ထာဝရအရှင်ဘုရားသခင်သည် အရှေ့ဘက်ရှိဧဒင်အရပ်၌ ဥယျာဉ်ကိုစိုက်ပျိုးပြီးလျှင် မိမိပုံဖော်ဖန်ဆင်းထားသောလူကို ထိုဥယျာဉ်၌ နေရာချထားတော်မူ၏။
ထို့နောက်ထာဝရအရှင်ဘုရားသခင်သည် အရှေ့ဘက်ရှိဧဒင်အရပ်၌ဥယျာဉ်ကိုတည် ပြီးလျှင် ဖန်ဆင်းတော်မူသောလူကိုထိုဥယျာဉ် တွင်နေစေတော်မူ၏။-
ထာ ဝ ရ ဘု ရား သ ခင် လည်း အ ရှေ့ မျက် နှာ၊ ဧ ဒင် အ ရပ် ၌ ဥ ယျာဉ် ကို စိုက် ပျိုး ပြီး လျှင် ဖန် ဆင်း တော် မူ သော လူ ကို ထို ဥ ယျာဉ် ၌ နေ ရာ ချ ထား တော် မူ ၏။
ထာဝရအရှင်ဘုရားသခင်သည်လည်း အရှေ့မျက်နှာ၊ ဧဒင်အရပ်၌ဥယျာဉ်ကို စိုက်ပျိုးပြီးလျှင်၊ ဖန်ဆင်းတော်မူသောလူကို ထိုဥယျာဉ်၌ နေရာချတော်မူ၏။
လောတသည် မျှော်ကြည့်ရာ ဇောရမြို့သို့သွားသောလမ်းတစ်လျှောက်၊ ဂျော်ဒန်မြစ်ဝှမ်းတစ်ဝှမ်းလုံးသည် ထာဝရဘုရား၏ဥယျာဉ်တော်ကဲ့သို့လည်းကောင်း၊ အီဂျစ်ပြည်ကဲ့သို့လည်းကောင်း ရေပေါများလျက်ရှိသည်ကိုမြင်လေ၏။ (ထိုအချိန်က သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကို ထာဝရဘုရားဖျက်ဆီးတော်မမူသေးချေ။)
ထို့ကြောင့် ထာဝရအရှင်ဘုရားသခင်သည် လူကို ဧဒင်ဥယျာဉ်ထဲမှနှင်ထုတ်၍ မြေမှဖြစ်လာသောလူကို ထိုမြေကိုပင် ထွန်ယက်လုပ်ကိုင်စေ၏။
ထိုသို့ လူကိုနှင်ထုတ်ပြီးလျှင် အသက်ပင်သို့သွားရာလမ်းကိုစောင့်ရှောက်စေရန် ခေရုဗိမ်နှင့်တကွ အဘက်ဘက်လည်နေသောမီးလျှံဓားကို ဧဒင်ဥယျာဉ်အရှေ့ဘက်၌ ထားတော်မူ၏။
ကာဣနသည် ထာဝရဘုရား၏ရှေ့တော်မှထွက်သွား၍ ဧဒင်အရပ်၏အရှေ့ဘက်၊ နောဒပြည်တွင်နေထိုင်လေ၏။
ငါ့ဘိုးဘေးတို့ဖျက်ဆီးခဲ့သောလူမျိုးများဖြစ်သည့် ဂေါဇန်လူမျိုး၊ ဟာရန်လူမျိုး၊ ရေဇပ်လူမျိုးနှင့် တေလသာမြို့ရှိ ဧဒင်လူမျိုးတို့၏ဘုရားများသည် ကယ်ခဲ့ဖူးသလော။
