ဣဇက်ကလည်း “ငါ့သား၊ ငါစားဖို့ တောကောင်သားကို ငါ့ထံသို့ ယူလာလော့။ ငါစားပြီးလျှင် သင့်ကို ကောင်းချီးပေးမည်”ဟု ဆိုလျှင် ယာကုပ်သည် သူ့ထံသို့ယူလာ၍ သူသည်စားလေ၏။ စပျစ်ဝိုင်ကိုလည်း ယူလာပေးရာ သူသည်သောက်လေ၏။
ကမ္ဘာဦး 27:26 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယာကုပ်၏ဖခင်ဣဇက်က “ငါ့သား၊ ငါ့ထံသို့ချဉ်းကပ်၍ ငါ့ကိုနမ်းလော့”ဟု ဆိုသဖြင့် Common Language Bible ထိုနောက်ဖခင်က``ငါ့သား၊ အနားသို့တိုး လာ၍ငါ့ကိုနမ်းလော့ဟုခိုင်း၏။- Garrad Bible သုံး ဆောင် ပြီး မှ အ ဘ ဣ ဇာက် က ငါ့ သား၊ ချဉ်း ကပ်၍ ငါ့ ကို နမ်း ပါ လော့ ဟု ဆို လျှင်၊ ယာ ကုပ် ချဉ်း ကပ်၍ နမ်း လေ၏။ Judson Bible ထိုနောက် အဘက၊ ငါ့သားချဉ်းကပ်၍ ငါ့ကိုနမ်းပါလော့ဟုဆိုလျှင်၊ ယာကုပ်သည် ချဉ်းကပ်၍ အဘကိုနမ်းလေ၏။ |
ဣဇက်ကလည်း “ငါ့သား၊ ငါစားဖို့ တောကောင်သားကို ငါ့ထံသို့ ယူလာလော့။ ငါစားပြီးလျှင် သင့်ကို ကောင်းချီးပေးမည်”ဟု ဆိုလျှင် ယာကုပ်သည် သူ့ထံသို့ယူလာ၍ သူသည်စားလေ၏။ စပျစ်ဝိုင်ကိုလည်း ယူလာပေးရာ သူသည်သောက်လေ၏။
ယာကုပ်သည် သူ့ထံသို့ချဉ်းကပ်၍ နမ်းလေ၏။ ထိုအခါ ဣဇက်သည် ယာကုပ်အဝတ်၏အနံ့ကိုခံ၍ “ကြည့်ရှုလော့။ ငါ့သား၏အနံ့သည် ထာဝရဘုရားကောင်းချီးပေးတော်မူသောလယ်၏ရနံ့နှင့်တူ၏။
ထို့ကြောင့် ယွာဘသည် ရှင်ဘုရင်ထံသို့သွား၍ လျှောက်တင်ရာ ရှင်ဘုရင်က အဗရှလုံကိုဆင့်ခေါ်၏။ သူသည် ရှင်ဘုရင်ထံရောက်လာသောအခါ ရှင်ဘုရင်၏ရှေ့တွင် ပျပ်ဝပ်ဦးညွှတ်၏။ ရှင်ဘုရင်လည်း အဗရှလုံကို နမ်းလေ၏။
“အရှင်သည် အကျွန်ုပ်ကို နှုတ်ခမ်းအနမ်းဖြင့် နမ်းပါစေသော။ အရှင့်မေတ္တာသည် စပျစ်ဝိုင်ထက် ချိုမြိန်ပါ၏။
ထို့ကြောင့် သူသည် ယေရှုထံသို့ ချက်ချင်းချဉ်းကပ်၍ “မင်္ဂလာပါ၊ ရဗ္ဗိ”ဟု ဆိုလျက် ကိုယ်တော်ကိုနမ်းလေ၏။