ထို့နောက် ထိုပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးကျရောက်၏။ ထိုပြည်တွင် ငတ်မွတ်ခေါင်းပါးခြင်းဘေးအလွန်ဆိုးရွားသောကြောင့် အာဗြံသည် အီဂျစ်ပြည်၌တည်းခိုနေထိုင်ရန် ဆင်းသွားလေ၏။
ကမ္ဘာဦး 26:1 - မြန်မာ့စံမီသမ္မာကျမ်း အာဗြဟံလက်ထက်၌ကျရောက်ခဲ့ဖူးသော ငတ်မွတ်ခေါင်းပါးခြင်းဘေးမဟုတ်ဘဲ ထိုပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးထပ်မံကျရောက်သည်ဖြစ်၍ ဣဇက်သည် ဖိလိတ္တိဘုရင်အဘိမလက်မင်းကြီးရှိရာဂေရာမြို့သို့ သွားလေ၏။ Common Language Bible ထိုပြည်တွင်အာဗြဟံလက်ထက်ကကဲ့သို့ အစာခေါင်းပါးခြင်းကပ်ဆိုက်ရောက်လာရာ ဣဇာက်သည်ဖိလိတ္တိဘုရင်အဘိမလက် နန်းစိုက်ရာဂေရာမြို့သို့သွားလေ၏။- Garrad Bible အာ ဗြ ဟံ့ လက် ထက် ထို ပြည် တွင် သင့် ဘူး သော အ စာ ခေါင်း ပါး ခြင်း ကပ် မှ တစ် ပါး၊ နောက် တစ် ဖန် အ စာ ခေါင်း ပါး ခြင်း ကပ် သင့် ပြန်၍ ဣ ဇာက် သည် ဖိ လိ တ္တိ မင်း အ ဘိ မ လက် စံ နေ သော ဂေ ရာ မြို့ သို့ သွား လေ ၏။ Judson Bible အာဗြဟံလက်ထက် ထိုပြည်၌ဖြစ်ဖူးသော အစာခေါင်းပါးခြင်းမှတစ်ပါး၊ နောက်တစ်ဖန် အစာခေါင်းပါးခြင်းရှိပြန်သည်ဖြစ်၍၊ ဣဇာက်သည် ဖိလိတ္တိမင်းကြီး အဘိမလက်နေရာဂေရာမြို့သို့ သွားလေ၏။ |
ထို့နောက် ထိုပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးကျရောက်၏။ ထိုပြည်တွင် ငတ်မွတ်ခေါင်းပါးခြင်းဘေးအလွန်ဆိုးရွားသောကြောင့် အာဗြံသည် အီဂျစ်ပြည်၌တည်းခိုနေထိုင်ရန် ဆင်းသွားလေ၏။
အာဗြဟံကွယ်လွန်ပြီးနောက် သူ၏သားဣဇက်ကို ဘုရားသခင်ကောင်းချီးပေးတော်မူ၏။ ဣဇက်သည် ဗေရလဟဲရောအရပ်၌ နေထိုင်၏။
ထိုအခါ ယာကုပ်သည် မုန့်နှင့်ပဲနီဟင်းကို ဧသောအားပေးသဖြင့် သူသည် စားသောက်ပြီးမှ ထ၍ ထွက်သွားလေ၏။ ထိုသို့ ဧသောသည် သားဦးအရိုက်အရာကို မထီမဲ့မြင်ပြု၏။
ခါနာန်ပြည်၌လည်း ငတ်မွတ်ခေါင်းပါးခြင်းဘေးကျရောက်သဖြင့် အစ္စရေး၏သားတို့သည် အခြားသူများနှင့်အတူ အစားအစာဝယ်ယူရန် သွားကြ၏။
ဒါဝိဒ်မင်းကြီးလက်ထက်တွင် ငတ်မွတ်ခေါင်းပါးခြင်းဘေး သုံးနှစ်ဆက်တိုက်ဖြစ်၏။ ထို့ကြောင့် ဒါဝိဒ်မင်းကြီးက ထာဝရဘုရားထံမေးလျှောက်လျှင် ထာဝရဘုရားက “ရှောလုသည် ဂိဗောင်မြို့သားတို့ကို သတ်၍ အမျိုးအနွယ်ထဲတွင် သွေးစွန်းစေသောအပြစ်ကြောင့် ဤသို့ဖြစ်ရပြီ”ဟု မိန့်တော်မူ၏။
တစ်ဖန် ထာဝရဘုရားက မောရှေအား “သင်နှင့် အီဂျစ်ပြည်မှသင်ထုတ်ဆောင်ခဲ့သောလူတို့ ဤနေရာမှထွက်၍ အာဗြဟံ၊ ဣဇက်၊ ယာကုပ်အား ‘ထိုပြည်ကို သင်၏သားစဉ်မြေးဆက်အား ငါပေးမည်’ဟု ငါကျိန်ဆိုခဲ့သည့်အတိုင်း ထိုပြည်သို့ သွားကြလော့။
တရားသူကြီးတို့ အုပ်စိုးသည့်ကာလတွင် အစ္စရေးပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးကျရောက်သဖြင့် ယုဒပြည်၊ ဗက်လင်မြို့သားတစ်ဦးသည် မိမိ၏မယား၊ မိမိသားနှစ်ယောက်နှင့်အတူ မောဘပြည်သို့ သွားရောက်ခိုလှုံနေထိုင်၏။