Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 24:29 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

29 ရေဗက္ကာ​တွင် လာဗန်​အမည်​ရှိ​သော​အစ်ကို​တစ်​ယောက်​ရှိ​၏​။ လာဗန်​သည် ထို​သူ​ရှိ​ရာ​စမ်းရေတွင်း​သို့ ပြေးလာ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

29 ရေ​ဗက္က​တွင်​လာ​ဗန်​ဟု​နာ​မည်​တွင်​သော​မောင် ရှိ​၏။ သူ​သည်​ထို​သူ​ရှိ​ရာ​ရေ​တွင်း​သို့​ပြေး လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

29 ရေ ဗ က္က၌ လာ ဗန် အ မည် ရှိ သော မောင် တစ် ယောက် ရှိ၏။ လာ ဗန် သည် မြို့ ပြင် စမ်း ရေ တွင်း အ နီး၊ ထို လူ ရှိ ရာ သို့ ပြေး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

29 ရေ​ဗ​က္က၌ လာ​ဗန်​အ​မည်​ရှိ​သော မောင်​တစ်​ယောက်​ရှိ၏။ လာ​ဗန်​သည် ယောက်ျား​ရှိ​ရာ ရေ​တွင်း​သို့​ပြေး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 24:29
8 ပူးပေါင်းရင်းမြစ်များ  

သူ​သည် သူ့​ညီမ​ထံမှ နှာဆွဲ​ကို​လည်းကောင်း​၊ လက်​မှ​လက်ကောက်​တို့​ကို​လည်းကောင်း မြင်​၍ “ထို​သူ​သည် ကျွန်မ​ကို ဤသို့​ပြော​ပါ​သည်​”​ဟု ဆို​သော​မိမိ​ညီမ​ရေဗက္ကာ​၏​စကား​ကို​ကြား​သည်​နှင့် ထို​သူ​ရှိ​ရာ​သို့​သွား​လေ​၏​။ ထို​သူ​သည် စမ်းရေတွင်း​နား​ရှိ ကုလားအုတ်​တို့​အနီး​တွင် ရပ်​နေ​၏​။


ရေဗက္ကာ​၏​မိခင်​နှင့်​အစ်ကို​က “​မိန်းကလေး​သည် အကျွန်ုပ်​တို့​နှင့်အတူ ဆယ်​ရက်​ခန့် နေ​ပါစေဦး​။ ထို့နောက်မှ သူ့​ကို​သွား​စေ​မည်​”​ဟု ဆို​၏​။


သူ​တို့​သည် ရေဗက္ကာ​ကို​ကောင်းချီးပေး​လျက် “​ငါ​တို့​နှမ​၊ သင်​သည် လူ​အထောင်​အသောင်း​တို့​၏​အမိ​ဖြစ်လာ​ပါစေ​။ သင်​၏​အမျိုးအနွယ်​သည် ရန်သူ​တို့​၏​မြို့​တံခါး​ကို သိမ်းပိုက်​နိုင်​ပါစေ​”​ဟု ဆို​ကြ​၏​။


ဣဇက်​သည် ပါဒန်အာရံ​ပြည်​မှ အာရံ​လူမျိုး​ဗေသွေလ​၏​သမီး​၊ လာဗန်​၏​ညီမ ရေဗက္ကာ​ကို မိမိ​မယား​အဖြစ်​ယူ​သောအခါ အသက်​လေးဆယ်​ရှိ​၏​။


ထို့ကြောင့် ငါ့​သား​၊ ယခု ငါ့​စကား​ကို​နားထောင်​လော့​။ ထ​၍ ဟာရန်​မြို့​၌​ရှိ​သော ငါ့​အစ်ကို​လာဗန်​ထံသို့ ထွက်ပြေး​လော့​။


ထ​၍ ပါဒန်အာရံ​ပြည်​ရှိ သင့်​မိခင်​၏​အဖေ ဗေသွေလ​၏​အိမ်​သို့ သွား​လော့​။ ထို​အရပ်​ရှိ သင့်​ဦးရီး​လာဗန်​၏​သမီး​တစ်ယောက်ယောက်​နှင့်​အိမ်ထောင်ပြု​လော့​။


လာဗန်​သည် မိမိ​တူ ယာကုပ်​အကြောင်း​ကို​ကြား​ရ​သောအခါ သူ​နှင့်​တွေ့ဆုံ​ရန် ပြေးလာ​ကာ သူ့​ကို​ပွေ့ဖက်​၍​နမ်း​ပြီးလျှင် မိမိ​အိမ်​သို့​ခေါ်သွား​၏​။ ယာကုပ်​သည်​လည်း အကြောင်းအရာ​အားလုံး​ကို လာဗန်​အား​ပြောပြ​လေ​၏​။


တစ်ဖန် ယာကုပ်​က “​နာခေါ်​၏​သား​လာဗန်​ကို သင်​တို့​သိ​ကြ​သလော​”​ဟု မေး​ရာ သူ​တို့​က “​ငါ​တို့​သိ​သည်​”​ဟု ပြန်ဖြေ​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