ယာကုပ်သည် အိပ်ပျော်ရာမှနိုးလာသောအခါ “အကယ်စင်စစ် ထာဝရဘုရားသည် ဤအရပ်၌ ရှိတော်မူ၏။ သို့ပါလျက် ငါမသိခဲ့ပါတကား”ဟု ဆို၏။
ထိုနောက်ယာကုပ်သည်အိပ်ရာမှနိုး၍``ထာဝရ ဘုရားသည်စင်စစ်ဤအရပ်၌ရှိတော်မူ၏။ ရှိ တော်မူကြောင်းငါမသိပါတကား'' ဟုဆို လေ၏။-
အိပ် ရာ မှ နိုး လျှင် ယာ ကုပ် က၊ အ ကယ် စင် စစ် ဤ အ ရပ် တွင် ထာ၀ ရ ဘု ရား ရှိ တော် မူ ကြောင်း ငါ မ သိ ခဲ့ လေ။
ယာကုပ်သည်အိပ်ပျော်ရာမှနိုးလျှင်၊ အကယ်စင်စစ်ထာဝရဘုရားသည် ဤအရပ်၌ရှိတော်မူ၏။ ရှိတော်မူကြောင်းကိုငါမသိ။
ရှောလမုန်မင်းကြီးနိုးလာလျှင် အိပ်မက်ဖြစ်ကြောင်းကို သိရလေ၏။ သူသည် ဂျေရုဆလင်မြို့သို့ ပြန်သွား၍ ဘုရားရှင်၏ပဋိညာဉ်သေတ္တာတော်ရှေ့တွင် ရပ်လျက် မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်လေ၏။ ထို့နောက် သူ၏အမှုထမ်းအပေါင်းတို့အတွက် စားသောက်ပွဲ ကျင်းပပေးလေ၏။
အကယ်စင်စစ် ဘုရားသခင်သည် တစ်ကြိမ်မက နှစ်ကြိမ်မိန့်တော်မူသော်လည်း မည်သူမျှသတိမမူ။
ငါ့အနားမှ ဖြတ်သွားသည်ကို ငါမမြင်။ ငါ့ကို ကျော်သွားသော်လည်း ကိုယ်တော်ကို ငါမမှတ်မိ။
ကိုယ်တော်၏ဝိညာဉ်တော်မှလွတ်ရန် မည်သည့်အရပ်သို့ အကျွန်ုပ်သွားနိုင်ပါမည်နည်း။ ကိုယ်တော်၏ရှေ့တော်မှောက်မှလွတ်ရန် မည်သည့်အရပ်သို့ အကျွန်ုပ်ထွက်ပြေးနိုင်ပါမည်နည်း။
အို ဘုရားသခင်၊ ကိုယ်တော်သည် ကိုယ်တော်၏သန့်ရှင်းရာဌာနတော်၌ အံ့ဩဖွယ်ဖြစ်တော်မူ၏။ အစ္စရေးလူမျိုး၏ဘုရားသခင်သည် လူမျိုးတော်အား အစွမ်းသတ္တိနှင့်ခွန်အားများကိုပေးတော်မူ၏။ ဘုရားသခင်သည် မင်္ဂလာရှိပါစေသော။
အို ထာဝရဘုရား၊ ဘုရားတို့တွင် အဘယ်မည်သောဘုရားသည် ကိုယ်တော်နှင့်တူပါသနည်း။ သန့်ရှင်းခြင်းကြောင့် ဘုန်းကြီးတော်မူသော၊ ဘုန်းအသရေကြောင့် ကြောက်ရွံ့ဖွယ်ဖြစ်တော်မူသော၊ အံ့ဖွယ်သောအမှုကိုပြုတော်မူသော ကိုယ်တော်နှင့် အဘယ်သူတူပါသနည်း။
ချုံပုတ်ကိုကြည့်ရန် မောရှေသွားသည်ကို ထာဝရဘုရားမြင်တော်မူ၏။ ဘုရားသခင်က “မောရှေ၊ မောရှေ”ဟု ချုံပုတ်ထဲမှခေါ်လျှင် မောရှေက “အကျွန်ုပ်ရှိပါသည်”ဟု ထူးလေ၏။
ဘုရားသခင်က “ဤနေရာသို့မချဉ်းကပ်နှင့်။ သင်ရပ်နေသောနေရာသည် သန့်ရှင်းသောမြေဖြစ်၍ သင်၏ခြေမှဖိနပ်ကိုချွတ်လော့”ဟု မိန့်တော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် သန့်ရှင်းသည်ဟု သိမှတ်ရမည်။ ကိုယ်တော်သည်သာ သင်တို့ကြောက်ရွံ့ရာ၊ သင်တို့ထိတ်လန့်ရာ ဖြစ်တော်မူ၏။
ဤတွင် ငါနိုးလာ၍ မော်ကြည့်လိုက်၏။ ငါသည် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ပါသည်တကား။
ထိုအခါ ထာဝရဘုရားက “ငါ့စကားကို နားထောင်ကြလော့။ သင်တို့တွင် ပရောဖက်ရှိလျှင် ငါထာဝရဘုရားသည် ထိုပရောဖက်အား နိမိတ်အာရုံအားဖြင့် ကိုယ်ထင်ရှားပြမည်။ အိပ်မက်အားဖြင့် မိန့်မြွက်မည်။
ယောရှုသည် ဂျေရိခေါမြို့နားတွင်ရှိနေစဉ် မျှော်ကြည့်လိုက်သောအခါ လက်၌ဓားကိုင်ထားသောလူတစ်ယောက် သူ့ရှေ့၌ရပ်နေသည်ကို တွေ့၏။ ယောရှုကလည်း သူ့ထံသွား၍ “သင်သည် ငါတို့ဘက်ကလော၊ ရန်သူတို့ဘက်ကလော”ဟု မေးလေ၏။
ထာဝရဘုရားခန့်အပ်ထားသောကောင်းကင်ဗိုလ်ခြေ၏စစ်သူကြီးကလည်း “သင်ရပ်နေသောနေရာသည် သန့်ရှင်းသောမြေဖြစ်၍ သင်၏ခြေမှဖိနပ်ကိုချွတ်လော့”ဟု ဆိုသည့်အတိုင်း ယောရှု ပြုလေ၏။