ထို့နောက် ထာဝရအရှင်ဘုရားသခင်က “လူသည် တစ်ယောက်တည်းမနေကောင်း။ သူနှင့်သင့်တော်သည့် ကူညီမစသူကို သူ့အတွက် ငါဖန်ဆင်းဦးမည်”ဟု မိန့်တော်မူ၏။
ကမ္ဘာဦး 2:20 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ လူသည် ယဉ်ပါးသောတိရစ္ဆာန်အပေါင်းတို့နှင့် မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ တောရိုင်းတိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အမည်မှည့်ခေါ်လေ၏။ သို့သော် အာဒံနှင့်သင့်တော်သည့် အထောက်အမ မရှိသေးချေ။ Common Language Bible လူသည်တိရစ္ဆာန်နှင့်ငှက်အားလုံးတို့အားနာ မည်မှည့်ခေါ်သော်လည်း ၎င်းတို့အနက်မှလူ ကိုကူညီရန်သင့်တော်သောအဖော်မပေါ် မရှိ။ Garrad Bible ထို သို့ လူ သည် သား ယဉ် သား ရဲ နှင့် လေ သ တ္တ ဝါ အ ပေါင်း တို့ ကို အ မည် မှည့် လေ ၏။ သို့ သော် လည်း လူ့ အ ဖို့ တော် သော အ ထောက် အ မ မ ရ မ ရှိ သေး။ Judson Bible ထိုသို့လူသည် သားယဉ်အပေါင်းတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက် အပေါင်းတို့ကိုလည်းကောင်း၊ သားရဲအပေါင်းတို့ကိုလည်းကောင်း၊ အမည်ပေး၍မှည့်လေ၏။ သို့သော်လည်း လူနှင့်တော်သောအထောက်အမ မပေါ်မရှိသေး။ |
ထို့နောက် ထာဝရအရှင်ဘုရားသခင်က “လူသည် တစ်ယောက်တည်းမနေကောင်း။ သူနှင့်သင့်တော်သည့် ကူညီမစသူကို သူ့အတွက် ငါဖန်ဆင်းဦးမည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ထာဝရအရှင်ဘုရားသခင်သည် လူကို အိပ်မောကျစေတော်မူ၍ သူအိပ်ပျော်စဉ် သူ၏နံရိုးတစ်ချောင်းကို ထုတ်ယူပြီးလျှင် ထိုနေရာကို အသားဖြင့်ပြန်ပိတ်တော်မူ၏။