အဦးဆုံးမွေးလာသောသားသည် အသားအရေနီ၍ သူ၏တစ်ကိုယ်လုံးသည် သားမွေးခြုံထည်ကဲ့သို့ဖြစ်၏။ သူ၏အမည်ကို ဧသော ဟုမှည့်ခေါ်လေ၏။
ကမ္ဘာဦး 27:16 - မြန်မာ့စံမီသမ္မာကျမ်း ဆိတ်သငယ်၏သားရေတို့ဖြင့် သူ၏လက်နှင့် ပြောင်ချောနေသော သူ၏လည်ပင်းကို ဖုံးအုပ်ပေး၏။ Common Language Bible သူ၏လက်မောင်းများနှင့်အမွေးမပေါက်သော လည်ပင်းတို့တွင်ဆိတ်သားရေကိုပတ်စည်း ပေး၏။- Garrad Bible ထို ဆိတ် ငယ့် သား ရေ ကို လက် ၌ လည်း ကောင်း၊ ချော သော လည် ၌ လည်း ကောင်း၊ ဆင် ယင် ၍၊ Judson Bible ဆိတ်သငယ်၏သားရေကိုလည်းယူ၍ သူ၏လက်၌လည်းကောင်း၊ လည်ပင်းချောသောဘက်၌လည်းကောင်း ဆင်ယင်ပြီးလျှင်၊ |
အဦးဆုံးမွေးလာသောသားသည် အသားအရေနီ၍ သူ၏တစ်ကိုယ်လုံးသည် သားမွေးခြုံထည်ကဲ့သို့ဖြစ်၏။ သူ၏အမည်ကို ဧသော ဟုမှည့်ခေါ်လေ၏။
ထို့နောက် ရေဗက္ကာသည် အိမ်တွင် သူ၌ရှိသော သားကြီးဧသော၏အကောင်းဆုံးအဝတ်ကိုယူ၍ သားငယ်ယာကုပ်အား ဝတ်ဆင်ပေးလျက်
မိမိချက်ထားသည့် အရသာကောင်းသောဟင်းလျာနှင့်မုန့်ကိုလည်း သားယာကုပ်၏လက်၌ ထည့်ပေးလေ၏။
ယာကုပ်၏လက်သည် အစ်ကိုဧသော၏လက်ကဲ့သို့ အမွေးထူသောကြောင့် ယာကုပ်ဖြစ်ကြောင်းမသိနိုင်သဖြင့် ဣဇက်သည် သူ့ကိုကောင်းချီးပေးလေ၏။