ဧသောသည် အသက်လေးဆယ်ရှိသောအခါ ဟိတ္တိလူမျိုးဗေရိ၏သမီးယုဒိတ်၊ ဟိတ္တိလူမျိုးဧလုန်၏သမီးဗာရှမတ်တို့နှင့် အိမ်ထောင်ပြုလေ၏။
ကမ္ဘာဦး 28:9 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ဧသောသည် ဣရှမေလထံသို့သွား၍ မိမိ၌ရှိသောမယားတို့အပြင် အာဗြဟံသားဣရှမေလ၏သမီး၊ နဗာယုတ်၏နှမ မဟာလတ်နှင့် အိမ်ထောင်ပြုလေ၏။ Common Language Bible အာဗြဟံ၏သားဣရှမေလထံသို့သွားပြီး လျှင် သူ၏သမီးမဟာလတ်နှင့်အိမ်ထောင်ပြု လေသည်။ မဟာလတ်သည်ကားနဗာယုတ်၏ နှမဖြစ်သတည်း။ Garrad Bible ဣ ရှ မေ လ ထံ သို့ သွား၍ ရှိ ရင်း မ ယား တို့ မှ တစ် ပါး အာ ဗြ ဟံ မြေး၊ ဣ ရှ မေ လ သ မီး၊ န ဗာ ယုတ် နှ မ ဖြစ် သူ မ ဟာ လတ် နှင့် အိမ် ထောင် ဘက် ပြု လေ ၏။ Judson Bible ဣရှမေလထံသို့သွား၍ အထက်မယားတို့မှတစ်ပါး၊ အာဗြဟံသား ဣရှမေလသမီး၊ နဗာယုတ်နှမ၊ မဟာလတ်နှင့် တစ်ဖန်အိမ်ထောင်ဖက်ပြုပြန်လေ၏။ |
ဧသောသည် အသက်လေးဆယ်ရှိသောအခါ ဟိတ္တိလူမျိုးဗေရိ၏သမီးယုဒိတ်၊ ဟိတ္တိလူမျိုးဧလုန်၏သမီးဗာရှမတ်တို့နှင့် အိမ်ထောင်ပြုလေ၏။
ရွေလ၏သားများမှာ နာဟတ်၊ ဇေရ၊ ရှမ္မ၊ မိဇ္ဇ တို့ဖြစ်ကြ၏။ ဤသူတို့ကား ဧသော၏မယား ဗာရှမတ်၏သားမြေးများဖြစ်ကြ၏။
ဧသော၏မယားအဟောလိဗာမ၏သားများမှာ သူကြီးယုရှ၊ သူကြီးယာလံ၊ သူကြီးကောရ တို့ဖြစ်ကြ၏။ ဤသူတို့ကား ဧသော၏မယား အာန၏သမီးအဟောလိဗာမမှဆင်းသက်သောအမျိုးအနွယ်သူကြီးများဖြစ်ကြ၏။
ဧသောသည် ခါနာန်အမျိုးသမီးတို့နှင့်အိမ်ထောင်ပြု၏။ ထိုသူတို့မှာ ဟိတ္တိလူမျိုးဧလုန်၏သမီးအာဒနှင့် ဟိဝိလူမျိုးဇိဘောင်၏မြေး၊ အာန၏သမီးအဟောလိဗာမ တို့ဖြစ်ကြ၏။