတို့နာကျင်လျက်နေကြသောအခါ ယာကုပ်၏သားနှစ်ယောက်ဖြစ်သော ဒိန၏အစ်ကိုရှိမောင်နှင့်လေဝိတို့သည် ဓားကိုယ်စီကိုင်ဆောင်လျက် ထိုမြို့ထဲသို့ ရဲရင့်စွာဝင်ရောက်၍ ယောက်ျားအပေါင်းတို့ကိုသတ်လေ၏။
ထိုအခါ ယာကုပ်က ရှိမောင်နှင့်လေဝိအား “ဤပြည်၌နေထိုင်ကြသော ခါနာန်လူမျိုးနှင့်ဖေရဇိလူမျိုးတို့ ငါ့ကိုစက်ဆုပ်ရွံရှာအောင် သင်တို့ပြုခြင်းအားဖြင့် ငါ့ကို ဒုက္ခပေးကြပြီတကား။ ငါ၌ လူအင်အားအနည်းငယ်သာရှိ၏။ သူတို့သည် စုဝေး၍ ငါ့ကိုတိုက်ခိုက်လျှင် ငါနှင့်ငါ၏အိမ်သူအိမ်သားတို့သည် ပျက်စီးကြရလိမ့်မည်”ဟု ဆိုလေ၏။
လေအာ၏သားများမှာ ရုဗင်(ယာကုပ်၏သားဦး)၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန် တို့ဖြစ်ကြ၏။
ယောသပ်သည် သူတို့ထံမှလှည့်ထွက်သွား၍ ငိုကြွေး၏။ တစ်ဖန် သူတို့ထံသို့ပြန်လာ၍ သူတို့နှင့်စကားပြောပြီးလျှင် သူတို့ထဲမှ ရှိမောင်ကိုခေါ်ထုတ်၍ သူတို့ရှေ့၌ ချည်နှောင်စေ၏။
ဗင်္ယာမိန်နယ်နိမိတ်နှင့်ကပ်လျက် အရှေ့ဘက်မှ အနောက်ဘက်တစ်လျှောက်သည် ရှိမောင်အမျိုး၏ဝေစုဖြစ်ရမည်။
တစ်စုံတစ်ယောက်၌ မယားနှစ်ယောက်ရှိပြီး တစ်ယောက်ကိုချစ်၍ အခြားတစ်ယောက်ကိုမုန်း၏။ အချစ်ခံရသောမယားနှင့် အချစ်မခံရသောမယားတို့သည် သူ့အတွက် သားများကို မွေးဖွားသောအခါ အမုန်းခံရသောမယား၏သားသည် သားဦးဖြစ်လျှင်