“အို အကျွန်ုပ်သခင်အာဗြဟံ၏ဘုရားသခင်ထာဝရဘုရား၊ ယနေ့ အကျွန်ုပ်၏အမှုကို အထမြောက်အောင်မြင်စေ၍ အကျွန်ုပ်၏သခင်အာဗြဟံအား မေတ္တာကရုဏာကိုပြတော်မူပါ။
ကမ္ဘာဦး 27:20 - မြန်မာ့စံမီသမ္မာကျမ်း ဣဇက်ကလည်း “ငါ့သား၊ အဘယ်ကြောင့် ဤမျှလောက်လျင်မြန်စွာတွေ့ရသနည်း”ဟု မေးလျှင် ယာကုပ်က “အဖေ၏ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်အား တွေ့ခွင့်ပေးတော်မူသောကြောင့်ဖြစ်ပါသည်”ဟု ပြန်ဆို၏။ Common Language Bible ဣဇာက်က``ငါ့သား၊ အမဲကောင်အရမြန်လှ ပါတကား'' ဟုဆို၏။ ယာကုပ်က``အဖ၏ဘုရားသခင်ထာဝရ ဘုရားစောင်မခြင်းကြောင့်အမဲကောင်ကို အမြန်ရပါသည်'' ဟုပြန်ဖြေ၏။ Garrad Bible အ ဘ ဣ ဇာက် က လည်း ငါ့ သား၊ ဤ သို့ လျင် မြန် စွာ တွေ့ ရ သည် ကား မည် သို့ နည်း ဟု သား အား မေး လျှင်၊ အ ဘ ၏ ဘု ရား သ ခင် ထာ၀ ရ ဘု ရား သည် ကျွန် တော် ဆောင် ရွက် သော အ မှု ကို အ ထ မြောက် စေ တော် မူ သည် ဟု ပြန် လျှောက် သော်၊ Judson Bible အဘဣဇာက်ကလည်း၊ ငါ့သား၊ ဤမျှလောက် လျင်မြန်စွာတွေ့ရသောအကြောင်းကား၊ အဘယ်သို့နည်းဟု သားအားမေးလျှင်၊ အဘ၏ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်ရှိရာသို့ ဆောင်ခဲ့တော်မူသောကြောင့်၊ လျင်မြန်စွာတွေ့ရပါသည်ဟု ပြန်ဆိုလေ၏။ |
“အို အကျွန်ုပ်သခင်အာဗြဟံ၏ဘုရားသခင်ထာဝရဘုရား၊ ယနေ့ အကျွန်ုပ်၏အမှုကို အထမြောက်အောင်မြင်စေ၍ အကျွန်ုပ်၏သခင်အာဗြဟံအား မေတ္တာကရုဏာကိုပြတော်မူပါ။
ဣဇက်ကလည်း “ငါ့သား၊ သင်သည် အမှန်ပင် ငါ့သားဧသောဟုတ်၊ မဟုတ် သင့်ကို ငါစမ်းကြည့်နိုင်ရန် ငါ့နားသို့လာပါလော့”ဟု ယာကုပ်အားဆို၏။
သင်တို့သည် ဘုရားသခင်ဘက်မှနေ၍ ကောက်ကျစ်သောစကား၊ လိမ်လည်လှည့်စားသောစကားတို့ကို ပြောဆိုကြမည်လော။
သင်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်ကို အချည်းနှီးမမြွက်ဆိုရ။ အကြောင်းမူကား ထာဝရဘုရားသည် မိမိ၏နာမတော်ကို အချည်းနှီးမြွက်ဆိုသောသူအား အပြစ်မပေးဘဲနေတော်မူမည်မဟုတ်။