ထို့နောက် ထာဝရအရှင်ဘုရားသခင်သည် လူထဲမှထုတ်ယူသောနံရိုးဖြင့် မိန်းမကိုဖန်ဆင်း၍ လူထံသို့ ခေါ်ဆောင်လာခဲ့၏။
ကမ္ဘာဦး 24:44 - မြန်မာ့စံမီသမ္မာကျမ်း သူက “သောက်ပါ။ သင်၏ကုလားအုတ်တို့အတွက်လည်း ကျွန်မရေခပ်ပေးပါမည်”ဟု ဆိုလျှင် ထိုသူသည် အကျွန်ုပ်သခင်၏သားအတွက် ထာဝရဘုရားရွေးချယ်ထားသောမိန်းမဖြစ်ပါစေသော’ဟု ဆုတောင်းခဲ့ပါသည်။ Common Language Bible အကယ်၍သူက`သောက်ပါ။ သင်၏ကုလားအုတ် များအတွက်ရေကိုခပ်ပေးပါဦးမည်' ဟုဆို လျှင်ထိုမိန်းမပျိုသည်အကျွန်ုပ်သခင်၏သား အတွက်ကိုယ်တော်ရှင်ရွေးချယ်သောမယား ဖြစ်ပါစေသော' ဟုဆုတောင်းပါသည်။- Garrad Bible သောက် ပါ။ ကု လား အုပ် များ အ ဖို့ လည်း ကျွန် မ ရေ ခပ် ပါ မည် ဟု ပြန် ဆို အံ့။ ထို သ မီး က ညာ သည် အ ကျွန်ုပ် သ ခင်၏ သား အ ဖို့ စီ မံ တော် မူ သော မိန်း မ ဖြစ် ပါ စေ သော ဟု လျှောက် ဆို ၏။ Judson Bible သောက်ပါ။ သင်၏ကုလားအုတ်တို့ဖို့လည်း ရေခပ်ပါမည်ဟု ပြန်ဆိုသောသမီးကညာသည်၊ ကိုယ်တော်ကျွန်၏သားဖို့၊ ခန့်ထားတော်မူသော မိန်းမဖြစ်ပါစေသောဟုလျှောက်ဆို၏။ |
ထို့နောက် ထာဝရအရှင်ဘုရားသခင်သည် လူထဲမှထုတ်ယူသောနံရိုးဖြင့် မိန်းမကိုဖန်ဆင်း၍ လူထံသို့ ခေါ်ဆောင်လာခဲ့၏။
အကျွန်ုပ်သည် မိန်းကလေးတစ်ဦးအား ‘သင်၏ရေအိုးကိုချ၍ အကျွန်ုပ်အားရေသောက်ခွင့်ပေးပါ’ဟု ဆိုသောအခါ သူက ‘သောက်ပါ။ သင်၏ကုလားအုတ်တို့ကိုလည်း ကျွန်မရေတိုက်ပေးပါမည်’ဟု ဆိုလျှင် ထိုသူသည် ကိုယ်တော်၏အစေအပါးဣဇက်အတွက် ကိုယ်တော်ရွေးချယ်ထားသောသူဖြစ်ပါစေသော။ ဤသို့အားဖြင့် ကိုယ်တော်သည် အကျွန်ုပ်၏သခင်အား မေတ္တာကရုဏာပြတော်မူကြောင်း အကျွန်ုပ်သိရပါလိမ့်မည်”ဟု ဆုတောင်းလေ၏။
အကျွန်ုပ်သည် စမ်းရေတွင်းနားမှာ ရပ်နေ၍ ရေခပ်ရန်ထွက်လာသည့် မိန်းမပျိုတစ်ယောက်အား “သင်၏ရေအိုးမှ ရေအနည်းငယ်သောက်ပါရစေ”ဟု ဆိုသောအခါ
ထိုသို့ အကျွန်ုပ်သည် စိတ်နှလုံးထဲ၌ မြွက်ဆို၍ မပြီးမီ ရေဗက္ကာသည် မိမိပခုံးပေါ်တွင် ရေအိုးတင်လျက်ထွက်လာပြီး စမ်းရေတွင်းသို့ဆင်းသွား၍ရေခပ်ပါသည်။ အကျွန်ုပ်က သူ့အား ‘ရေသောက်ပါရစေ’ဟု ဆိုလျှင်
မဲကို ပေါင်ခွင်၌ချတတ်ကြ၏။ သို့သော် စီရင်ဆုံးဖြတ်ချက်အားလုံးသည် ထာဝရဘုရားထံတော်မှလာ၏။
မယားကိုရသောသူသည် ကောင်းသောအရာကိုရ၍ ထာဝရဘုရားထံတော်မှ ကျေးဇူးတော်ကိုခံစားရ၏။
အိမ်ရာနှင့်စည်းစိမ်ဥစ္စာသည် မိဘဘိုးဘွားတို့ပေးသောအမွေဖြစ်၏။ ပညာသတိရှိသောမယားမူကား ထာဝရဘုရားပေးသနားတော်မူရာဖြစ်၏။
မြင့်မြတ်သောသူကား မြင့်မြတ်သောအကြံကို ကြံစည်တတ်၏။ မြင့်မြတ်သောအမှု၌ တည်၏။
ဘုရားသခင်အားကြည်ညိုလေးမြတ်ခြင်းရှိမည်ဟု ကတိပြုသောအမျိုးသမီးများနှင့်သင့်လျော်သည့်အရာတည်းဟူသော ကောင်းသောအမှုများဖြင့် မိမိကိုယ်ကိုဆင်ယင်ကြရန် ငါအလိုရှိ၏။
ဧည့်ဝတ်ပြုခြင်းကို မမေ့လျော့ကြနှင့်။ အကြောင်းမူကား အချို့တို့သည် ထိုဝတ်ကိုပြုခြင်းအားဖြင့် ကောင်းကင်တမန်များကို အမှတ်မထင်ဧည့်ခံခဲ့ကြ၏။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် သင်တို့အားလုံး တစ်စိတ်တစ်သဘောတည်းရှိလျက် ကြင်နာတတ်သောသဘော၊ ညီအစ်ကိုချင်းချစ်တတ်သောသဘော၊ သနားစုံမက်တတ်သောသဘောနှင့် စိတ်နှိမ့်ချသောသဘောရှိကြလော့။