ကမ္ဘာဦး 29:27 - Common Language Bible27 သင်သည်ငါ့ထံ၌နောက်ထပ်ခုနစ်နှစ်အလုပ် လုပ်ဦးမည်ဆိုလျှင် မင်္ဂလာပွဲရက်သတ္တတစ်ပတ် ကုန်သောအခါသင့်အားရာခေလနှင့်ပေး စားပါမည်'' ဟုဆိုလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible27 အ ကြီး နှင့် ခု နစ် ရက် စေ့ အောင် ပေါင်း ဦး လော့။ ရှေ့ သို့ တစ် ဖန် ခု နစ် နှစ် အ စေ ခံ ရ ဦး မည် အ တွက် အ ငယ် ကို လည်း ထိမ်း မြား မည် ဟု ဆို သည့် အ တိုင်း၊ အခန်းကိုကြည့်ပါ။Judson Bible27 ခုနစ်ရက်စေ့အောင်ငံ့ဦးလော့။ နောက်တစ်ဖန် ခုနစ်နှစ်အစေခံရသည်အတွက်၊ ရာခေလကိုလည်း သင့်အားပေးစားဦးမည်ဟု ဆိုသည်အတိုင်း၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း27 ဤရက်သတ္တပတ်ကို လွန်စေလော့။ သို့ပြုလျှင် သမီးနောက်တစ်ယောက်နှင့်လည်း သင့်ကိုထိမ်းမြားပေးဦးမည်။ ထို့အတွက် သင်သည် နောက်ထပ်ခုနစ်နှစ် ငါ့ကိုအစေခံရမည်”ဟု ဆို၏။ အခန်းကိုကြည့်ပါ။ |
သင်နှင့်နှစ်ပေါင်းနှစ်ဆယ်ထိုဒုက္ခကိုခံခဲ့ရပြီ။ သင်၏သမီးနှစ်ယောက်အတွက်တစ်ဆယ့်လေးနှစ် အလုပ်လုပ်ပေးခဲ့ပါသည်။ ထိုနောက်ခြောက်နှစ် မျှသင်၏တိရစ္ဆာန်တို့ကိုထိန်းကျောင်းခဲ့ရပါ သည်။ ထိုကဲ့သို့ဆောင်ရွက်ပေးသည့်တိုင်အောင် သင်သည်ကျွန်ုပ်၏အခကိုဆယ်ကြိမ်မျှပြောင်း လဲခဲ့ပါသည်။-
ဘုရားသခင်သည်သင်တို့နှစ်ဦးအားတစ် ကိုယ်တည်းတစ်စိတ်တည်းဖြစ်စေတော်မူသည် မဟုတ်ပါလော။ ယင်းသို့ဖြစ်စေတော်မူရာ ၌အဘယ်ရည်ရွယ်ချက်ဖြစ်ပါသနည်း။ သင် တို့သည်ထာဝရဘုရား၏လူစုအစစ်အမှန် များကိုမွေးထုတ်ပေးရန်ဖြစ်ပေသည်။ သို့ဖြစ် ၍သင်တို့တွင်အဘယ်သူမျှမိမိ၏ဇနီး နှင့်ပြုထားသည့် ကတိသစ္စာကိုမချိုးမ ဖောက်မိစေရန်အထူးသတိပြုရပေမည်။-