လာဗန်ကလည်း “သင်သည် အမှန်ပင် ငါ၏သွေးရင်းသားရင်းဖြစ်၏”ဟု ဆို၏။ ယာကုပ်သည် လာဗန်နှင့်အတူ တစ်လနေထိုင်ပြီးနောက်
ကမ္ဘာဦး 2:23 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ လူက “ယခု ဤသူသည် ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲကအသားဖြစ်၏။ သူ့ကို ယောက်ျားထဲမှထုတ်ယူသောကြောင့် မိန်းမ ဟူ၍မှည့်ခေါ်မည်”ဟု ဆိုလေ၏။ Common Language Bible လူကလည်း၊ ``ဤသူသည်ငါ့အရိုးမှအရိုး၊ငါ့အသားမှ အသားဖြစ်၏။ သူ့အားလူယောကျာ်းမှထုတ်ယူရသဖြင့် `လူမိန်းမ' ဟုမှည့်ခေါ်ရမည်'' ဟုဆို၏။ Garrad Bible လူ က လည်း ယ ခု မှ ဤ သူ သည် ငါ့ အ ရိုး ၏ အ ရိုး၊ ငါ့ အ သား ၏ အ သား ဖြစ် ၏။ လူ ယောက်ျား ထဲ မှ ထုတ် သော ကြောင့် လူ မိန်း မ ဟူ ၍ ခေါ်ဝေါ် အပ် သည် ဟု ဆို လေ ၏။ Judson Bible လူကလည်း၊ ယခု ဤသူသည် ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲကအသားဖြစ်၏။ လူထဲကထုတ်သောကြောင့် သူ့ကိုလူမိန်းမဟု ခေါ်ဝေါ်အပ်သည်ဟု ဆိုလေ၏။ |
လာဗန်ကလည်း “သင်သည် အမှန်ပင် ငါ၏သွေးရင်းသားရင်းဖြစ်၏”ဟု ဆို၏။ ယာကုပ်သည် လာဗန်နှင့်အတူ တစ်လနေထိုင်ပြီးနောက်
အာမသကိုလည်း ‘သင်သည် ငါ့အရိုးအသား ဖြစ်သည်မဟုတ်လော။ ယွာဘအစား သင့်ကို အမြဲတမ်းစစ်ဗိုလ်ချုပ်အဖြစ် ခန့်အပ်ပြီ။ ထိုသို့မပြုလျှင် ဘုရားသခင်သည် ငါ့အား ထိုထက်မကပြုတော်မူပါစေသော’ဟူ၍ ပြောကြားလော့”ဟု မှာလိုက်လေ၏။
အစ္စရေးအမျိုးအနွယ်အပေါင်းတို့သည် ဟေဗြုန်မြို့ရှိ ဒါဝိဒ်မင်းကြီးထံသို့ လာ၍ “အကျွန်ုပ်တို့သည် အရှင်၏အရိုး၊ အရှင်၏အသားများ ဖြစ်ကြပါ၏။
“ ‘သင်တို့ကို ယေရုဗ္ဗာလ၏သား အယောက်ခုနစ်ဆယ်အုပ်စိုးသည်က ပိုကောင်းသလော။ သို့မဟုတ် တစ်ဦးတည်းအုပ်စိုးသည်က ပိုကောင်းသလော’ဟူ၍ ရှေခင်မြို့သားအပေါင်းတို့အား ပြောကြားလော့။ ငါသည် သင်တို့၏သွေးရင်းသားရင်းဖြစ်သည်ကို သတိရကြပါ”ဟု ဆို၏။