လာဗန်၌ သမီးနှစ်ယောက်ရှိ၏။ အကြီး၏အမည်မှာ လေအာ၊ အငယ်၏အမည်မှာ ရာခေလဖြစ်၏။
ကမ္ဘာဦး 29:15 - မြန်မာ့စံမီသမ္မာကျမ်း လာဗန်က “သင်သည် ငါ၏ဆွေမျိုးသားချင်းဖြစ်သောကြောင့် အဖိုးအခမယူဘဲ ငါ့ကိုအစေခံရမည်လော။ သင်၏လုပ်အားခအတွက် မည်သည့်အရာပေးရမည်ကို ငါ့အားပြောလော့”ဟု ယာကုပ်အား ဆို၏။ Common Language Bible လာဗန်ကယာကုပ်အား``သင်သည်ငါ၏ဆွေမျိုး ဖြစ်သောကြောင့် ငါ့အတွက်အခမဲ့လုပ်ကိုင်မ ပေးသင့်။ သင်လိုချင်သည့်အခကိုတောင်းလော့'' ဟုဆိုလေ၏။- Garrad Bible ယာ ကုပ် သည် တစ် လ ကြာ အ တူ နေ ပြီး မှ လာ ဗန် က၊ သင် သည် ငါ့ တူ ဖြစ် သည် နှင့် အ ကျိုး မဲ့ အ စေ ခံ ရ မည် လော။ ရ လို သော အ ခ ကို ပြော လော့ ဟု ဆို လေ ၏။ Judson Bible ယာကုပ်သည် တစ်လခန့်မျှနေပြီးမှ၊ လာဗန်က၊ သင်သည် ငါ့တူဖြစ်သောကြောင့်၊ အကျိုးမဲ့ကျွန်ခံရပါမည်လော။ ခံလိုသောအခကို ငါ့အားပြောလော့ဟု ဆိုလေ၏။ |
လာဗန်၌ သမီးနှစ်ယောက်ရှိ၏။ အကြီး၏အမည်မှာ လေအာ၊ အငယ်၏အမည်မှာ ရာခေလဖြစ်၏။
အကျွန်ုပ်သည် ဦးရီး၏အိမ်၌ အနှစ်နှစ်ဆယ်နေ၍ ဦးရီး၏သမီးနှစ်ယောက်အတွက် တစ်ဆယ့်လေးနှစ်၊ ဦးရီး၏သိုးဆိတ်တို့အတွက် ခြောက်နှစ် အစေခံခဲ့ပါသည်။ ဦးရီးသည် အကျွန်ုပ်၏လုပ်အားခကို ဆယ်ကြိမ်ပြောင်းလဲခဲ့ပါသည်။
သို့သော် သင်တို့၏ဖခင်သည် ငါ့ကိုလှည့်စား၍ ငါ၏လုပ်အားခကို ဆယ်ကြိမ်တိုင်တိုင်ပြောင်းလဲခဲ့ပြီ။ သို့ရာတွင် ငါ့ကိုထိခိုက်နစ်နာစေရန် ဘုရားသခင်သည် သူ့ကိုခွင့်ပေးတော်မမူ။
သူ၏မိခင်ဘက်မှ ညီအစ်ကိုတို့သည် ထိုစကားအလုံးစုံကို ရှေခင်မြို့သားတို့အား ပြောကြားသောအခါ သူတို့က “အဘိမလက်သည် ငါတို့၏အမျိုးသားချင်းဖြစ်၏”ဟု ဆိုလျက် သူ့နောက်သို့ စိတ်ပါသွားကြ၏။