ထို့ကြောင့် ယာကုပ်သည် ရာခေလကိုရရန်အတွက် ခုနစ်နှစ်အစေခံလေ၏။ သူသည် ရာခေလကိုချစ်သောကြောင့် ထိုခုနစ်နှစ်သည် သူ့အတွက် ရက်အနည်းငယ်ကဲ့သို့ဖြစ်၏။
ကမ္ဘာဦး 29:27 - မြန်မာ့စံမီသမ္မာကျမ်း ဤရက်သတ္တပတ်ကို လွန်စေလော့။ သို့ပြုလျှင် သမီးနောက်တစ်ယောက်နှင့်လည်း သင့်ကိုထိမ်းမြားပေးဦးမည်။ ထို့အတွက် သင်သည် နောက်ထပ်ခုနစ်နှစ် ငါ့ကိုအစေခံရမည်”ဟု ဆို၏။ Common Language Bible သင်သည်ငါ့ထံ၌နောက်ထပ်ခုနစ်နှစ်အလုပ် လုပ်ဦးမည်ဆိုလျှင် မင်္ဂလာပွဲရက်သတ္တတစ်ပတ် ကုန်သောအခါသင့်အားရာခေလနှင့်ပေး စားပါမည်'' ဟုဆိုလေသည်။ Garrad Bible အ ကြီး နှင့် ခု နစ် ရက် စေ့ အောင် ပေါင်း ဦး လော့။ ရှေ့ သို့ တစ် ဖန် ခု နစ် နှစ် အ စေ ခံ ရ ဦး မည် အ တွက် အ ငယ် ကို လည်း ထိမ်း မြား မည် ဟု ဆို သည့် အ တိုင်း၊ Judson Bible ခုနစ်ရက်စေ့အောင်ငံ့ဦးလော့။ နောက်တစ်ဖန် ခုနစ်နှစ်အစေခံရသည်အတွက်၊ ရာခေလကိုလည်း သင့်အားပေးစားဦးမည်ဟု ဆိုသည်အတိုင်း၊ |
ထို့ကြောင့် ယာကုပ်သည် ရာခေလကိုရရန်အတွက် ခုနစ်နှစ်အစေခံလေ၏။ သူသည် ရာခေလကိုချစ်သောကြောင့် ထိုခုနစ်နှစ်သည် သူ့အတွက် ရက်အနည်းငယ်ကဲ့သို့ဖြစ်၏။
လာဗန်ကလည်း “ငါတို့အရပ်၌ သမီးအငယ်ကို သမီးအကြီးထက်အလျင် ထိမ်းမြားပေးလေ့မရှိ။
ယာကုပ်သည်လည်း ထိုအတိုင်းပြု၏။ ထိုရက်သတ္တပတ်လွန်သောအခါ လာဗန်သည် မိမိသမီးရာခေလကို ယာကုပ်နှင့်ထိမ်းမြားပေးလေ၏။
အကျွန်ုပ်သည် ဦးရီး၏အိမ်၌ အနှစ်နှစ်ဆယ်နေ၍ ဦးရီး၏သမီးနှစ်ယောက်အတွက် တစ်ဆယ့်လေးနှစ်၊ ဦးရီး၏သိုးဆိတ်တို့အတွက် ခြောက်နှစ် အစေခံခဲ့ပါသည်။ ဦးရီးသည် အကျွန်ုပ်၏လုပ်အားခကို ဆယ်ကြိမ်ပြောင်းလဲခဲ့ပါသည်။
မယားအသက်ရှင်စဉ် သူ၏အစ်မ၊ သို့မဟုတ် နှမကို မယားပြိုင်အဖြစ်ယူ၍ ဆက်ဆံခြင်းကိုမပြုရ။
သူတို့၌ ဝိညာဉ်တော်တစ်စိတ်တစ်ပိုင်းပါလျက် တစ်သားတစ်ကိုယ်တည်း ဖြစ်စေတော်မူသည် မဟုတ်လော။ ဘုရားသခင်ကို ရိုသေကိုင်းရှိုင်းသောအမျိုးအနွယ်ကို အလိုရှိသည်ဖြစ်၍ တစ်သားတစ်ကိုယ်တည်း ဖြစ်စေတော်မူသည် မဟုတ်လော။ ထို့ကြောင့် ကိုယ့်စိတ်ကို ထိန်း၍ ငယ်စဉ်က ပေါင်းဖော်ခဲ့သောမယားကို သစ္စာမဖောက်နှင့်။
အကြောင်းမူကား ငွေကိုတပ်မက်ခြင်းသည် မကောင်းမှုအလုံးစုံတို့၏အရင်းအမြစ်ဖြစ်၏။ လူအချို့တို့သည် ငွေကိုအလွန်တပ်မက်သဖြင့် ယုံကြည်ခြင်းလမ်းမှ လွဲချော်သွား၍ များစွာသောပူပန်ခြင်းဝေဒနာဖြင့် မိမိတို့ကိုယ်ကို ထိုးဖောက်နာကျင်စေကြပြီ။
ရှံဆုန်၏ဖခင်သည် ဖိလိတ္တိမိန်းမပျိုနှင့် သွားရောက်တွေ့ဆုံ၏။ ရှံဆုန်မူကား လူပျိုတို့ဓလေ့ထုံးစံအတိုင်း စားသောက်ပွဲလုပ်လေ၏။
ရှံဆုန်က ထိုသူတို့အား “ယခု သင်တို့ကို စကားထာဝှက်မည်။ ပွဲခံရာခုနစ်ရက်အတွင်း အဖြေကို ရှာတွေ့ပြီး ပြောပြနိုင်လျှင် ပိတ်ချောဝတ်ရုံအထည်သုံးဆယ်နှင့် ဝတ်စုံအစုံသုံးဆယ်ကို သင်တို့အားငါပေးမည်။