“ကျွန်မတို့ကိုကြိုဆိုရန် ကွင်းပြင်၌လျှောက်လာသော ထိုသူသည် မည်သူနည်း”ဟု အစေအပါးအားမေးလေ၏။ အစေအပါးကလည်း “သူသည် အကျွန်ုပ်၏သခင်ဖြစ်ပါသည်”ဟု ပြန်ပြောလျှင် ရေဗက္ကာသည် ခြုံပဝါကိုယူ၍ မျက်နှာကိုဖုံးလေ၏။
``လယ်ကွင်းထဲ၌ကျွန်ုပ်တို့ထံသို့လာနေသူ ကားမည်သူပါနည်း'' ဟုအာဗြဟံ၏အစေ ခံအားမေးလေ၏။ ``ကျွန်ုပ်၏သခင်ဖြစ်ပါသည်'' ဟုဖြေလျှင် ရေဗက္ကသည်ပုဝါကိုယူ၍မျက်နှာကိုဖုံးလိုက်၏။
ကျွန် မ တို့ ကို ကြို ဆို ရန် ကွင်း ပြင်၌ လျှောက် လာ သူ ကား မည် သူ နည်း ဟု ကျွန် အား မေး လေ သော်၊ ထို ကျွန် က၊ ကျွန် တော့် သ ခင် တည်း ဟု ပြော ဆို ရာ ရေ ဗ က္က သည် ပု၀ါ နှင့် ဦး ခေါင်း ကို လွှမ်း ခြုံ လေ ၏။
ကျွန်ုပ်တို့ကို ကြိုဆိုခြင်းငှာ၊ တော၌လာသောထိုသူကား၊ အဘယ်သူနည်းဟု ကျွန်ကိုမေးလေသော်၊ ကျွန်က၊ ထိုသူသည် ကျွန်ုပ်သခင်ဖြစ်ပါ၏ဟု ပြောဆိုသောစကားကိုကြားလျှင်၊ ရေဗက္ကသည်မျက်နှာဖုံးကိုယူ၍ ဖုံးလေ၏။
စာရာကိုလည်း “ကြည့်လော့။ သင်၏အစ်ကိုအား ငွေစတစ်ထောင်ကို ငါပေးပြီ။ ဤငွေသည် သင်နှင့်အတူရှိသောသူအားလုံးရှေ့တွင် သင်၏ဂုဏ်သိက္ခာထိန်းသိမ်းခြင်းအတွက်ဖြစ်လိမ့်မည်။ သင်သည်လည်း အားလုံးရှေ့၌ အပြစ်ကင်းကြောင်းထင်ရှားလိမ့်မည်”ဟု မိန့်ဆို၏။
ရေဗက္ကာသည်လည်း မျှော်ကြည့်၍ ဣဇက်ကိုမြင်လျှင် ကုလားအုတ်အပေါ်မှဆင်းပြီး
အစေအပါးသည် မိမိပြုခဲ့သောအရာအားလုံးကို ဣဇက်အား ပြောပြလေ၏။
ရှေလကြီးပြင်းလာပြီဖြစ်သော်လည်း တာမာက မိမိကို ရှေလနှင့်မပေးစားကြောင်း သိမြင်သဖြင့် မိမိကိုယ်ပေါ်မှ မုဆိုးမအဝတ်ကိုချွတ်၍ မိမိကိုယ်ကိုခြုံပဝါဖြင့် ဖုံးအုပ်ခြုံရုံပြီးလျှင် တိမနတ်မြို့သို့သွားရာလမ်းရှိ ဧနိမ်မြို့အဝင်ဝ၌ ထိုင်နေ၏။
မှန်၊ ပိတ်ချောဝတ်ရုံ၊ ခေါင်းပေါင်း၊ ခြုံပဝါ စသည်တို့ကို ဖယ်ရှားတော်မူမည်။
ကြိတ်ဆုံကိုယူ၍ မုန့်ညက်ကြိတ်လော့။ သင်၏မျက်နှာလွှားကို ဖယ်လော့။ ဝတ်ရုံကို ချွတ်လော့။ အဝတ်ကို ပေါင်အထိပင့်၍ မြစ်ကိုကူးလော့။
ထို့ကြောင့် မိန်းမသည် ကောင်းကင်တမန်တို့ကိုထောက်၍ အခွင့်အာဏာ၏လက္ခဏာကို မိမိဦးခေါင်းပေါ်၌ ရှိစေသင့်၏။
ထိုနည်းတူ အမျိုးသမီးတို့သည်လည်း သင့်တင့်လျောက်ပတ်စွာ ဝတ်စားဆင်ယင်လျက် ဣန္ဒြေစောင့်ခြင်းနှင့်ယဉ်ကျေးသိမ်မွေ့ခြင်းတို့ဖြင့် မိမိတို့ကိုယ်ကိုဆင်ယင်ကြ၍ ကျစ်သောဆံပင်နှင့် ရွှေ၊ ပုလဲ၊ တန်ဖိုးကြီးသောအဝတ်အစားစသည်တို့ဖြင့် မဟုတ်ဘဲ