ထိုအကြောင်းကြောင့် ယောက်ျားသည် မိဘကိုစွန့်ခွာ၍ မိမိမယားနှင့်ပေါင်းဖက်သဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ကြလိမ့်မည်။
ကမ္ဘာဦး 24:61 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ရေဗက္ကာနှင့် သူ၏အစေခံမိန်းကလေးတို့သည်ထ၍ ကုလားအုတ်တို့ကိုစီးလျက် ထိုသူ၏နောက်သို့လိုက်သွားကြ၏။ ဤသို့ဖြင့် ထိုအစေအပါးသည် ရေဗက္ကာကိုခေါ်ဆောင်၍ ထွက်ခွာသွားလေ၏။ Common Language Bible ထိုနောက်ရေဗက္ကနှင့်သူ၏ကျွန်မများတို့သည် ကုလားအုတ်များကိုစီး၍ အာဗြဟံ၏အစေ ခံနှင့်အတူလိုက်ပါသွားကြလေသည်။ Garrad Bible ရေ ဗ က္က နှင့် အခြွေ အ ရံ တို့ ထ၍ ကု လား အုပ် ကို စီး လျက် ထို လူ နှင့် အ တူ လိုက် ကြ၏။ ထို ကျွန် လည်း၊ ရေ ဗက္က ကို ဆောင် သွား လေ ၏။ Judson Bible ရေဗက္ကနှင့် သူ၏မိန်းမငယ်တို့သည်ထ၍၊ ကုလားအုတ်ကိုစီးလျက်၊ ထိုယောက်ျားနှင့်အတူလိုက်ကြ၏။ ထိုသို့ အာဗြဟံကျွန်သည် ရေဗက္ကကိုဆောင်ယူ သွားလေ၏။ |
ထိုအကြောင်းကြောင့် ယောက်ျားသည် မိဘကိုစွန့်ခွာ၍ မိမိမယားနှင့်ပေါင်းဖက်သဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ကြလိမ့်မည်။
သူတို့သည် ရေဗက္ကာကိုကောင်းချီးပေးလျက် “ငါတို့နှမ၊ သင်သည် လူအထောင်အသောင်းတို့၏အမိဖြစ်လာပါစေ။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏မြို့တံခါးကို သိမ်းပိုက်နိုင်ပါစေ”ဟု ဆိုကြ၏။
ရာခေလသည် တေရပ်ရုပ်တုတို့ကိုယူ၍ ကုလားအုတ်ကုန်းနှီးထဲထည့်ပြီးလျှင် ၎င်းတို့အပေါ်၌ထိုင်နေ၏။ ထို့ကြောင့် လာဗန်သည် တဲတစ်တဲလုံးမွှေနှောက်သော်လည်း မတွေ့ချေ။
ထိုစာကို အာရွှေရုမင်းကြီး၏နာမည်နှင့် ရေးသား၍ ဘုရင်၏တံဆိပ်တုံးလက်စွပ်နှင့် ခတ်နှိပ်ပြီးလျှင် ခြေမြန်တော်တို့အား ဘုရင့်မြင်းဇောင်းတွင်မွေးထားသော၊ အပြေးမြန်သောမြင်းတို့ကိုစီးစေ၍ ပေးပို့စေ၏။
ရှင်ဘုရင်၏အမိန့်တော်အတိုင်း ခြေမြန်တော်တို့သည် တော်ဝင်မြင်းများကို ဒုန်းစိုင်းစီးထွက်သွားကြ၏။ ထိုအမိန့်စာကို ရှုရှန်နန်းတော်တွင်လည်း ကြေညာ၏။
သမီး၊ နားထောင်လော့။ ကြည့်ရှုဆင်ခြင်၍နားစွင့်လော့။ သင့်လူမျိုးနှင့် သင့်ဖခင်၏အိမ်ကို မေ့ထားလော့။
‘ယောက်ျားတစ်ယောက်အတွက် မိန်းမပျိုတစ်ယောက်၊ နှစ်ယောက်၊ သိသရအတွက် တိုက်ခိုက်လုယူသောပစ္စည်းထဲမှ ရောင်စုံအဝတ်အစား၊ ငါ့အတွက် ရောင်စုံပန်းထိုးအဝတ်အစား၊ ရောင်စုံပန်းထိုးလည်စည်း စသည်တို့ကိုခွဲဝေနေကြခြင်းသာဖြစ်မည်’ဟူ၍ ဖြစ်၏။
အဘိဂဲလသည် ချက်ချင်းထ၍ အနီးကပ်အစေခံအမျိုးသမီးငါးဦးပါလျက် မြည်းကိုစီးကာ ဒါဝိဒ်၏တမန်တို့နှင့်အတူ လိုက်သွား၍ ဒါဝိဒ်၏မယားအဖြစ် ခံယူလေ၏။
ဒါဝိဒ်သည် မှောင်ရီပျိုးချိန်မှစ၍ နောက်တစ်နေ့ နေဝင်ချိန်ထိ ထိုသူတို့ကို တိုက်ခိုက်ရာ ကုလားအုတ်စီး၍ ထွက်ပြေးသွားသောလူငယ်လေးရာမှလွဲ၍ ကျန်တစ်ဦးတစ်ယောက်မျှ မလွတ်ပေ။