ဧဖရုန်သည် ဟေသအမျိုးသားတို့အလယ်တွင် ထိုင်လျက်ရှိ၏။ သို့ဖြစ်၍ ဟိတ္တိလူမျိုးဧဖရုန်သည် မြို့တံခါးသို့ ရောက်လာသော ဟေသအမျိုးသားအပေါင်းတို့ရှေ့၌ အာဗြဟံအား
ကမ္ဘာဦး 23:9 - မြန်မာ့စံမီသမ္မာကျမ်း သူ၏လယ်အစွန်ရှိ သူပိုင်ဆိုင်သည့်မပ္ပေလလိုဏ်ဂူကို အကျွန်ုပ်အားရောင်းပေးရန် အကျွန်ုပ်အတွက် ပြောပေးကြပါ။ ၎င်းကို ကိုယ်ပိုင်သင်္ချိုင်းမြေအဖြစ် သင်တို့ရှေ့တွင် တန်ရာတန်ကြေးအပြည့်ဖြင့် အကျွန်ုပ်အားရောင်းပေးစေပါ”ဟု သူတို့အား ပြောလေ၏။ Common Language Bible မပ္ပေလဂူကိုငါ့အားရောင်းချရန်ကျေးဇူးပြု၍သူ့ကိုတိုက်တွန်းပေးကြပါ။ သင်္ချိုင်းမြေတစ်ကွက်ငါအပိုင်ရရန်ထိုမြေကိုတန်ရာတန်ဖိုးဖြင့်ငါ့အားသင်တို့ရှေ့မှောက်တွင်ရောင်းချစေပါ'' ဟုဆိုလေ၏။ Garrad Bible သင် တို့ တွင် ကျွန်ုပ် ပိုင် သင်္ချိုင်း ရ ရှိ စေ ခြင်း ငှါ ဇော ဟာ့ သား ဧ ဖ ရုန် သည် ကိုယ့် မြေ ကွက် အ စွန်း ရှိ မ ပ္ပေ လ ဂူ ကို ထိုက် သ မျှ အ ဖိုး ငွေ နှင့် ရောင်း စေ ရန် ထို သူ့ ကို ကျွန်ုပ် အ တွက် တိုက် တွန်း ကြ ပါ လော့ ဟု ကြား ပြော လေ၏။ Judson Bible သင်တို့တွင် ငါပိုင်ထိုက်သောသင်္ချိုင်းရှိစေခြင်းငှာ၊ ဇောဟာသားဧဖရုန်သည်၊ မိမိလယ်ပြင်အစွန်း၌ရှိသော မပ္ပေလမြေတွင်းကို၊ အဖိုးထိုက်သမျှငွေနှင့် ငါ့အားရောင်းစေခြင်းငှာ၊ ငါ့အတွက်သူ့ကိုတောင်းပန်ကြပါလော့ဟု နှုတ်ဆက်၍ပြောဆို၏။ |
ဧဖရုန်သည် ဟေသအမျိုးသားတို့အလယ်တွင် ထိုင်လျက်ရှိ၏။ သို့ဖြစ်၍ ဟိတ္တိလူမျိုးဧဖရုန်သည် မြို့တံခါးသို့ ရောက်လာသော ဟေသအမျိုးသားအပေါင်းတို့ရှေ့၌ အာဗြဟံအား
“အကျွန်ုပ်သည် သင်တို့တွင် တိုင်းတစ်ပါးသားဧည့်သည်ဖြစ်ပါ၏။ အကျွန်ုပ်မယား၏အလောင်းကို ထုတ်သွား၍သင်္ဂြိုဟ်ရန် သင်တို့ပိုင်သောသင်္ချိုင်းမြေကို အကျွန်ုပ်အား ရောင်းပေးပါ”ဟု ဆို၏။
“အကျွန်ုပ်မယား၏အလောင်းကို အကျွန်ုပ်ထံမှထုတ်သွား၍ သင်္ဂြိုဟ်မည်ကို သင်တို့စိတ်စေတနာရှိလျှင် အကျွန်ုပ်စကားကိုနားထောင်ကြပါ။ ဇောဟာ၏သား ဧဖရုန်နှင့်တွေ့ဆုံ၍
ထိုလယ်သည် ဟေသအမျိုးသားတို့ထံမှ အာဗြဟံဝယ်ယူထားသောလယ်ဖြစ်၏။ အာဗြဟံကို သူ၏မယားစာရာနှင့်အတူ ထိုအရပ်တွင် သင်္ဂြိုဟ်ကြလေ၏။
တစ်ဖန် ယာကုပ်က သူတို့အား “ငါသည် ငါ့လူမျိုးတို့စုစည်းရာသို့ သွားရတော့မည်။ ဟိတ္တိလူမျိုး၊ ဧဖရုန်၏လယ်၌ရှိသောလိုဏ်ဂူထဲ၌ ငါ့ကို ဘိုးဘေးတို့နှင့်အတူသင်္ဂြိုဟ်ကြလော့။
ယာကုပ်အလောင်းကို ခါနာန်ပြည်သို့သယ်ဆောင်သွား၍ အာဗြဟံက ဟိတ္တိလူမျိုးဧဖရုန်ထံမှ ကိုယ်ပိုင်သင်္ချိုင်းမြေအဖြစ် ဝယ်ယူထားသောလယ်ဖြစ်သည့် မံရေမြို့အရှေ့ဘက် မပ္ပေလလယ်၌ရှိသောလိုဏ်ဂူ၌ သူ့ကို သင်္ဂြိုဟ်ကြ၏။
ထိုအခါ ဒါဝိဒ်မင်းကြီးက ဩရနန်အား “လူတို့တွင်ကျရောက်သောဘေးဒဏ် ငြိမ်းမည့်အကြောင်း ထာဝရဘုရားအဖို့ ယဇ်ပလ္လင်တည်ရမည်ဖြစ်၍ သင့်ကောက်နယ်တလင်းကို ငါ့အား ရောင်းပေးလော့။ ကျသင့်ငွေအတိုင်း ငါဝယ်ယူပါမည်”ဟု မိန့်ဆိုလျှင်
သို့သော် ဒါဝိဒ်မင်းကြီးက ဩရနန်အား “ထိုသို့မဟုတ်ပါ။ ကျသင့်ငွေဖြင့် ဝယ်ပါမည်။ ထာဝရဘုရားအဖို့ သင့်ထံမှမြေကို အလဟဿမယူလိုပါ။ အဖိုးအခမပေးဘဲ မီးရှို့ရာယဇ်ကို မပူဇော်လိုပါ”ဟု ပြန်ပြောပြီးလျှင်
မည်သူ့ကိုမျှ အဆိုးကို အဆိုးဖြင့် မတုံ့ပြန်ကြနှင့်။ လူအပေါင်းတို့ရှေ့၌ တင့်တယ်လျောက်ပတ်သောအမှုကို ပြုမူကျင့်ကြံကြလော့။
အချင်းချင်းချစ်ခြင်းမှတစ်ပါး မည်သည့်အကြွေးမျှ မတင်စေကြနှင့်။ သူတစ်ပါးကိုချစ်သောသူသည် ပညတ်တရားကိုပြည့်စုံစေပြီ။