ငါသည် သင့်ကို ကြီးမြတ်သောလူမျိုးဖြစ်စေမည်။ သင့်ကို ငါကောင်းချီးပေး၍ သင်၏အမည်နာမကို ကြီးမြတ်စေသဖြင့် သင်သည် ကောင်းချီးမင်္ဂလာဖြစ်လိမ့်မည်။
ကမ္ဘာဦး 22:18 - မြန်မာ့စံမီသမ္မာကျမ်း ကမ္ဘာမြေကြီးပေါ်ရှိလူမျိုးအပေါင်းတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းချီးမင်္ဂလာခံစားရကြလိမ့်မည်။ အကြောင်းမူကား သင်သည် ငါ့စကားကိုနားထောင်သောကြောင့်ဖြစ်၏”ဟု မြွက်ဆို၏။ Common Language Bible သင်သည်ငါ၏အမိန့်ကိုနာခံသောကြောင့်သင် ၏အဆက်အနွယ်တို့သည် ကောင်းချီးခံရသည့် နည်းတူကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့ကသူ တို့အားလည်း ကောင်းချီးပေးရန်ငါ့အားတောင်း လျှောက်ကြလိမ့်မည်'' ဟုမိန့်တော်မူသည်။- Garrad Bible ငါ့ စ ကား ကို သင် နား ထောင် သည် ဖြစ်၍ သင့် အ မျိုး အ နွယ် အား ဖြင့် မြေ ပေါ် ရှိ လူ မျိုး ခပ် သိမ်း တို့ သည် ကောင်း ကြီး မင်္ဂ လာ ကို ခံ ရ ကြ လ တ္တံ့ ဟု ငါ့ ကိုယ် တိုင် ကို တိုင် တည်၍ သ စ္စာ ထား သည် ဟူ သော ဗျာ ဒိတ် တော် ကို စေ တ မန် တော် ဆင့် ဆို ၏။ Judson Bible သင်၏အမျိုးအနွယ်အားဖြင့်၊ လူမျိုးပေါင်းတို့သည် ကောင်းချီးမင်္ဂလာကိုခံရကြလိမ့်မည်ဟု ငါ၏စကားကိုသင်နားထောင်သောကြောင့်၊ ငါသည်ကိုယ်ကို ကိုယ်တိုင်တည်၍ကျိန်ဆို၏ဟု ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုလေ၏။ |
ငါသည် သင့်ကို ကြီးမြတ်သောလူမျိုးဖြစ်စေမည်။ သင့်ကို ငါကောင်းချီးပေး၍ သင်၏အမည်နာမကို ကြီးမြတ်စေသဖြင့် သင်သည် ကောင်းချီးမင်္ဂလာဖြစ်လိမ့်မည်။
သင့်ကိုကောင်းချီးပေးသောသူတို့ကို ငါကောင်းချီးပေး၍ သင့်ကိုကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်။ ကမ္ဘာမြေကြီးပေါ်ရှိ မျိုးနွယ်စုအပေါင်းတို့သည် သင့်အားဖြင့် ကောင်းချီးမင်္ဂလာခံစားရကြလိမ့်မည်”ဟု မိန့်တော်မူ၏။
အာဗြဟံသည် အမှန်ပင် ကြီးမြတ်သောလူမျိုး၊ အင်အားကြီးသောလူမျိုးဖြစ်လာမည်။ ကမ္ဘာမြေကြီးပေါ်ရှိ လူမျိုးအပေါင်းတို့သည်လည်း သူ့အားဖြင့် ကောင်းချီးမင်္ဂလာခံစားရကြလိမ့်မည်။
အကြောင်းမူကား အာဗြဟံသည် သူ၏သားသမီးတို့နှင့် နောင်လာမည့်သူ၏အမျိုးအနွယ်တို့အား ဖြောင့်မတ်သောအမှု၊ တရားမျှတသောအမှုကိုပြုကျင့်၍ ထာဝရဘုရား၏လမ်းတော်ကိုစောင့်ထိန်းကြစေရန် မှာကြားခြင်းအားဖြင့် သူ့အားထာဝရဘုရားမိန့်တော်မူခဲ့သောအရာကို သူ၌ပြည့်စုံစေမည့်အကြောင်း သူ့ကို ငါရွေးကောက်ထားပြီ”ဟု မိန့်တော်မူ၏။
အာဗြဟံသည် နံနက်စောစောထ၍ မြည်းပေါ်ကုန်းနှီးတင်ပြီးလျှင် သူ၏ငယ်သားနှစ်ယောက်နှင့်သူ၏သားဣဇက်ကို မိမိနှင့်အတူခေါ်၍ မီးရှို့ရာယဇ်အတွက်ထင်းကိုခွဲပြီးမှ ထ၍ မိမိအားဘုရားသခင်မိန့်တော်မူသောအရပ်သို့ သွားလေ၏။
