Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဂ​လာ​တိ 3:18 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 အကြောင်းမူကား အမွေ​တော်​သည် ပညတ်​တရား​အပေါ်​၌​မူတည်​လျှင် ကတိ​တော်​အပေါ်​၌ မ​မူတည်​တော့​ပေ။ သို့သော် ဘုရားသခင်​သည် အာဗြဟံ​အား ထို​အမွေ​တော်​ကို ကတိ​တော်​အားဖြင့် ပေး​သနား​တော်မူ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 အ​ကယ်​၍​ဘု​ရား​သ​ခင်​၏​ဆု​ကျေး​ဇူး​တော် သည် ပ​ညတ်​တ​ရား​အ​ပေါ်​၌​မူ​တည်​လျှင် ထို ဆု​ကျေး​ဇူး​တော်​သည်​က​တိ​တော်​အ​ပေါ်​၌ မူ​မ​တည်​တော့​ပေ။ သို့​ရာ​တွင်​ဘု​ရား​သ​ခင် သည်​က​တိ​တော်​ကြောင့် အာ​ဗြ​ဟံ​အား​ထို​ဆု ကျေး​ဇူး​တော်​ကို​ပေး​သ​နား​တော်​မူ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 အ ကယ်၍ ပ ညတ် တ ရား ကြောင့် အ မွေ ရ သည် မှန် လျင် က တိ တော် ကြောင့် ရ သည် မ ဟုတ်။ သို့ ရာ တွင် က တိ တော် အား ဖြင့် အာ ဗြ ဟံ အား ဘု ရား သ ခင် သ နား တော် မူ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ထို​မှ​တစ်​ပါး၊ အ​မွေ​တော်​သည် ပ​ညတ်​တ​ရား​နှင့် စပ်​ဆိုင်​လျှင် က​တိ​တော်​နှင့်​မ​စပ်​ဆိုင်။ ဘု​ရား​သ​ခင်​သည် က​တိ​တော်​အား​ဖြင့် အာ​ဗြ​ဟံ​အား ထို​အ​မွေ​တော်​ကို သ​နား​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 အကယ်၍ ပညတ်တရား​ကို လိုက်နာ​မှသာ အမွေ​ရမည်​မှန်​လျှင် ထို​အမွေ​မှာ ကတိတော်​ကြောင့် ရသည်​မဟုတ်တော့ပေ။ သို့သော် ဘုရားသခင်​သည် အာဗြဟံ​အား ထို​အမွေ​ကို ကတိတော်​အရ ပေးသနားတော်မူခြင်း ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဂ​လာ​တိ 3:18
14 ပူးပေါင်းရင်းမြစ်များ  

အကြောင်းမူကား ကိုယ်တော်​သည် မိမိ​အစေအပါး​အာဗြဟံ​အား ပေး​ထား​သည့် သန့်ရှင်း​သော​ကတိ​တော်​ကို သတိရ​တော်မူ​၏​။


ထိုသို့ သားသမီး​များ​ဖြစ်​ကြ​လျှင် အမွေခံ​များ​လည်း ဖြစ်​ကြ​၏။ ငါ​တို့​သည် ခရစ်တော်​နှင့်အတူ​ဘုန်း​တော်​ချီးမြှောက်​ခြင်း​ခံရ​ရန် ဒုက္ခ​ဆင်းရဲ​ခြင်း​ကို​လည်း ကိုယ်တော်​နှင့်အတူ​ခံရ​ကြ​လျှင် ဘုရားသခင်​၏​အမွေခံ​များ​ဖြစ်​ကြ​ပြီး ခရစ်တော်​နှင့်အတူ​အမွေ​ဆက်ခံ​သူ​များ​လည်း ဖြစ်​ကြ​၏။


ငါ​သည် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို မ​ပစ်ပယ်။ အကြောင်းမူကား ဖြောင့်မတ်​ခြင်း​ကို ပညတ်​တရား​အားဖြင့်​ရရှိ​နိုင်​လျှင် ခရစ်တော်​သည် အချည်းနှီး​အသေခံ​တော်မူ​ပြီ။


“ပညတ်​တရား​ကျမ်း​၌ ရေး​ထား​သမျှ​သော​အရာ​တို့​ကို အမြဲ​မ​ကျင့်သုံး​သော​သူ​တိုင်း​သည် ကျိန်​ခြင်း​ကို​ခံရ​၏”​ဟု ရေး​ထား​သည်​ဖြစ်၍ ပညတ်​တရား​နှင့်ဆိုင်သော​အကျင့်​ကို အမှီပြု​သော​သူ​ရှိ​သမျှ​တို့​သည် ကျိန်​ခြင်း​အောက်၌​ရှိ​ကြ​၏။


သို့သော် ပညတ်​တရား​သည် ယုံကြည်​ခြင်း​နှင့်​ဆိုင်​သည်​မ​ဟုတ်​ဘဲ “ပညတ်​တရား​တို့​ကို ကျင့်သုံး​သော​သူ​သည် ၎င်း​တို့​အားဖြင့် အသက်ရှင်​မည်”​ဖြစ်​၏။


ဘုရားသခင်​သည် အာဗြဟံ​နှင့်​သူ​၏​အမျိုးအနွယ်​အား ကတိ​ပေး​တော်မူ​ရာ​၌ အများ​ကို​ရည်ညွှန်း​၍ “အမျိုးအနွယ်​တို့”​ဟု မိန့်​တော်​မ​မူ​ဘဲ တစ်​ယောက်​သော​သူ​ကို​သာ​ရည်ညွှန်း​၍ “သင်​၏​အမျိုးအနွယ်”​ဟု မိန့်​တော်မူ​၏။ ထို​သူ​ကား ခရစ်တော်​ဖြစ်​၏။


အကြောင်းမူကား သင်​တို့​အားလုံး​သည် ခရစ်တော်​ယေရှု​ကို​ယုံကြည်​ခြင်း​အားဖြင့် ဘုရားသခင်​၏​သားသမီး​များ​ဖြစ်​ကြ​၏။


သင်​တို့​သည် ခရစ်တော်​နှင့်​စပ်ဆိုင်​လျှင် အာဗြဟံ​၏​အမျိုးအနွယ်​ဖြစ်၍ ကတိ​တော်​အရ အမွေခံ​များ​ဖြစ်​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