အာဗြဟံကလည်း “ငါ့သား၊ ဘုရားသခင်ကိုယ်တော်တိုင် မီးရှို့ရာယဇ်အတွက် သိုးသငယ်ကိုအသင့်ပြင်ဆင်တော်မူလိမ့်မည်”ဟု ဆိုပြီးမှ သူတို့နှစ်ယောက်သည် အတူတူဆက်သွားကြ၏။
ကမ္ဘာဦး 22:7 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဣဇက်က “အဖေ”ဟု မိမိဖခင်အာဗြဟံကိုခေါ်လျှင် အာဗြဟံက “ပြောပါ ငါ့သား”ဟု ပြန်ပြောလေ၏။ ဣဇက်ကလည်း “ကြည့်ပါ။ မီးရှိ၏။ ထင်းလည်းရှိ၏။ မီးရှို့ရာယဇ်အတွက် သိုးသငယ်ကား အဘယ်မှာရှိသနည်း”ဟု မေးလေ၏။ Common Language Bible ဣဇာက်က``အဖ'' ဟုခေါ်လိုက်၏။ အာဗြဟံက``ငါ့သား'' ဟုထူး၏။ ဣဇာက်က``အဖထံမှာမီးလည်းပါပြီ။ ထင်း လည်းပါပြီ။ ယဇ်ပူဇော်ရန်သိုးငယ်အဘယ် မှာနည်း'' ဟုမေး၏။ Garrad Bible အာ ဗြ ဟံ အား ဣ ဇာက် က၊ အ ဘ ဟု ခေါ် လျှင် ငါ့ သား၊ ငါ ရှိ သည် ဟု အာ ဗြ ဟံ ထူး လေ သော် ဣ ဇာက် က၊ မီး နှင့် ထင်း ပါ ၏။ ပူ ဇော် ရန် သိုး ငယ် ကား အ ဘယ် မှာ ရှိ သ နည်း ဟု မေး လျှင်၊ Judson Bible သွားကြစဉ်တွင်၊ ဣဇာက်သည် အဘအာဗြဟံကို အဘဟုခေါ်လျှင်၊ ငါ့သား၊ ငါရှိ၏ဟုထူးလေ၏။ ဣဇာက်ကလည်း မီးပါ၏၊ ထင်းလည်းပါ၏။ ယဇ်ရှို့စရာဖို့သိုးသငယ်သည် အဘယ်မှာရှိသနည်းဟုမေးလျှင်၊ |
အာဗြဟံကလည်း “ငါ့သား၊ ဘုရားသခင်ကိုယ်တော်တိုင် မီးရှို့ရာယဇ်အတွက် သိုးသငယ်ကိုအသင့်ပြင်ဆင်တော်မူလိမ့်မည်”ဟု ဆိုပြီးမှ သူတို့နှစ်ယောက်သည် အတူတူဆက်သွားကြ၏။
နောဧသည် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်ပြီးလျှင် စင်ကြယ်သောတိရစ္ဆာန်အပေါင်းတို့နှင့် စင်ကြယ်သောငှက်အပေါင်းတို့ထဲကယူ၍ ထိုယဇ်ပလ္လင်ပေါ်တွင် မီးရှို့ရာယဇ်ကိုပူဇော်ရာ
အစ္စရေးလူထုအပေါင်းတို့အား ‘ဤလဆယ်ရက်နေ့၌ လူတိုင်း မိမိတို့ဘိုးဘေးတို့၏အမျိုးအနွယ်အလိုက် အိမ်ထောင်စုတစ်စုလျှင် သိုးသငယ်တစ်ကောင်စီ ယူရမည်။
ယဇ်ပလ္လင်ပေါ်၌ တစ်နေ့လျှင် တစ်နှစ်သားအရွယ်သိုးသငယ်နှစ်ကောင်ကို နေ့စဉ်ပူဇော်ရမည်။
ထို့နောက် ရှေ့သို့အနည်းငယ်ကြွတော်မူပြီး ပျပ်ဝပ်လျက်“အကျွန်ုပ်၏အဖ၊ ဖြစ်နိုင်လျှင် ဤခွက်ကို အကျွန်ုပ်ထံမှ လွန်သွားစေတော်မူပါ။ သို့သော် အကျွန်ုပ်၏အလိုအတိုင်းမဟုတ်ဘဲ ကိုယ်တော်၏အလိုတော်အတိုင်း ဖြစ်စေတော်မူပါ”ဟု ဆုတောင်းတော်မူ၏။
တစ်ဖန် ဒုတိယအကြိမ်ထွက်သွား၍“အကျွန်ုပ်၏အဖ၊ ဤခွက်ကို အကျွန်ုပ်မသောက်ဘဲ လွန်သွားရန် မဖြစ်နိုင်ပါက ကိုယ်တော်၏အလိုတော်အတိုင်း ဖြစ်စေတော်မူပါ”ဟု ဆုတောင်းတော်မူ၏။
နောက်တစ်နေ့၌ ယောဟန်သည် မိမိထံသို့ ယေရှုကြွလာတော်မူသည်ကိုမြင်လျှင် “ကြည့်လော့။ ဤလောက၏အပြစ်ကိုယူဆောင်သွားသော ဘုရားသခင်၏သိုးသငယ်တော်ပေတည်း။
ယေရှုကြွတော်မူသည်ကိုမြင်၍ “ကြည့်လော့။ ဘုရားသခင်၏သိုးသငယ်တော်ပေတည်း”ဟု ဆို၏။
ယေရှုကလည်း“ဓားကို ဓားအိမ်ထဲသို့ပြန်သွင်းလော့။ ငါ့အား ခမည်းတော်ပေးတော်မူသောခွက်ကို ငါမသောက်ဘဲနေရမည်လော”ဟု ပေတရုအား မိန့်တော်မူ၏။
သင်တို့သည် ကြောက်ရွံ့ခြင်းသို့ တစ်ဖန်ရောက်စေသော ကျွန်၏ဝိညာဉ်ကိုခံယူရရှိကြသည်မဟုတ်ဘဲ သားသမီးအရာကိုပေးသောဝိညာဉ်တော်ကို ခံယူရရှိကြ၏။ ထိုဝိညာဉ်တော်အားဖြင့် “အဗ္ဗ၊ အဖ”ဟု ငါတို့ခေါ်ကြ၏။
အသေသတ်ခြင်းခံရသည့် သိုးသငယ်တော်၏အသက်စာစောင်၌ ကမ္ဘာဦးမှစ၍ အမည်မရေးထားသော ကမ္ဘာမြေကြီးပေါ်တွင်နေထိုင်သူအားလုံးတို့သည် ထိုသားရဲကို ကိုးကွယ်ကြလိမ့်မည်။