Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှောလမုန်သီချင်း။ 1:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 “​အရှင်​သည် အကျွန်ုပ်​ကို နှုတ်ခမ်း​အနမ်း​ဖြင့် နမ်း​ပါစေသော​။ အရှင့်​မေတ္တာ​သည် စပျစ်ဝိုင်​ထက် ချိုမြိန်​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 ကိုယ်တော်၌ မွှေးကြိုင်းသော နံ့သာဆီကဲ့သို့၊ နာမတော်သည် သွန်းလောင်းသောနံ့သာဆီဖြစ်ပါ၏။ ထိုကြောင့်သတို့သမီးကညာတို့သည် ကိုယ်တော်ကိုချစ်ကြ ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 သ​ခင်​နှုတ်​ဆက်​သော နမ်း​ခြင်း​ဖြင့် ကျွန်​မ​ကို​နမ်း​ပါ​စေ။ ကိုယ်​တော်၏​မေ​တ္တာ​သည် စ​ပျစ်​ရည်​ထက် သာ၍​ကောင်း​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှောလမုန်သီချင်း။ 1:2
20 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ယာကုပ်​သည် ရာခေလ​ကို​နမ်း​၍ အော်ဟစ်​ငိုကြွေး​လေ​၏​။


ယောသပ်​သည် မိမိ​၏​အစ်ကို​အပေါင်း​တို့​ကို​လည်း​နမ်း​၍ ငိုကြွေး​လေ​၏​။ ထို့နောက်မှ သူ​၏​ညီအစ်ကို​တို့​သည် သူ​နှင့်​စကားပြော​ကြ​၏​။


သား​တော်​ကို​နမ်း​ကြ​လော့​။ သို့မဟုတ်လျှင် အမျက်​တော်​ထွက်​သဖြင့် သင်​တို့​သည် လမ်း​၌​ပျက်စီး​ကြ​ရ​လိမ့်မည်​။ အကြောင်းမူကား ကိုယ်တော်​၏​အမျက်​တော်​မီး​သည် တစ်ခဏချင်း​တွင်​တောက်လောင်​လိမ့်မည်​။ ကိုယ်တော်​ကို​ခိုလှုံ​သော​သူ​အပေါင်း​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။


အို ဘုရားသခင်​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အဖိုးတန်​လှ​ပါ​၏​။ လူသား​တို့​သည် ကိုယ်တော်​၏ အတောင်​တော်​အရိပ်​အောက်​၌ ခိုလှုံ​ကြ​ပါ​၏​။


အကျွန်ုပ်​ကို ဆွဲခေါ်​သွား​ပါ​။ အကျွန်ုပ်​တို့ ပြေး​ကြ​ပါစို့​။ ရှင်ဘုရင်​သည် အကျွန်ုပ်​ကို အတွင်းခန်း​သို့ ခေါ်ဆောင်​သွား​ပါ​၏​။” “အကျွန်ုပ်​တို့ ရွှင်လန်း​ဝမ်းမြောက်​ကြ​ပါ​၏​။ စပျစ်ဝိုင်​ထက် အရှင့်​မေတ္တာ​အကြောင်း​ကို ချီးမွမ်း​ကြ​ပါ​မည်​။ အရှင့်​ကို အမှန်တကယ်​ချစ်​ကြ​ပါ​၏​။”


အရှင်​သည် အကျွန်ုပ်​ကို စားသောက်ပွဲ​ကျင်းပ​ရာ​အိမ်​သို့ ခေါ်သွား​ပါ​၏​။ အကျွန်ုပ်​ပေါ်၌​ရှိ​သော​အရှင်​၏​အောင်လံ​သည် မေတ္တာ​ဖြစ်​ပါ​၏​။


အို ငါ့​နှမ​၊ ငါ့​သတို့သမီး​၊ သင်​၏​ချစ်ခြင်းမေတ္တာ​သည် တင့်တယ်​လှ​ပါ​၏​။ သင်​၏​ချစ်ခြင်းမေတ္တာ​သည် စပျစ်ဝိုင်​ထက်​သာ၍ နှစ်သက်ဖွယ်​ကောင်း​ပါ​၏​။ သင်​၏​နံ့သာဆီ​သည်​လည်း အမွှေးနံ့သာ​တကာ​တို့​ထက် သာ၍​မွှေး​ပါ​၏​။


