သင်၏ဖခင်မကွယ်လွန်မီ သင့်ကိုကောင်းချီးပေးမည့်အကြောင်း ထိုဟင်းကို သူစားရန် သူ့ထံသို့ သင်ယူသွားရမည်”ဟု ဆိုလေ၏။
ကမ္ဘာဦး 27:9 - မြန်မာ့စံမီသမ္မာကျမ်း သိုးအုပ်ဆိတ်အုပ်ရှိရာသို့သွား၍ ဆူဖြိုးသောဆိတ်သငယ်နှစ်ကောင်ကို ငါ့ထံသို့ယူခဲ့လော့။ ငါသည် သင်၏ဖခင်ကြိုက်နှစ်သက်သည့် အရသာကောင်းသောဟင်းလျာကိုချက်မည်။ Common Language Bible ဆိတ်အုပ်ရှိရာသို့သွားပြီးလျှင် ဆူဖြိုးသော ဆိတ်ငယ်နှစ်ကောင်ကိုရွေးယူခဲ့လော့။ ငါသည် သင့်ဖခင်ကြိုက်နှစ်သက်သောဟင်းကိုချက် ပေးမည်။- Garrad Bible ဆိတ် အုပ် ရှိ ရာ သို့ သွား ၍ ကောင်း သော ဆိတ် ငယ် နှစ် ကောင် ကို ငါ့ ထံ ယူ ခဲ့ လော့။ သင့် အ ဘ မြိန် ရှက် သော ဘော ဇဉ် ကို ငါ ပြင် ဆင် ပြီး မှ၊ Judson Bible ယခုဆိတ်စုရှိရာသို့သွား၍၊ ကောင်းသော ဆိတ်သငယ်နှစ်ကောင်ကို ငါ့ထံသို့ယူခဲ့ပါလော့။ သင်၏အဘ မြိန်ရှက်တတ်သော အမဲဟင်းလျာကို ငါချက်မည်။ |
သင်၏ဖခင်မကွယ်လွန်မီ သင့်ကိုကောင်းချီးပေးမည့်အကြောင်း ထိုဟင်းကို သူစားရန် သူ့ထံသို့ သင်ယူသွားရမည်”ဟု ဆိုလေ၏။
ထို့ကြောင့် သူသည် ဆိတ်သငယ်တို့ကို သွားယူ၍ မိခင်ထံသို့ ယူလာ၏။ မိခင်သည်လည်း ဖခင်ကြိုက်နှစ်သက်သည့် အရသာကောင်းသောဟင်းလျာကိုချက်လေ၏။
ငါကြိုက်နှစ်သက်သည့် အရသာကောင်းသောဟင်းလျာကိုချက်ပြီး ငါစားဖို့ ငါ့ထံ ယူလာလော့”ဟု ဆိုလေ၏။
ထို့ကြောင့် ငါ့သား၊ ယခု ငါ့စကားကိုနားထောင်၍ သင့်အားငါပြောသည့်အတိုင်းပြုလော့။
မာနော်ကလည်း ထာဝရဘုရား၏ကောင်းကင်တမန်အား “မသွားပါနှင့်ဦး။ သင့်အတွက် ဆိတ်သငယ်တစ်ကောင်ကို ချက်ပြုတ်ပြင်ဆင်ပါမည်”ဟု လျှောက်ဆို၏။
ထိုအခါ ယေရှဲသည် စားစရာများနှင့်စပျစ်ဝိုင်တစ်ဘူးကို ယူ၍ မြည်းပေါ်တွင်တင်ပြီး ဆိတ်သငယ်တစ်ကောင်နှင့်အတူ မိမိသားဒါဝိဒ်ကို ရှောလုမင်းကြီးထံ လွှတ်လိုက်လေ၏။