ထာဝရဘုရားက အာဗြံအား “သင်သည် သင့်ပြည်မှလည်းကောင်း၊ သင့်ဆွေမျိုးသားချင်းတို့ထဲမှလည်းကောင်း၊ သင့်ဖခင်၏အိမ်မှလည်းကောင်း ထွက်ခွာ၍ သင့်ကိုငါပြမည့်ပြည်သို့သွားလော့။
ကမ္ဘာဦး 20:13 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် အကျွန်ုပ်ကို အကျွန်ုပ်ဖခင်၏အိမ်မှထွက်ခွာ၍ လှည့်လည်သွားလာစေတော်မူသောအခါ အကျွန်ုပ်က ‘သင်သည် ငါ့ကို မေတ္တာထားသည့်အနေဖြင့် ငါတို့သွားလေရာရာ၌ ငါနှင့်ပတ်သက်၍ သူသည် ကျွန်မ၏အစ်ကိုဖြစ်သည်ဟု ပြောပါ’ ဟူ၍ သူ့အား မှာထားပါသည်”ဟု ဖြေကြားလေ၏။ Common Language Bible သို့ဖြစ်၍ထာဝရဘုရားသည်ကျွန်ုပ်အားဖခင် ၏အိမ်မှနိုင်ငံရပ်ခြားသို့ထွက်ခွာသွားစေသည့် အခါ ကျွန်ုပ်ကစာရာအားငါ့ကိုသစ္စာစောင့်သည့် အနေဖြင့် သင်ရောက်လေရာရာတွင်ငါသည်သင် ၏အစ်ကိုဖြစ်ကြောင်းပြောရန်မှာကြားခဲ့ပါသည်'' ဟုဖြေကြားလေသည်။ Garrad Bible ဘု ရား သ ခင် သည် ကျွန် တော် ကို ဆွေ မျိုး သား ချင်း တို့ နှင့် ခွာ၍ လှည့် လည် စေ တော် မူ သော အ ခါ ကျွန် တော် က ငါ၌ သင် ပြု အပ် သော ကျေး ဇူး ကား ရောက် လေ ရာ ရာ တွင် သင့် မောင် ဖြစ် ကြောင်း ပြော ရ မည် ဟူ၍ မ ယား အား မှာ ထား ပါ သည် ဟု လျှောက် ပြန် လေ ၏။ Judson Bible ဘုရားသခင်သည် အကျွန်ုပ်ကိုအဘ၏ အိမ်မှခေါ်၍ လည်စေတော်မူသောအခါ၊ အကျွန်ုပ်က၊ သင်သည်ငါ၌ပြုရသောကျေးဇူးဟူမူကား၊ ငါသည်သင်၏မောင်ဖြစ်ကြောင်းကို ရောက်လေရာရာ၌ပြောရမည်ဟု၊ မယားကိုမှာထားပါသည်ဟု ပြန်ပြောလေ၏။ |
ထာဝရဘုရားက အာဗြံအား “သင်သည် သင့်ပြည်မှလည်းကောင်း၊ သင့်ဆွေမျိုးသားချင်းတို့ထဲမှလည်းကောင်း၊ သင့်ဖခင်၏အိမ်မှလည်းကောင်း ထွက်ခွာ၍ သင့်ကိုငါပြမည့်ပြည်သို့သွားလော့။
ထို့ပြင် သူသည် အမှန်ပင် အကျွန်ုပ်၏နှမဖြစ်ပါ၏။ အကျွန်ုပ်ဖခင်၏သမီးဖြစ်သော်လည်း အကျွန်ုပ်မိခင်၏သမီးမဟုတ်ပါ။ နောက်တွင် အကျွန်ုပ်၏မယား ဖြစ်လာပါ၏။
ထိုသူက ‘သူသည် ငါ့နှမဖြစ်သည်’ဟု ဆိုသည်မဟုတ်လော။ ထိုမိန်းမကလည်း ‘သူသည် ငါ့အစ်ကိုဖြစ်သည်’ဟု ဆိုခဲ့ပါ၏။ အကျွန်ုပ်သည် ရိုးဖြောင့်သောစိတ်နှင့် အပြစ်ကင်းသောလက်ဖြင့် ဤအမှုကို ပြုပါ၏”ဟု လျှောက်လေ၏။
သူတို့သည် မကောင်းသောအမှုအရာအတွက် သူတို့ကိုယ်သူတို့အားပေးကြ၏။ ထောင်ချောက်များကိုလျှို့ဝှက်စွာထောင်ရန် တိုင်ပင်လျက် “၎င်းတို့ကို မည်သူမြင်မည်နည်း”ဟု ဆိုကြ၏။
ပေတရုကလည်း “သင်တို့သည် အဘယ်ကြောင့် သဘောတူလျက် ထာဝရဘုရား၏ဝိညာဉ်တော်ကိုစမ်းသပ်ကြသနည်း။ ကြည့်ရှုလော့။ သင်၏ခင်ပွန်းကို သင်္ဂြိုဟ်ခဲ့သောသူတို့၏ခြေလှမ်းများသည် တံခါးနားသို့ရောက်နေကြပြီ။ သူတို့သည် သင့်ကိုလည်း သယ်ဆောင်သွားကြလိမ့်မည်”ဟု ဆိုလေ၏။
အာဗြဟံသည် အမွေအဖြစ်ဆက်ခံရမည့်ပြည်သို့ထွက်ခွာသွားရန် ခေါ်ယူတော်မူခြင်းခံရသောအခါ မည်သည့်အရပ်သို့သွားရမည်ကိုမသိဘဲလျက် ယုံကြည်ခြင်းအားဖြင့်နာခံ၍ ထွက်သွားလေ၏။
ထိုအခါ ရှောလုမင်းကြီးက သူတို့အား “သင်တို့ ငါ့ကို စာနာထောက်ထားကြသောကြောင့် ထာဝရဘုရားသည် သင်တို့ကို ကောင်းချီးပေးပါစေ။