ထာဝရဘုရားက “သင်၏ဝမ်းထဲ၌ လူမျိုးနှစ်မျိုးရှိ၏။ သင့်အထဲမှ လူမျိုးနှစ်မျိုးခွဲထွက်လာလိမ့်မည်။ လူမျိုးတစ်မျိုးသည် အခြားတစ်မျိုးထက်အင်အားကြီးမားလိမ့်မည်။ အကြီးသည် အငယ်ကိုအစေခံရလိမ့်မည်”ဟု သူ့အား မိန့်တော်မူ၏။
ကမ္ဘာဦး 25:24 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ရေဗက္ကာသည် သားဖွားရန်နေ့လစေ့လေ၏။ သူ၏ဝမ်းထဲ၌ သားအမြွှာရှိ၏။ Common Language Bible ရေဗက္ကသည်သားဖွားချိန်စေ့သောအခါ သား အမြွှာကိုဖွားမြင်လေသည်။- Garrad Bible ဖွား ချိန် စေ့ သော အ ခါ ဝမ်း တွင် သား အ မွှာ ရှိ သ ဖြင့်၊ Judson Bible ဖွားချိန်စေ့သောအခါ၊ သူ၏ဝမ်း၌သားအမွှာရှိသဖြင့်၊ |
ထာဝရဘုရားက “သင်၏ဝမ်းထဲ၌ လူမျိုးနှစ်မျိုးရှိ၏။ သင့်အထဲမှ လူမျိုးနှစ်မျိုးခွဲထွက်လာလိမ့်မည်။ လူမျိုးတစ်မျိုးသည် အခြားတစ်မျိုးထက်အင်အားကြီးမားလိမ့်မည်။ အကြီးသည် အငယ်ကိုအစေခံရလိမ့်မည်”ဟု သူ့အား မိန့်တော်မူ၏။
အဦးဆုံးမွေးလာသောသားသည် အသားအရေနီ၍ သူ၏တစ်ကိုယ်လုံးသည် သားမွေးခြုံထည်ကဲ့သို့ဖြစ်၏။ သူ၏အမည်ကို ဧသော ဟုမှည့်ခေါ်လေ၏။
အာဗြဟံသည် သားဣဇက်ကို ရ၏။ ဣဇက်၏သားများမှာ ဧသောနှင့် အစ္စရေး တို့ဖြစ်ကြ၏။
ဧဒုံအမျိုးသားသည် သင်၏အစ်ကိုဖြစ်သောကြောင့် သူတို့ကို သင်မရွံမုန်းရ။ အီဂျစ်ပြည်၌ သင်ဧည့်သည်ဖြစ်ခဲ့ဖူးသောကြောင့် အီဂျစ်အမျိုးသားတို့ကို သင်မရွံမုန်းရ။
ဣဇက်အား သားယာကုပ်နှင့်ဧသောကို ငါပေး၏။ ဧသောအား စိရတောင်ကို ငါအပိုင်ပေး၏။ ယာကုပ်နှင့်သူ၏သားတို့မူကား အီဂျစ်ပြည်သို့ဆင်းသွားကြ၏။