သင်၏သားစဉ်မြေးဆက်သည် မြေမှုန့်ကဲ့သို့များပြား၍ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်ရပ်သို့ပျံ့နှံ့လိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိလူမျိုးအပေါင်းတို့သည် သင့်အားဖြင့်လည်းကောင်း၊ သင်၏အမျိုးအနွယ်အားဖြင့်လည်းကောင်း ကောင်းချီးမင်္ဂလာခံစားရကြလိမ့်မည်။
သူ၏နာမသည် အစဉ်အမြဲတည်ပါစေသော။ နေသည်တည်နေသရွေ့ သူ၏နာမသည် ဆက်၍တည်ပါစေသော။ လူတို့သည် သူ့အားဖြင့် ကောင်းချီးမင်္ဂလာခံစားရ၍ လူမျိုးအပေါင်းတို့သည် သူ့ကိုမင်္ဂလာရှိသူဟု ခေါ်ကြပါစေသော။
မောရှေနှင့်အာရုန်သည် သူတို့အား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း တစ်သဝေမတိမ်းပြုကြ၏။
‘ထာဝရဘုရားအသက်ရှင်တော်မူသည်’ဟု သစ္စာရှိစွာ၊ တရားမျှတစွာ၊ ဖြောင့်မတ်စွာ သင်ကျိန်ဆိုလျှင် လူမျိုးတကာတို့သည် ထာဝရဘုရားထံတော်မှ ကောင်းချီးမင်္ဂလာခံစားရမည်။ ကိုယ်တော်ကို ချီးမွမ်းကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သို့သော် သူတို့အား ‘ငါ့စကားကို နားထောင်ကြလော့။ ငါသည် သင်တို့၏ဘုရားဖြစ်မည်။ သင်တို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်မည်။ ငါပညတ်သောနည်းလမ်းရှိသမျှတို့ကို သင်တို့လိုက်လျှောက်လျှင် သင်တို့ကောင်းစားကြရမည်’ ဟူသောစကားကိုကား ငါမိန့်မှာခဲ့၏။
အာဗြဟံ၏သား၊ ဒါဝိဒ်၏သားဖြစ်တော်မူသော ယေရှုခရစ်တော်၏ဆွေတော်စဉ်မျိုးတော်ဆက်စာရင်းဟူမူကား
သင်တို့သည် ပရောဖက်တို့၏သားမြေးများဖြစ်ကြသည်သာမက ဘုရားသခင်သည် အာဗြဟံအား ‘ကမ္ဘာပေါ်ရှိလူမျိုးစုအပေါင်းတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းချီးမင်္ဂလာခံစားရလိမ့်မည်’ဟု မိန့်တော်မူလျက် သင်တို့၏ဘိုးဘေးများနှင့်ပြုခဲ့သော ပဋိညာဉ်၏သားမြေးများလည်းဖြစ်ကြ၏။
ဘုရားသခင်၏သားတော်အကြောင်းဖြစ်၏။ သားတော်သည် လူသားအနေဖြင့် ဒါဝိဒ်၏အမျိုးအနွယ်မှ ပေါ်ထွန်းတော်မူ၍
ဘုရားသခင်သည် အာဗြဟံနှင့်သူ၏အမျိုးအနွယ်အား ကတိပေးတော်မူရာ၌ အများကိုရည်ညွှန်း၍ “အမျိုးအနွယ်တို့”ဟု မိန့်တော်မမူဘဲ တစ်ယောက်သောသူကိုသာရည်ညွှန်း၍ “သင်၏အမျိုးအနွယ်”ဟု မိန့်တော်မူ၏။ ထိုသူကား ခရစ်တော်ဖြစ်၏။
အကြောင်းမူကား အမွေတော်သည် ပညတ်တရားအပေါ်၌မူတည်လျှင် ကတိတော်အပေါ်၌ မမူတည်တော့ပေ။ သို့သော် ဘုရားသခင်သည် အာဗြဟံအား ထိုအမွေတော်ကို ကတိတော်အားဖြင့် ပေးသနားတော်မူပြီ။
အထက်ကောင်းကင်အရပ်တွင်ရှိသော ဝိညာဉ်ရေးဆိုင်ရာကောင်းချီးမင်္ဂလာအပေါင်းတို့ဖြင့် ငါတို့ကို ခရစ်တော်၌ ကောင်းချီးပေးတော်မူသည့် ငါတို့သခင်ယေရှုခရစ်တော်၏ခမည်းတော်ဖြစ်တော်မူသော ဘုရားသခင်သည် မင်္ဂလာရှိပါစေသော။
ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘သင့်အမျိုးအနွယ်နှင့်သင့်ဘိုးဘေး၏အမျိုးအနွယ်သည် ငါ့ရှေ့၌ အစဉ်ဝင်ထွက်သွားလာရမည်’ဟူ၍ ငါအမှန်ဆိုခဲ့၏။ ယခုမှာ ထာဝရဘုရားက ‘ထိုမိန့်ဆိုချက်သည် ငါနှင့်ဝေးပါစေ။ ငါ့ကိုဂုဏ်ပြုချီးမြှောက်သောသူကို ငါဂုဏ်ပြုချီးမြှောက်မည်။ ငါ့ကိုမထီမဲ့မြင်ပြုသောသူတို့သည် မထီမဲ့မြင်ပြုခြင်းခံရမည်။