သမီးအကြီးက သမီးအငယ်အား “ငါတို့၏ဖခင်သည် အသက်ကြီးပြီ။ ကမ္ဘာမြေကြီးပေါ်ရှိလူအပေါင်းတို့၏ထုံးစံအတိုင်း ငါတို့ထံသို့ဝင်ရောက်မည့်ယောက်ျားလည်း ဤကမ္ဘာမြေကြီးပေါ်တွင်မရှိ။
သမီးအကြီးကသူ၏ညီမအား``ငါတို့၏အဖလည်းအိုပြီ။ ငါတို့မှအမျိုးဆက်ကျန်ရစ်ခဲ့စေရန် ကမ္ဘာမှာငါတို့အားထိမ်းမြားမည့်သူတစ်စုံတစ်ယောက်မျှမရှိ။-
လော က သား တို့ ဓ မ္မ တာ အ တိုင်း ငါ တို့ ထံ၀င် ရောက် အံ့ သော ယောက်ျား တယောက် မျှ မြေ ပေါ် မှာ မ ရှိ။
သမီးအကြီးက၊ ငါတို့အဘအိုပြီ။ မြေကြီးသားအပေါင်းတို့၏ ဘာသာအတိုင်း၊ ငါတို့ထံသို့ဝင်ရသော ယောက်ျားတစ်ယောက်မျှ မြေပေါ်မှာမရှိ။
ထို့ကြောင့် စာရဲက အာဗြံအား “ကြည့်ရှုလော့။ ထာဝရဘုရားသည် အကျွန်ုပ်အား သားသမီးမွေးဖွားခွင့်ပေးတော်မမူ။ အကျွန်ုပ်၏ကျွန်မထံသို့ ဝင်ပါလော့။ အကျွန်ုပ်သည် သူ့အားဖြင့် မိသားစုတစ်ခုတည်ဆောက်နိုင်ကောင်းတည်ဆောက်နိုင်လိမ့်မည်”ဟု ဆိုလျှင် အာဗြံသည်လည်း စာရဲ၏စကားကိုနားထောင်လေ၏။
အာဗြံသည်လည်း ဟာဂရထံသို့ဝင်သဖြင့် ဟာဂရသည် ကိုယ်ဝန်ဆောင်လေ၏။ ဟာဂရသည် မိမိကိုယ်ဝန်ရှိနေကြောင်းသိသောအခါ မိမိသခင်မကို မထီလေးစားပြုလေ၏။
သောဒုံမြို့နှင့်ဂေါမောရမြို့မှစ၍ မြစ်ဝှမ်းတစ်ဝှမ်းလုံးကို အပေါ်စီးမှကြည့်လေရာ ထိုအရပ်မှမီးခိုးသည် မီးပြင်းဖိုမှမီးခိုးကဲ့သို့ တက်နေသည်ကိုမြင်လေ၏။
ထို့နောက် လူသည် မိမိမယားဧဝနှင့်ဆက်ဆံသဖြင့် ဧဝသည် ကိုယ်ဝန်ဆောင်၍ ကာဣနကိုမွေးဖွားပြီးလျှင် “ငါသည် ထာဝရဘုရားထံတော်မှ သားတစ်ဦးကိုရရှိပြီ”ဟု ဆိုလေ၏။
ဘုရားသခင်၏သားတို့သည် လူ၏သမီးတို့ထံဝင်၍ ကလေးများကိုရကြသောကာလနှင့် ထိုကာလ၏နောက်ပိုင်း၌ မြေကြီးပေါ်တွင် ဧရာမလူများရှိကြ၏။ ထိုသူတို့သည် ရှေးခေတ်လူစွမ်းကောင်းများ၊ နာမည်ကျော်စောသူများဖြစ်ကြ၏။
ထိုနေ့ရက်၌ မိန်းမခုနစ်ယောက်သည် ယောက်ျားတစ်ယောက်ကိုဖမ်းဆွဲလျက် “ကျွန်မတို့သည် ကိုယ့်အစာကိုယ်စားပါမည်။ ကိုယ့်အဝတ်ကိုယ်ဝတ်ပါမည်။ ကျွန်မတို့ ကဲ့ရဲ့ပြစ်တင်ခြင်းမခံရစေရန် ကျွန်မတို့ကို သင့်နာမည်ဖြင့်ခေါ်သောအခွင့်ကိုသာ ပြုပါ”ဟု ဆိုကြလိမ့်မည်။
သူတို့သည် အလွန်ကြောက်ရွံ့ကြသဖြင့် ပေတရုသည် မည်သို့လျှောက်ရမည်ကိုမသိသောကြောင့် ထိုသို့လျှောက်ထားခြင်းဖြစ်၏။
အတူနေထိုင်သောညီအစ်ကိုတို့ထဲမှ တစ်ယောက်သည် သားမရှိဘဲ သေဆုံးခဲ့လျှင် သေဆုံးသူ၏မယားသည် အပြင်သူစိမ်းယောက်ျားနှင့် မစုံဖက်ရ။ သူ့ယောက်ျား၏ညီသည် သူ့ထံသို့ဝင်၍ သူနှင့်စုံဖက်ရမည်။ သူ့အပေါ်၌ မတ်တစ်ယောက်၏တာဝန်ကိုယူရမည်။