အကယ်စင်စစ် ထာဝရဘုရားသည် ဇိအုန်မြို့ကို နှစ်သိမ့်တော်မူမည်။ ထိုမြို့၏ပြိုပျက်ရာကို နှစ်သိမ့်တော်မူမည်။ ထိုမြို့၏တောကန္တာရအရပ်ကို ဧဒင်အရပ်ကဲ့သို့ဖြစ်စေတော်မူမည်။ ထိုမြို့၏သဲကန္တာရကို ထာဝရဘုရား၏ဥယျာဉ်ကဲ့သို့ဖြစ်စေတော်မူမည်။ ထိုမြို့၌ ရွှင်မြူးခြင်း၊ ဝမ်းမြောက်ခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်း၊ သီချင်းသီဆိုခြင်းရှိမည်။
ဟာရန်မြို့၊ ကန္နေမြို့၊ ဧဒင်မြို့မှကုန်သည်များ၊ ရှေဘပြည်၊ အဆီးရီးယားပြည်၊ ခိလမဒ်ပြည်မှကုန်သည်များသည် သင်နှင့်ကုန်သွယ်ကြ၏။
ဘုရားသခင်၏ဥယျာဉ်တော်ဧဒင်ထဲတွင် သင်နေရ၏။ သင့်ကို ပတ္တမြား၊ ဥဿဖရား၊ စိန်၊ ကျောက်မျက်ရွဲ၊ မဟူရာကြောင်ဝင်၊ နဂါးသွဲ့၊ နီလာ၊ မြ၊ ဂေါ်မုတ်နီ စသော အဖိုးတန်ကျောက်မျက်အမျိုးမျိုးတို့ဖြင့် ဆင်ယင်ထား၏။ သင်၏ပတ်သာနှင့် ပလွေကို ရွှေဖြင့်လုပ်ထား၏။ သင့်ကို ဖန်ဆင်းခဲ့သောနေ့တွင် ထိုသို့ ငါပြင်ဆင်ခဲ့ပြီ။
တွင်းထဲကျသွားသူတို့နှင့်အတူ သူ့ကိုမရဏာနိုင်ငံထဲသို့ ကျသွားစေသောအခါ သူကျသွားသောအသံကြောင့် လူမျိုးတကာတို့လည်း တုန်လှုပ်ကြ၏။ ထိုအခါ ဧဒင်ဥယျာဉ်မှ အပင်များ၊ လက်ဘနွန်တောင်မှ အကောင်းတကာ့အကောင်းဆုံးအပင်များ၊ ရေဝသောအပင်များလည်း မြေကြီးအောက်အရပ်၌ စိတ်သက်သာရာရလိမ့်မည်။
ဧဒင်ဥယျာဉ်ရှိအပင်တို့တွင် မည်သည့်အပင်သည် သင်ကဲ့သို့ ဂုဏ်သရေရှိသနည်း၊ ဘုန်းတန်ခိုးရှိသနည်း။ သို့သော် သင်သည် ဧဒင်ဥယျာဉ်ရှိအပင်များနှင့်အတူ တွင်းနက်ထဲသို့ ကျသွားရလိမ့်မည်။ ဓားဖြင့်အသတ်ခံရသောသူများနှင့်အတူ အရေဖျားလှီးခြင်းမခံသောသူများကြားတွင် သင်အိပ်ရလိမ့်မည်။ ဤကား ဖာရောမင်းကြီးနှင့်တကွ သူ၏လူတို့ကို ဆိုလိုသတည်း’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
သူတို့ရှေ့တွင် ဝါးမျိုသောမီး ရှိ၏။ သူတို့နောက်တွင် လောင်ကျွမ်းသောမီးလျှံ ရှိ၏။ ပြည်တော်သည် ယခင်က ဧဒင်ဥယျာဉ်ကဲ့သို့ဖြစ်သော်လည်း သူတို့ပေါ်လာပြီးနောက်တွင် ဆိတ်ညံသောတောကန္တာရကဲ့သို့ ဖြစ်လေပြီ။ သူတို့ဘေးရန်မှ လွတ်မြောက်သောအရာ တစ်ခုမျှမရှိ။