ကမ္ဘာဦး 25:34 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယာကုပ်သည် မုန့်နှင့်ပဲနီဟင်းကို ဧသောအားပေးသဖြင့် သူသည် စားသောက်ပြီးမှ ထ၍ ထွက်သွားလေ၏။ ထိုသို့ ဧသောသည် သားဦးအရိုက်အရာကို မထီမဲ့မြင်ပြု၏။ Common Language Bible ထိုအခါယာကုပ်ကမုန့်နှင့်ပဲဟင်းကိုသူ့အား ပေး၍သူသည်စားသောက်ပြီးလျှင်ထွက်သွား လေ၏။ ထိုသို့လျှင်ဧသောသည်မိမိ၏သားဦး အရာကိုမထီလေးစားပြုသတည်း။ Garrad Bible ထို အ ခါ ယာ ကုပ် သည် မုန့် နှင့် ပဲ ဟင်း ကို ဧ သော အား ကျွေး ၍ သူ စား သောက် ပြီး မှ ထ သွား လေ၏။ ထို သို့ လျှင် ဧ သော သည် သြ ရ သ ရိုက် ရာ ကို မ ထီ မဲ့ မြင် ပြု သ တည်း။ Judson Bible ထိုအခါ ယာကုပ်သည်၊ မုန့်နှင့် ပဲဟင်းကို ဧသောအားပေးသဖြင့်၊ သူသည် စားသောက်ပြီးမှထ၍ သွားလေ၏။ ထိုသို့ဧသောသည်၊ မိမိနှင့် ဆိုင်သောသားဦးအရာကို မထီမဲ့မြင်ပြုသတည်း။ |
ယာကုပ်ကလည်း “ယခုကျိန်ဆိုပါ”ဟု ဆိုသဖြင့် ဧသောသည် ကျိန်ဆို၏။ ဤသို့ဖြင့် ဧသောသည် မိမိ၏သားဦးအရိုက်အရာကို ယာကုပ်အားရောင်းလေ၏။
အာဗြဟံလက်ထက်၌ကျရောက်ခဲ့ဖူးသော ငတ်မွတ်ခေါင်းပါးခြင်းဘေးမဟုတ်ဘဲ ထိုပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးထပ်မံကျရောက်သည်ဖြစ်၍ ဣဇက်သည် ဖိလိတ္တိဘုရင်အဘိမလက်မင်းကြီးရှိရာဂေရာမြို့သို့ သွားလေ၏။
ဖခင်ဣဇက်ကလည်း “သင်သည် မည်သူနည်း”ဟု မေးလျှင် ဧသောက “အကျွန်ုပ်သည် အဖေ့သား၊ အဖေ့သားဦးဧသောဖြစ်ပါသည်”ဟု ဆို၏။
သို့ဖြစ်၍ ပျော်ရွှင်မှုကိုငါထောမနာပြု၏။ အဘယ်ကြောင့်ဆိုသော် နေအောက်တွင် စားလျက်၊ သောက်လျက်၊ ဝမ်းမြောက်လျက်နေခြင်းထက် လူ့အတွက်ကောင်းသည့်အရာမရှိ။ ဤသည်ကား နေအောက်တွင် လူကိုဘုရားသခင်ပေးတော်မူသော အသက်တာ၏နေ့ရက်ကာလများ၌ လူ၏ကြိုးပမ်းအားထုတ်မှုထဲတွင် သူနှင့်အတူလိုက်ပါလာသောအရာဖြစ်၏။
“ငါတို့သည် မနက်ဖြန်သေရမည်ဖြစ်၍ စားကြသောက်ကြကုန်စို့”ဟု ဆိုလျက် သိုးနွားတို့ကိုသတ်၍ အသားစားကြ၏။ စပျစ်ဝိုင်သောက်လျက် ရွှင်မြူးဝမ်းမြောက်ကြ၏။
ထိုအခါ ထာဝရဘုရားက “ငါ့ကို အဖိုးဖြတ်သောငွေ များလှသည်တကား။ ထိုငွေကို အိုးထိန်းသည်ထံ ပစ်လိုက်ပါ”ဟု မိန့်တော်မူသည့်အတိုင်း ငွေစသုံးဆယ်ကိုယူ၍ ထာဝရဘုရား၏အိမ်တော်ရှိ အိုးထိန်းသည်ထံ ငါပစ်ချပေးလေ၏။
သို့သော် သူတို့သည် ဂရုမစိုက်ကြဘဲ တစ်ဦးသည် မိမိလယ်သို့လည်းကောင်း၊ အခြားတစ်ဦးသည် မိမိကုန်သွယ်ရာသို့လည်းကောင်း သွားကြ၏။
“ယေရှုကို သင်တို့လက်သို့အပ်နှံလျှင် သင်တို့သည် အကျွန်ုပ်အား ငွေမည်မျှပေးမည်နည်း”ဟု ဆိုသော် သူတို့သည် ယုဒအား ငွေဒင်္ဂါးသုံးဆယ်ကို သတ်မှတ်ပေးကြ၏။
ငါသည် လူ့သဘောဖြင့် ဧဖက်မြို့၌ သားရဲတို့နှင့်တိုက်ခိုက်ခဲ့သည်ဆိုလျှင် ငါ့အတွက် မည်သည့်အကျိုးရှိမည်နည်း။ သေလွန်သောသူတို့သည် ထမြောက်ခြင်းမရှိလျှင် ငါတို့သည် မနက်ဖြန်သေကြရမည်ဖြစ်၍ စားလျက်သောက်လျက်နေကြကုန်စို့။