ကုလားအုတ်တို့ရေသောက်ပြီးသောအခါ သူသည် အလေးချိန်တစ်ဗေကာရှိသောရွှေနှာဆွဲနှင့် မိန်းကလေးလက်၌ဝတ်ဆင်ရန် အလေးချိန်ရှယ်ကယ်တစ်ဆယ်ရှိသော ရွှေလက်ကောက်တစ်စုံကို ထုတ်ပေး၍
ကမ္ဘာဦး 24:30 - မြန်မာ့စံမီသမ္မာကျမ်း သူသည် သူ့ညီမထံမှ နှာဆွဲကိုလည်းကောင်း၊ လက်မှလက်ကောက်တို့ကိုလည်းကောင်း မြင်၍ “ထိုသူသည် ကျွန်မကို ဤသို့ပြောပါသည်”ဟု ဆိုသောမိမိညီမရေဗက္ကာ၏စကားကိုကြားသည်နှင့် ထိုသူရှိရာသို့သွားလေ၏။ ထိုသူသည် စမ်းရေတွင်းနားရှိ ကုလားအုတ်တို့အနီးတွင် ရပ်နေ၏။ Common Language Bible လာဗန်သည်နှမတွင်နှာဆွဲတန်ဆာနှင့်လက် ကောက်များဝတ်ဆင်ထားသည်ကိုမြင်သည့်ပြင် ထိုသူကနှမအားပြောပြသမျှကိုလည်း ကြားရ၏။ သို့ဖြစ်၍သူသည်ရေတွင်းနားတွင် ကုလားအုတ်တို့အနီး၌ရပ်နေသောအာဗြ ဟံ၏အစေခံထံသို့သွား၍၊- Garrad Bible သူ သည် ရွှေ ကွင်း ကို လည်း ကောင်း၊ နှ မ လက်၌ လက် ကောက် ကို လည်း ကောင်း မြင် လျက် ကျွန် မ အား ထို လူ ဤ သို့ ပြော သည် ဟု နှမ ရေ ဗ က္က ပြော သော စ ကား ကို ကြား ရ သ ဖြင့် စမ်း ရေ တွင်း ရှိ ရာ ကု လား အုပ် များ အ နီး ရပ် နေ သော ထို လူ့ ထံ ထို သို့ ရောက် လျှင်၊ Judson Bible သူသည်နှာဆွဲကိုလည်းကောင်း၊ နှမလက်၌ လက်ကောက်ကိုလည်းကောင်းမြင်၍၊ ထိုယောက်ျားသည်ကျွန်ုပ်ကို ဤသို့ပြောသည်ဟု၊ နှမရေဗက္ကဆိုသောစကားကို ကြားသောအခါ၊ ရေတွင်း၌ ကုလားအုတ်အနားမှာရပ်နေသောယောက်ျားထံသို့ ရောက်သောအခါ၊ |
ကုလားအုတ်တို့ရေသောက်ပြီးသောအခါ သူသည် အလေးချိန်တစ်ဗေကာရှိသောရွှေနှာဆွဲနှင့် မိန်းကလေးလက်၌ဝတ်ဆင်ရန် အလေးချိန်ရှယ်ကယ်တစ်ဆယ်ရှိသော ရွှေလက်ကောက်တစ်စုံကို ထုတ်ပေး၍
ရေဗက္ကာတွင် လာဗန်အမည်ရှိသောအစ်ကိုတစ်ယောက်ရှိ၏။ လာဗန်သည် ထိုသူရှိရာစမ်းရေတွင်းသို့ ပြေးလာ၏။
လာဗန်က “ထာဝရဘုရားကောင်းချီးပေးတော်မူသောသူ၊ ဝင်လာပါ။ အဘယ်ကြောင့် အပြင်၌ရပ်နေသနည်း။ အကျွန်ုပ်သည် အိမ်ကိုလည်းကောင်း၊ ကုလားအုတ်တို့အတွက် နေရာကိုလည်းကောင်း ပြင်ဆင်ထားပါပြီ”ဟု ဆို၏။
အပျိုကညာသည် မိမိအဆင်တန်ဆာကိုလည်းကောင်း၊ သတို့သမီးသည် မိမိမင်္ဂလာဆောင်ဝတ်စုံကိုလည်းကောင်း မေ့လျော့နိုင်မည်လော။ သို့သော် ငါ၏လူတို့သည် ကာလကြာမြင့်စွာ ငါ့ကိုမေ့လျော့ကြပြီ။
ထိုနေရာတွင် ပျော်ပါးနေသောလူအုပ်ကြီး ဆူညံနေ၏။ တောကန္တာရမှ သေသောက်ကြူးသော သာမန်ယောက်ျားသားတို့သည် သူတို့လက်တွင် လက်ကောက်များ၊ သူတို့ခေါင်းတွင် တင့်တယ်သောသရဖူများကို ဆင်ယင်ပေးကြလေပြီ။
သူသည် မိခင်အား “ငွေစတစ်ထောင့်တစ်ရာပျောက်သွားသဖြင့် အမေ ကျိန်ဆဲပြောဆိုနေသည်ကို အကျွန်ုပ်ကြားပါ၏။ ထိုငွေကို အကျွန်ုပ်ယူမိပါ၏။ အကျွန်ုပ်ထံ၌ ရှိပါ၏”ဟု ဆိုလျှင် မိခင်က “ငါ့သား၊ ထာဝရဘုရား သင့်ကို ကောင်းချီးပေးပါစေ”ဟု ဆို၏။