နှုတ်​ချို​၍ သူ့​တစ်ကိုယ်လုံး နှစ်သက်မြတ်နိုးဖွယ်​ဖြစ်​၏​။ အို ဂျေရုဆလင်​သမီးပျို​တို့​၊ ဤ​သူ​ကား အကျွန်ုပ်​၏​ချစ်သူ​၊ ဤ​သူ​သည် အကျွန်ုပ်​မိတ်ဆွေ ဖြစ်​၏​။​”


စောစောထ​၍ စပျစ်ခြံ​သို့​သွား​ကြ​စို့​။ စပျစ်ပင်​တို့ အညွန့်ထွက်​မ​ထွက်​၊ အပွင့် ပွင့်​မ​ပွင့်​၊ သလဲပင် ပွင့်​မ​ပွင့် သွားကြည့်​ကြ​စို့​။ ထို​နေရာ​တွင် အကျွန်ုပ်​၏​ချစ်ခြင်းမေတ္တာ​ကို အရှင့်​အား ပေးအပ်​ပါ​မည်​။


အို အချစ်လေး​၊ သင်​သည် အလွန်​အဆင်းလှ​ပါ​၏​။ အလွန်​နှစ်သက်ဖွယ်​ကောင်း​ပါ​၏​။ အလွန်​စွဲမက်စရာ​ကောင်း​လှ​ပါ​၏​။


သင့်​နှုတ်​သည် အကောင်းစား​စပျစ်ဝိုင်​ဖြစ်​ပါစေ​။” “အကျွန်ုပ်​ချစ်သူ​အဖို့ ထို​စပျစ်ဝိုင်​သည် နှုတ်ခမ်း​နှင့် သွား​များ​မှတစ်ဆင့် ချောမွေ့​စွာ​စီးဆင်း​ပါ​၏​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် လူ​အပေါင်း​တို့​အတွက် အကောင်းဆုံး​အစားအစာ​နှင့် နှစ်ချို့စပျစ်ဝိုင်​စားသောက်ပွဲ​ကို ဤ​တောင်​ပေါ်၌ ပြင်ဆင်​တော်မူ​မည်​။ ထို​စားသောက်ပွဲ​တွင် အဆီအနှစ်​နှင့်​ပြည့်​သော​အကောင်းဆုံး​အစားအစာ​များ​၊ သန့်စင်​ထား​သော​နှစ်ချို့စပျစ်ဝိုင်​များ​ဖြင့် တည်ခင်း​တော်မူ​မည်​။


ထို့နောက် သူ​တို့​စား​လျက်​နေ​ကြ​စဉ် ယေရှု​သည် မုန့်​ကို​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် မုန့်​ကို​ဖဲ့​၍ တပည့်​တော်​တို့​အား​ပေး​လျက်“ယူ​၍​စား​ကြ​လော့။ ဤ​မုန့်​ကား ငါ​၏​ကိုယ်ခန္ဓာ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။


ထ​၍ မိမိ​ဖခင်​ထံသို့​ပြန်လာ​လေ​၏။ သူ​သည် အဝေး​၌​ရှိ​နေ​စဉ်​ပင် သူ​၏​ဖခင်​သည် သူ့​ကို​မြင်​လျှင် ကြင်နာ​စိတ်​ရှိ​သဖြင့် ပြေး​လာ​၍ သူ့​ကို​ဖက်​လျက် နမ်း​လေ​၏။


ထို့နောက် ပတောလင်​မြို့​သို့​ရောက်​၍ တိုင်ရာ​မြို့​မှ ငါ​တို့​ထွက်လာ​သည့် ပင်လယ်​ခရီး​ပြီးဆုံး​လေ​၏။ ငါ​တို့​သည် ထို​မြို့​၌​ရှိ​သော​ညီအစ်ကို​များ​ကို​နှုတ်ဆက်​၍ သူ​တို့​နှင့်အတူ တစ်​ရက်​နေ​ကြ​၏။


အချင်းချင်း​မေတ္တာ​အနမ်း​ဖြင့် နှုတ်ဆက်​ကြ​လော့။ ခရစ်တော်​၌​ရှိ​ကြ​သော သင်​တို့​အားလုံး​၌ ငြိမ်သက်​ခြင်း​ရှိ​ပါစေသော။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