(ဗေသွေလသည် ရေဗက္ကာ၏ဖခင်ဖြစ်၏။) မိလခါသည် အာဗြဟံ၏ညီနာခေါ်အတွက် ထိုသားရှစ်ယောက်ကိုမွေးဖွားလေ၏။
ကမ္ဘာဦး 24:48 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် အကျွန်ုပ်သည်ဦးညွှတ်၍ ထာဝရဘုရားကိုရှိခိုးကိုးကွယ်ကာ အကျွန်ုပ်သခင့်ညီ၏မြေးကို သခင့်သားအတွက်ရွေးယူရန် အကျွန်ုပ်ကို မှန်သောလမ်းဖြင့်ပို့ဆောင်တော်မူသော အကျွန်ုပ်သခင်အာဗြဟံ၏ဘုရားသခင်ထာဝရဘုရားကို ကောင်းချီးထောမနာပြုပါသည်။ Common Language Bible ထိုနောက်ကျွန်ုပ်သည်ထာဝရဘုရားအား ဦးညွှတ်ရှိခိုး၍ကျွန်ုပ်သခင်၏သားအတွက် မယားရှိရာဆွေမျိုးသားချင်းတို့ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်ပို့ဆောင်တော်မူသောကျွန်ုပ် သခင်အာဗြဟံ၏ဘုရားသခင်ထာဝရ ဘုရား၏ဂုဏ်တော်ကိုချီးမွမ်းပါသည်။- Garrad Bible ကျွန် တော့် သ ခင့်တူ၏ သ မီး ကို သ ခင့် သား အ ဖို့ ဆောင် ယူ စေ ခြင်း ငှါ ဖြောင့် သော လမ်း ဖြင့် ပို့ ဆောင် တော် မူ ခဲ့ သော သ ခင် အာ ဗြ ဟံ၏ ဘု ရား သ ခင် ထာ၀ ရ ဘု ရား ကို ဦး ညွှတ် ရှိ ခိုး ၍ သြ ဘာ ပြု လေ ၏။ Judson Bible ဦးညွှတ်ချ၍၊ ကျွန်ုပ်သခင်အစ်ကို၏မြေးကို သခင်၏သားဖို့ယူစေခြင်းငှာ၊ မှန်သောလမ်းဖြင့်ပို့ဆောင်တော်မူသော ကျွန်ုပ်သခင်အာဗြဟံ၏ ဘုရားသခင်ထာဝရဘုရားကို ကောင်းချီးပေး၍ ကိုးကွယ်လေ၏။ |
(ဗေသွေလသည် ရေဗက္ကာ၏ဖခင်ဖြစ်၏။) မိလခါသည် အာဗြဟံ၏ညီနာခေါ်အတွက် ထိုသားရှစ်ယောက်ကိုမွေးဖွားလေ၏။
အာဗြဟံ၏အစေအပါးသည် သူတို့၏စကားကိုကြားလျှင် မြေမှာပျပ်ဝပ်လျက် ထာဝရဘုရားကိုရှိခိုးလေ၏။
လမ်းခရီးတွင် ငါတို့နှင့်ကလေးသူငယ်များအပါအဝင် ပစ္စည်းဥစ္စာများ လုံခြုံမှုရှိစေရန် ဘုရားသခင်ရှေ့တော်၌ ကိုယ်ကိုနှိမ့်ချ၍ အစာရှောင်ဆုတောင်းကြမည့်အကြောင်း အဟာဝမြစ်နားတွင် ငါကြေညာ၏။
သူတို့နေထိုင်ရန်မြို့သို့ရောက်ရန် ဖြောင့်သောလမ်းဖြင့် သူတို့ကို ဦးဆောင်လမ်းပြတော်မူ၏။
ငါသည် သင့်ကိုပညာသတိရှိစေ၍ သင်သွားရမည့်လမ်းကိုသွန်သင်ပြသမည်။ သင့်ကိုကြည့်ရှုလျက် အကြံပေးမည်။
အကြောင်းမူကား ဤဘုရားသခင်သည် ကာလအစဉ်အဆက် ငါတို့၏ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် ငါတို့သေဆုံးသည့်တိုင်အောင် ငါတို့ကို ပို့ဆောင်တော်မူလိမ့်မည်။
ပြဋ္ဌာန်းချက်များ၊ ဥပဒေသများနှင့်ပတ်သက်၍ သူတို့အား သတိပေးရမည်။ သူတို့သွားရမည့်လမ်း၊ လုပ်ဆောင်ရမည့်အလုပ်ကို သူတို့အားသိစေရမည်။
ငါသည် သင့်အား ဉာဏ်ပညာလမ်းကို သွန်သင်ပြသ၍ ဖြောင့်မှန်သောလမ်းများထဲ၌ သင့်ကိုဦးဆောင်လမ်းပြခဲ့ပြီ။
အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်၊ သင့်ကိုရွေးနုတ်သောထာဝရဘုရားက “ငါသည် သင့်အကျိုးအတွက် သွန်သင်ပေးသောအရှင်၊ သင်သွားသောလမ်းတွင် သင့်ကိုပို့ဆောင်ပေးသောအရှင်၊ သင်၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။