ထာဝရဘုရားက “သင်၏ဝမ်းထဲ၌ လူမျိုးနှစ်မျိုးရှိ၏။ သင့်အထဲမှ လူမျိုးနှစ်မျိုးခွဲထွက်လာလိမ့်မည်။ လူမျိုးတစ်မျိုးသည် အခြားတစ်မျိုးထက်အင်အားကြီးမားလိမ့်မည်။ အကြီးသည် အငယ်ကိုအစေခံရလိမ့်မည်”ဟု သူ့အား မိန့်တော်မူ၏။
ကမ္ဘာဦး 27:13 - မြန်မာ့စံမီသမ္မာကျမ်း မိခင်ကလည်း “ငါ့သား သင်ခံရမည့်ကျိန်ဆဲခြင်းသည် ငါ့အပေါ်သို့သက်ရောက်ပါစေ။ ငါ့စကားကိုသာနားထောင်လော့။ သွား၍ဆိတ်သငယ်တို့ကို ငါ့ထံသို့ ယူခဲ့လော့”ဟု ဆို၏။ Common Language Bible ငါ့သား၊ သင်ခံရမည့်ကျိန်စာသင့်ခြင်းကို ငါခံရပါစေ။ ငါပြောသည့်အတိုင်းဆိတ် များကိုသာငါ့ထံသို့ယူခဲ့ပါ'' ဟုမိခင် ကဆိုလေ၏။- Garrad Bible အ မိ က ငါ့ သား၊ သင် ခံ ရ မည့် အ မင်္ဂ လာ သည် ငါ့ အ ပေါ် သို့ သင့် ရောက် ပါ စေ။ ငါ့ စ ကား ကို သာ နာ ခံ၍ ထို ဆိတ် ငယ် များ ကို ယူ ခဲ့ လော့ ဟု ဆို သည့် အ တိုင်း၊ Judson Bible အမိရေဗက္ကကလည်း၊ ငါ့သား၊ သင်ခံရသောကျိန်ခြင်းအမင်္ဂလာသည် ငါ၌သင့်ရောက်ပါစေ။ ငါ့စကားကိုနားထောင်၍ ဆိတ်သငယ်တို့ကိုသာယူခဲ့ပါဟု ဆိုသည်အတိုင်း၊ |
ထာဝရဘုရားက “သင်၏ဝမ်းထဲ၌ လူမျိုးနှစ်မျိုးရှိ၏။ သင့်အထဲမှ လူမျိုးနှစ်မျိုးခွဲထွက်လာလိမ့်မည်။ လူမျိုးတစ်မျိုးသည် အခြားတစ်မျိုးထက်အင်အားကြီးမားလိမ့်မည်။ အကြီးသည် အငယ်ကိုအစေခံရလိမ့်မည်”ဟု သူ့အား မိန့်တော်မူ၏။
ယာကုပ်ကလည်း “ယခုကျိန်ဆိုပါ”ဟု ဆိုသဖြင့် ဧသောသည် ကျိန်ဆို၏။ ဤသို့ဖြင့် ဧသောသည် မိမိ၏သားဦးအရိုက်အရာကို ယာကုပ်အားရောင်းလေ၏။
ထို့ကြောင့် သူသည် ဆိတ်သငယ်တို့ကို သွားယူ၍ မိခင်ထံသို့ ယူလာ၏။ မိခင်သည်လည်း ဖခင်ကြိုက်နှစ်သက်သည့် အရသာကောင်းသောဟင်းလျာကိုချက်လေ၏။
ထို့ကြောင့် ငါ့သား၊ ယခု ငါ့စကားကိုနားထောင်လော့။ ထ၍ ဟာရန်မြို့၌ရှိသော ငါ့အစ်ကိုလာဗန်ထံသို့ ထွက်ပြေးလော့။
ထို့ကြောင့် ငါ့သား၊ ယခု ငါ့စကားကိုနားထောင်၍ သင့်အားငါပြောသည့်အတိုင်းပြုလော့။
သူ့အတွက် အကျွန်ုပ်အာမခံပါ၏။ သူ့ကို အကျွန်ုပ်တာဝန်ယူပါမည်။ အကယ်၍ အကျွန်ုပ်သည် သူ့ကိုအဖေ့ထံသို့ ပြန်မခေါ်လာ၊ အဖေ့ထံပြန်မအပ်လျှင် အကျွန်ုပ်သည် အဖေ့၏အပြစ်တင်ခြင်းကို တစ်သက်လုံးခံယူပါမည်။
တေကောမြို့သူ ထိုအမျိုးသမီးကလည်း ရှင်ဘုရင်အား “အကျွန်ုပ်သခင်အရှင်မင်းကြီး၊ အကျွန်ုပ်နှင့် အကျွန်ုပ်ဖခင်၏မိသားစု၌သာ အပြစ်ရောက်ပါစေသော။ ရှင်ဘုရင်နှင့် သူ၏ရာဇပလ္လင်မူကား အပြစ်ကင်းပါစေသော”ဟု လျှောက်၏။
သူ၏မယ်တော်သည် ဆိုးယုတ်သောအကြံများကိုသာ ပေးသောကြောင့် သူသည် အာဟပ်မင်းမျိုးမင်းနွယ်လျှောက်သောလမ်းအတိုင်း လိုက်လျှောက်၏။
လူအပေါင်းတို့ကလည်း “သူ၏သွေးသည် ငါတို့နှင့်ငါတို့၏သားသမီးများအပေါ် ကျရောက်ပါစေ”ဟု ပြန်ပြောကြ၏။
အဘိဂဲလသည် ဒါဝိဒ်ခြေရင်းတွင် ပျပ်ဝပ်လျက် “အကျွန်ုပ်၏သခင်၊ အကျွန်ုပ်ကိုသာ အပြစ်ပေးပါ။ ယခု သခင့်ကျွန်မလျှောက်တင်ပါရစေ။ သခင့်ကျွန်မ၏စကားကို နားထောင်ပေးပါ။