ထိုည၌လည်း သူတို့သည် မိမိတို့ဖခင်ကိုစပျစ်ဝိုင်တိုက်ပြီးလျှင် သမီးအငယ်သည်ဝင်၍ မိမိဖခင်နှင့်အိပ်လေ၏။ လောတသည် သမီးအိပ်ကြောင်းကိုလည်းကောင်း၊ ထကြောင်းကိုလည်းကောင်း မသိ။
ကမ္ဘာဦး 19:36 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ဖြင့် လောတ၏သမီးနှစ်ယောက်တို့သည် မိမိတို့ဖခင်အားဖြင့် ကိုယ်ဝန်ဆောင်လေ၏။ Common Language Bible ထိုသို့အားဖြင့်လောတ၏သမီးနှစ်ယောက်တို့သည် သူတို့၏ဖခင်နှင့်သန္ဓေစွဲကြလေသည်။- Garrad Bible ထို သို့ လော တ သ မီး နှစ် ယောက် တို့ သည် အ ဘ အား ဖြင့် သ န္ဓေ ရ ကြ သည် နှင့်၊ Judson Bible ထိုသို့လောတ၏သမီးနှစ်ယောက်တို့သည်၊ မိမိအဘအားဖြင့် ပဋိသန္ဓေစွဲနေ၏။ |
ထိုည၌လည်း သူတို့သည် မိမိတို့ဖခင်ကိုစပျစ်ဝိုင်တိုက်ပြီးလျှင် သမီးအငယ်သည်ဝင်၍ မိမိဖခင်နှင့်အိပ်လေ၏။ လောတသည် သမီးအိပ်ကြောင်းကိုလည်းကောင်း၊ ထကြောင်းကိုလည်းကောင်း မသိ။
သမီးအကြီးသည် သားကိုမွေးဖွား၍ သူ၏အမည်ကို မောဘ ဟုမှည့်ခေါ်လေ၏။ သူသည် ယနေ့တိုင်အောင် မောဘလူမျိုးတို့၏ဖခင်ဖြစ်၏။
ငါ့ထံ၌ ယောက်ျားနှင့်မဆက်ဆံသေးသော သမီးနှစ်ယောက်ရှိ၏။ သူတို့ကို သင်တို့ထံသို့ ထုတ်ပေးမည်။ သင်တို့အလိုရှိသည့်အတိုင်း သူတို့ကိုပြုကြပါ။ သို့သော် ထိုယောက်ျားတို့သည် ငါ့အိမ်မိုးအရိပ်အောက်တွင် ရောက်နေကြပြီဖြစ်၍ သူတို့ကို မည်သည့်အရာမျှမပြုကြပါနှင့်”ဟု ဆို၏။
မိမိ၏အိမ်နီးချင်းတို့ အဝတ်အချည်းစည်းဖြစ်သည်ကို ကြည့်လို၍ သူတို့အား ဒေါသစပျစ်ဝိုင်ကို ယစ်မူးအောင် သောက်စေသောသူသည် အမင်္ဂလာရှိ၏။
အကြောင်းမူကား သင်တို့စီရင်သည့်နည်းလမ်းအတိုင်း သင်တို့သည် စီရင်ခြင်းခံရ၍ သင်တို့တိုင်းတာခြင်တွယ်သည့်စံနှုန်းအတိုင်း သင်တို့အတွက် တိုင်းတာခြင်တွယ်ပေးလိမ့်မည်။
တစ်ဖန် ထာဝရဘုရားက ငါ့အား ‘မောဘကို ရန်မပြုနှင့်။ စစ်ဖြစ်အောင် သူတို့ကိုရန်မစနှင့်။ အာရအရပ်ကို လောတ၏သားမြေးတို့အား ငါအပိုင်ပေးထားပြီဖြစ်၍ သူတို့၏မြေကို သင်တို့ပိုင်ဖို့ ငါမပေး။
ထိုအခါ အဒေါနိဗေဇက်မင်းကြီးက “ငါသည် ဘုရင်အပါးခုနစ်ဆယ်တို့၏ခြေမ၊ လက်မကိုဖြတ်၍ ငါ့စားပွဲအောက်၌စားနုပ်စားပေါက်တို့ကိုကောက်စားစေခဲ့၏။ ဘုရားသခင်သည် ငါပြုခဲ့သည့်အတိုင်း ငါ့အားပြန်ပြုတော်မူပြီ”ဟု ဆိုလေ၏။ သူတို့သည် အဒေါနိဗေဇက်မင်းကြီးကို ဂျေရုဆလင်မြို့သို့ခေါ်ဆောင်သွားပြီး ထိုမြို့၌ပင် သူသေလေ၏။
သို့သော် ရှမွေလက သူ့အား “သင့်ဓားသည် မိခင်တို့ကို သားသမီးဆုံးပါးစေသကဲ့သို့ သင့်မိခင်သည်လည်း မိန်းမတို့တွင် သားသမီးဆုံးပါးသူ ဖြစ်ရမည်”ဟု ဆိုပြီး ရှမွေလသည် အာဂတ်ကို ဂိလဂါလမြို့တွင် ထာဝရဘုရားရှေ့တော်၌ အပိုင်းပိုင်းခုတ်ဖြတ်လိုက်လေ၏။