ယာကုပ်သည် ရာခေလကိုချစ်သောကြောင့် “ဦးရီး၏သမီးအငယ်ရာခေလကိုရဖို့ ဦးရီးကို ခုနစ်နှစ်အစေခံပါမည်”ဟု ဆို၏။
ကမ္ဘာဦး 29:19 - မြန်မာ့စံမီသမ္မာကျမ်း လာဗန်ကလည်း “သူ့ကို အခြားသူနှင့်ထိမ်းမြားပေးသည်ထက် သင်နှင့်ထိမ်းမြားပေးသည်က ငါ့အတွက်ပို၍ကောင်း၏။ ငါနှင့်အတူနေထိုင်လော့”ဟု ဆို၏။ Common Language Bible လာဗန်က``ရာခေလအားအခြားသူတစ်ယောက် နှင့်ပေးစားရသည်ထက် သင်နှင့်ပေးစားရသည် ကပို၍သင့်မြတ်ပါမည်။ ငါနှင့်အတူနေလော့'' ဟုဖြေကြားလေသည်။- Garrad Bible လာ ဗန် က၊ အ ခြား သူ့ အား ထိမ်း မြား သည် ထက် သင့် အား ထိမ်း မြား ရ သော် သာ၍ ကောင်း ၏။ ငါ နှင့် အ တူ နေ ဦး လော့ ဟု ဆို သည့် အ တိုင်း၊ Judson Bible လာဗန်က၊ အခြားသောသူအား ပေးစားသည်ထက်၊ သင့်အားပေးစားသော် သာ၍ကောင်း၏။ ငါနှင့်အတူနေလော့ဟုဆို၏။ |
ယာကုပ်သည် ရာခေလကိုချစ်သောကြောင့် “ဦးရီး၏သမီးအငယ်ရာခေလကိုရဖို့ ဦးရီးကို ခုနစ်နှစ်အစေခံပါမည်”ဟု ဆို၏။
ထို့ကြောင့် ယာကုပ်သည် ရာခေလကိုရရန်အတွက် ခုနစ်နှစ်အစေခံလေ၏။ သူသည် ရာခေလကိုချစ်သောကြောင့် ထိုခုနစ်နှစ်သည် သူ့အတွက် ရက်အနည်းငယ်ကဲ့သို့ဖြစ်၏။
လူတို့သည် မိမိ၏အိမ်နီးချင်းတို့ကို မဟုတ်မမှန်ပြောဆိုကြပါ၏။ မြှောက်ပင့်တတ်သောနှုတ်ခမ်းနှင့် နှစ်ခွသောစိတ်ဖြင့် ပြောဆိုကြပါ၏။
ထိုအခါ ငါက “အို ဘုရားရှင်၊ မည်မျှကြာပါမည်နည်း”ဟု မေးလျှောက်ရာ ကိုယ်တော်က “မြို့တို့သည်ပျက်စီး၍ နေထိုင်သူမရှိ၊ အိမ်တို့တွင် လူမရှိ၊ တစ်ပြည်လုံးသည် ပျက်စီး၍ လူသူကင်းမဲ့သည့်တိုင်အောင်၊
ထိုအခါ “ငါ၌အမင်္ဂလာရှိ၏။ ငါသည် ပျက်စီးဆုံးရှုံးပြီ။ အကြောင်းမူကား ငါသည် နှုတ်ခမ်းညစ်ညူးလျက်၊ နှုတ်ခမ်းညစ်ညူးသောလူမျိုးအလယ်တွင်နေထိုင်လျက်ပင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို ငါ့မျက်စိနှင့်မြင်လေပြီတကား”ဟု ငါဆို၏။
မိန်းမယူ၍ သားသမီးများကို မွေးဖွားကြလော့။ သားများကိုလည်း မိန်းမယူစေလော့။ သမီးများကိုလည်း ယောက်ျားယူစေလော့။ သားသမီးများ မွေးဖွားစေကြလော့။ ထိုအရပ်၌ မလျော့နည်းဘဲ တိုးပွားကြလော့။